သက်သက်ခိုင်

ဝီကီပီးဒီးယား မှ
ဒေါက်တာ

သက်သက်ခိုင်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူဦးအောင်သော်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၄ ဖေဖော်ဝါရီ ၂၀၂၁[၁] – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒေါက်တာဝင်းမြတ်အေး
ဆက်ခံသူဒေါက်တာ စိုးဝင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်ဒဂုံမြို့နယ်
အနိုင်ရမဲ အရေအတွက်၈၄၃၁ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1967-08-19) ၁၉ ဩဂုတ်၊ ၁၉၆၇ (အသက် ၅၆)
မိုးကုတ်မြို့
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၀၁၄–၁၉) ပြည်သူ့ရှေ့ဆောင်ပါတီ (၂၀၁၉–လက်ရှိ)
ကြင်ဖော်(များ)ဒေါက်တာအောင်ကျော်ဝင်း
သားသမီးသက်ရတနာကျော်ဝင်း
မိဘဦးခင်မောင်သိန်း
ဒေါ်ခင်မြမြ
ဆွေမျိုးသားချင်းထွန်းအိန္ဒြာဗို
ပညာရေးPhD
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
ရန်ကုန်စီးပွားရေးတက္ကသိုလ်
နန့်ယန်းစီးပွားရေးကျောင်း
Walden University
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • ဆရာဝန်
  • စီးပွားရေးလုပ်ငန်းရှင်

ဒေါက်တာသက်သက်ခိုင် (၁၉ ဩဂုတ် ၁၉၆၇ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ဆရာဝန်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ဒဂုံမြို့နယ်မှ ဝင်ရောက်အရွေးခံခဲ့သော လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။[၂]သူမသည် ရွှေငွေကျောက်မျက်ရတနာကုမ္ပဏီများ ပိုင်ဆိုင်သော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။[၃][၄] ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) မှာ ဒေါက်တာသက်သက်ခိုင် တည်ထောင်သူအဖြစ်ပါဝင်သည့် ပါတီလည်းဖြစ်သည်။[၅]သူမသည် ဒေါက်တာအောင်ကျော်ဝင်း နှင့် ၁၉၉၄ ခုနှစ် ဧပြီလ ၃ ရက်နေ့ တွင် လက်ထပ်ခဲ့သည်။

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါက်တာသက်သက်ခိုင်ကို မိုးကုတ်မြို့၌ ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မန္တလေးဆေးတက္ကသိုလ် သို့တက်ရောက်ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ၁၉၉၀ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ကျောက်မျက်ရတနာ လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

သက်သက်ခိုင်သည် စီးပွားစီမံမဟာဘွဲ့ (Master of Business Administration) ကို ရန်ကုန်တက္ကသိုလ်မှလည်းကောင်း နန့်ယန်းတက္ကသိုလ်မှလည်းကောင်း ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားမြို့၌ အခြေစိုက်သည့် အငြင်းပွားဖွယ် အွန်လိုင်းဖြင့်လည်ပတ်သော အကျိုးမြတ်ရယူ၍ဘွဲ့ပေးသော ဝေါ့လ်ဒန်တက္ကသိုလ်မှ ပြည်သူ့စီမံနှင့် ခေါင်းဆောင်မှုဘာသာရပ် (Public Management and Leadership) ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။[၆][၇]

နိုင်ငံရေး

၂၀၁၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် နိုင်ငံရေးလောက သို့ စတင်ဝင်ရောက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ အနိုင်ရပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သည်။ စတင်ဝင်ရောက်စဉ်ကပင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ကို စဉ်ဆက်မပြတ်ဆွေးနွေးခဲ့သည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲရေးရာများ ကျွမ်းကျင်သောကြောင့် အုပ်ချုပ်ရေးကဏ္ဍတွင် ရာထူးပေးခံရမည်ဟု အထူးရေပန်းစားခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ကိုင်ဆောင်ရွက်မှုများကို လူသိရှင်ကြားဝေဖန်မှုများကြောင့် ပါတီတွင်း တာဝန်များ ရပ်ဆိုင်းခံခဲ့ရသည်။

