သာဌေး

ဝီကီပီးဒီးယား မှ
သာဌေး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးထွန်းထွန်းဦး (တရားသူကြီးချုပ်)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၄ မတ် ၂၀၂၂ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဦးသန်းကျော်
ဆက်ခံသူဦးအောင်ဇော်သိန်း
ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၁၃ မတ် ၂၀၂၂
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်​ရှေ့​နေ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူးကြီး
Commands၁၉၈၄-၂၀၁၀

ဦးသာဌေး (၁၉၅၈ မွေးဖွား) သည် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်သည်။[၁] ၎င်းကို နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလ ၂၀၂၃ ဩဂုတ် ၃ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ် သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာသည့် ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ် လည်းဖြစ်သည်။

ပညာသင်ဘဝ[ပြင်ဆင်ရန်]

၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ (LL.B) ကိုရရှိခဲ့သည်။ယင်းဘွဲ့ကို စာပေးစာယူသင်တန်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ဥပဒေဘွဲ့ရရှိပြီးနောက် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းမှ တဆင့် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ယင်းနောက် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ဗိုလ်မှူးကြီးအဆင့်ဖြင့် ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။သူသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးမှ အငြိမ်းစားယူခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ထိုတာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၉ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် တွင် အဆိုတင်သွင်းခံရမှုအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဖြစ်လာသည်။[၂]ထိုတာဝန်ကို ၂၀၁၁ မတ်လ ၃၀ရက်မှ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ [၃]၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်းခံရသည်။[၄]

တရားသူကြီးချုပ်တာဝန်[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ်ခန့်အပ်သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ဦးသာဌေး သည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။၎င်း၏ အကိုမှာ  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းလည်းဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် ဦးသာအေး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ အပါအဝင် ဒုတိယဝန်ကြီးအချို့ ခန့်အပ်Eleven Media (၃ ဩဂုတ်၂၀၂၃)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး ကရင်ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေး အရာရှိများနှင့် တွေ့ဆုံMyanmar Digital News (၃ မေ ၂၀၁၉)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများThe Supreme Court of The Union of Myanmar။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးMWD Webportal (၁၄ မတ် ၂၀၂၂)။ ၅ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။