မာတိကာသို့ ခုန်သွားရန်

သာဌေး

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးကြီး (ငြိမ်း)
တရားသူကြီးချုပ်

သာဌေး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
ဧပြီ ၂၀၂၆
သမ္မတမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူထွန်းထွန်းဦး
ဆက်ခံသူကိုယ်တိုင်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၄ မတ် ၂၀၂၂  ၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူသန်းကျော်
ဆက်ခံသူအောင်ဇော်သိန်း
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၁၃ မတ် ၂၀၂၂
ခန့်အပ်သူသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
သွေးသားတော်စပ်သူသာအေး
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်​ရှေ့​နေ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၄-၂၀၁၀
ရာထူးဗိုလ်မှူးကြီး

ဦးသာဌေး (၁၉၅၈ မွေးဖွား) သည် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာသည့် လက်ရှိ ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ် ဖြစ်သည်။[] ၎င်းသည် နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလ ၂၀၂၃ ဩဂုတ် ၃ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ဦးမင်းအောင်လှိုင်အစိုးရလက်ထက်တွင်လည်း ဆက်လက်ခန့်ထားခံရသူဖြစ်သည်။

ပညာသင်ဘဝ

[ပြင်ဆင်ရန်]

၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ (LL.B) ကိုရရှိခဲ့သည်။ ယင်းဘွဲ့ကို စာပေးစာယူသင်တန်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဥပဒေဘွဲ့ရရှိပြီးနောက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ တဆင့် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ဗိုလ်မှူးကြီးအဆင့်ဖြင့် ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးမှ အငြိမ်းစားယူခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ ထိုတာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၉ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် တွင် အဆိုတင်သွင်းခံရမှုအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဖြစ်လာသည်။[]ထိုတာဝန်ကို ၂၀၁၁ မတ်လ ၃၀ ရက်မှ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ []

၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်းခံရသည်။[]

တရားသူကြီးချုပ်တာဝန်

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။

၂၀၂၆ ခုနှစ်၊ဧပြီ ၆ ရက် တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ဦးသာဌေးကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဆက်လက်ပြီး အဆိုပြုတင်ပြခဲ့သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဦးသာဌေး သည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။ ၎င်း၏ အကိုမှာ  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းလည်းဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် ဦးသာအေး ဖြစ်သည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ၊ မတ်လ  ၂၇  ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ အပါအဝင် ဒုတိယဝန်ကြီးအချို့ ခန့်အပ် Eleven Media (၃ ဩဂုတ်၂၀၂၃)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး ကရင်ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေး အရာရှိများနှင့် တွေ့ဆုံ Myanmar Digital News (၃ မေ ၂၀၁၉)။ 5 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ The Supreme Court of The Union of Myanmar 5 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေး MWD Webportal (၁၄ မတ် ၂၀၂၂)။ ၅ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း NPE။ 2 August 2025 တွင် ပြန်စစ်ပြီး။