၂၀၁၆ တွင် သက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆောက်အဦဆိုင်ရာစည်းမျဉ်းများကို လိုက်နာမှုမရှိသည့် အထပ်မြင့်ဆောက်လုပ်ရေး လုပ်ငန်းအခု (၂၀၀) ကျော်ကို ရပ်ဆိုင်းသည့်ကြေညာချက်ကို ဝေဖန်ခဲ့၏ ။[၈][၉] သက်သက်ခိုင်ကိုယ်တိုင်သည် ဗဟန်းမြို့နယ်ရှိ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။[၈][၉][၁၀]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထွက်လာပြီးနောက် ၂၀၁၉ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သည်။၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဲဆန္ဒနယ်၏ ၇.၀၃ရာခိုင်နှုန်းဖြစ်သော ၄၉၃၄မဲသာ[၁၁] ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်မေဝင်းမြင့်အား ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ဖွဲ့စည်းသော စစ်အစိုးရအဖွဲ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာသည်။

ထိုဝန်ကြီးရာထူးရယူမှုအား အကြီးအကျယ်ဝေဖန်ခံခဲ့ရ၍ စစ်ကောင်စီ၏တောင်းဆိုမှုကို ဆောင်ရွက်သည့်အတွက် သာကူး (turncoat) တစ်ဦးအဖြစ် ပုံရိပ်ကို ပိုမိုထင်ဟပ်စေခဲ့သည်။[၁၂][၁၃] မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများက တုံ့ပြန်သည့်အနေဖြင့် သူမ၏ ကျောက်မျက်ရတနာလုပ်ငန်းများကို အများပြည်သူက ဝယ်ယူခြင်းမရှိစေရန် တောင်းဆိုခဲ့ကြ၏ ။[၁၂][၁၃] သူမသည် ၂၀၂၃ ဩဂုတ် ၃ရက်တွင်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရသည်။[၁၄]

အငြင်းပွားဖွယ်ရာများ

သက်သက်ခိုင်သည် ၎င်းတို့၏ ပြည်သူ့ရှေ့ဆောင်ပါတီတွင် အမျိုးသားရေးအစွန်းရောက်အဖွဲ့ဝင်များကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်ရွေးချယ်မှုများအပြင် အမျိုးသားရေးအစွန်းရောက်ဝါဒီ ဝီရသူ (မစိုးရိမ်) ဦးဆောင်သည့် မဘသအဖွဲ့နှင့် ရင်းနှီးသည့်ဆက်ဆံရေးများကြောင့် အငြင်းပွားဖွယ်များဖြစ်ခဲ့ပေသည်။[၁၅][၁၆] သူမ၏ပါတီတွင် မဘသအဖွဲ့ဝင် အနည်းဆုံး ဆယ်ဦးခန့်ရှိသည်ဟုဆိုသည်။[၁၇]

မှတ်ပုံတင်ထားသော ပါတီ (၉၅) ခုမှ ပါတီ (၃၄) ခုက မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတွက် အငြင်းပွားဖွယ်တွေ့ဆုံရာတွင်လည်း သက်သက်ခိုင်သည် ပါဝင်ခဲ့၏ ။[၁၈]

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု မရှိကြောင်းကိုလည်း ငြင်းဆိုခဲ့ကာ[၁၉] စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုမှု၊ စစ်တပ်ကိုထောက်ခံမှု စသည်တို့အပေါ်၌ ဝေဖန်ခြင်းခံရသည်။[၁၉][၂၀]

၂၀၂၀ ဩဂုတ်လ၌ ထွက်ပေါ်ခဲ့သော အဆိုတော်ယုန်လေး၏ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရာတွင် စစ်တပ်က ကယ်တင်ရှင်လုပ်သည့် ဂီတဗီဒီယိုအပေါ် အများပြည်သူက ဝေဖန်ရှုတ်ချသော်လည်း သက်သက်ခိုင်က ချီးကျူးထောမနာပြုခဲ့သည့်အတွက် ထပ်မံဝေဖန်ခံရပြန်သည်။[၂၁][၂၂] ထိုဗီဒီယိုသည် စစ်တပ်ဝါဒဖြန့်ပုံစံတစ်ခုအဖြစ် အလွန်တရာဝေဖန်ခံခဲ့ရကာ စစ်တပ်နှင့် စစ်တပ်ကျောထောက်ဖြစ်သော ကြံ့ခိုင်ရေးပါတီနှင့် ဆက်စပ်သော ဆိုရှယ်မီဒီယာစာမျက်နှာများက အားပေးအားမြှောက် မြှင့်တင်ပေးခဲ့ကြသည်။[၂၃][၂၄][၂၅] အဆိုပါဗီဒီယိုနှင့်ပတ်သက်၍ သက်သက်ခိုင်က ယုန်လေး၏ အားထုတ်မှုများကို လေးစားကြောင်းနှင့် ၎င်းကိုကျေးဇူးတင်ကြောင်းလည်း ဆိုခဲ့၏ ။[၂၁]

ကိုးကား

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၂၅ / ၂၀၂၁) (4 February 2021)။
  2. Aung Shin။ "NLD candidate and businesswoman: ‘It’s very hard to change old habits’"၊ The Myanmar Times၊ 9 October 2015။ Archived from the original on 18 July 2020။ 
  3. "The Leaderboard: Thet Thet Khine"၊ Center for Strategic and International Studies၊ 6 December 2015။ Archived from the original on 18 July 2020။ 
  4. Mp Profile (in my)။ Pyithu Hluttaw။ 5 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2018 တွင် ပြန်စစ်ပြီး။
  5. ပါတီမှ ထွက်ခွင့်ရပြီးနောက် ပါတီသစ်ဖြင့် နိုင်ငံရေးဆက်လုပ်မည်ဟု NLD အမတ်ဆို | Myanmar NOW
  6. Anna Schecter။ "Student Sues Walden University: 'I Wasted Six Years of My Life'"၊ NBC News၊ 2 December 2016။ 
  7. cogitASIA Staff။ "The Leaderboard: Thet Thet Khine"၊ CogitASIA၊ 6 December 2015။ 
  8. ၈.၀ ၈.၁ Htun Khaing။ "The big high rise freeze"၊ Frontier Myanmar၊ 18 August 2016။ 
  9. ၉.၀ ၉.၁ San Yamin Aung။ "Lawmaker and Real Estate Developer Condemns Suspended High-Rise Construction"၊ The Irrawaddy၊ 27 July 2016။ 
  10. "68 Residence to Inspire 'New Standard' of Luxury Living in Yangon"၊ Myanmar Business Today၊ 12 July 2014။ 
  11. "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ" (in Burmese)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ Archived from the original on 18 June 2022။ 
  12. ၁၂.၀ ၁၂.၁ NLD 'Turncoat' Criticized After Being Named to Myanmar Military Regime's Cabinet (in en-US) (5 February 2021)။ 8 February 2021 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ Staff၊ Reuters။ "Former Suu Kyi ally says no betrayal in taking Myanmar junta job" (in en)၊ Reuters၊ 5 February 2021။ 
  14. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. Phyo Thiha Cho။ "PPP chair Thet Thet Khine faces landslide defeat"၊ Myanmar Now၊ 9 November 2020။ 
  16. Khin Moh Moh Lwin။ "People's Pioneer Party hides hardline nationalist politics beneath progressive veneer"၊ Myanmar Now၊ 17 September 2020။ 
  17. Khin Moh Moh Lwin and Thaw Zin Myo။ "The PPP, a party of NLD defectors, military men, and ultranationalists"၊ Myanmar Now၊ 4 November 2020။ 
  18. Nyein Nyein။ "Dozens of Myanmar Political Parties Seek Assurances From Military Chief Over Election Concerns"၊ The Irrawaddy၊ 15 August 2020။ 
  19. ၁၉.၀ ၁၉.၁ AFP။ "Ousted and outspoken: the lady taking on The Lady in Myanmar"၊ Bangkok Post၊ 21 September 2020။ 
  20. Thompson Chau, John Liu and Kyaw Soe Htet။ "Thet Thet Khine slams Suu Kyi's leadership on economy"၊ Myanmar Times၊ 19 October 2020။ 29 April 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 29 April 2021။ 
  21. ၂၁.၀ ၂၁.၁ Wunna Aung။ "အဆိုတော်ယုန်လေး၏ သီချင်းရုပ်သံဖန်တီးမှုကို ကျေးဇူးတင်၊ လေးစားကြောင်း ဒေါ်သက်သက်ခိုင်ပြော" (in my)၊ 7Day News၊ 17 August 2020။ 
  22. Aung Thiha။ "Myanmar Ministry to Probe Whether Pro-Army Video Was Shot in Violation of COVID-19 Ban"၊ The Irrawaddy၊ 6 August 2020။ 
  23. Min Pyae Sone။ "A walkthrough of the hottest new music video in town"၊ Myanmar Mix၊ 5 August 2020။ 
  24. Nadi။ "Music video with controversial message gets slammed by netizens"၊ Myanmar Times၊ 6 August 2020။ 29 April 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 29 April 2021။ 
  25. Sandar Nyan။ "ယုန်လေး၏ သီချင်းဗီဒီယိုကို Facebook စာမျက်နှာငါးခုက တစ်ပြိုင်နက်တင်ခဲ့" (in my)၊ Myanmar Now၊ 6 August 2020။