လွင်ဦး
ဗိုလ်ချုပ် (ငြိမ်း) စည်သူ၊ ဦး လွင်ဦး | |
|---|---|
| အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ သမ္မတ (တာဝန်)) |
| ဝန်ကြီးချုပ် | ဦးညိုစော |
| ယခင်လူ | စစ်အေး |
| နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၂၅ စက်တင်ဘာ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး | |
| တာဝန်သက်တမ်း ၁၇ ဇူလိုင် ၂၀၂၁ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
| ယခင်လူ | ဦးကိုကိုရှိန် [၁] |
| ဆက်ခံသူ | ဦးသစ်လင်းအုန်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၃၁ ဇန်နဝါရီ၊ ၁၉၆၁ |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါ်မြင့်သန္တာ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် အမှတ်စဉ်(၂၄) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၁-၂၀၁၅ |
| ရာထူး | ဗိုလ်ချုပ်၊ စစ်ဦးစီးအရာရှိချုပ်(လေ) |
ဦးလွင်ဦး ( ၃၁ ဇန်နဝါရီ ၁၉၆၁ဖွား) သည် တပ်မတော်သားနှင့် ဝါရင့်သံတမန်တစ်ဦးဖြစ်သည်။ လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်သည်။ ယင်းမတိုင်မီက နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး နှင့်[၂] ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ [၃]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၂၄) ဆင်း တပ်မတော်သားတစ်ဦးဖြစ်သည်။ တပ်မတော်(လေ) တွင် ၂၀၁၅ ခုနှစ် အထိ စစ်မှုထမ်းသည်။ သူ နောက်ဆုံး ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ်(လေ) တာဝန် ဖြစ်သည်။
စစ်မှုထမ်းကာလထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၁၅ ကိုးကန့်စစ်ပွဲ အတွင်း[၄] တပ်မတော်လေ ၏ လေကြောင်းတိုက်ခိုက်မှုက တစ်ဖက် တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျည်အချို့ နှင့် ဗုံးဆံ အချို့ ၂ကြိမ်ထပ်မနည်း ကျရောက် ပေါက်ကွဲခဲ့သည်။ [၅] ယင်းကိစ္စနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံက နယ်စပ်တွင် စစ်ရေးလေ့ကျင့်သည်အထိ ဖိအားပေးရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ၎င်းအား တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ပြီး စစ်ဦးစီးအရာရှိချုပ်(လေ)ရာထူးမှ ဖယ်ရှားသည်။ [၆]
သံအမတ်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၁၅ ဇွန်လ နှောင်းပိုင်းတွင် တပ်မတော်(လေ) မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီး အဆင့် ဖြင့် ကူးပြောင်းလာသည်။ ထိုသို့ ကူးပြောင်းပြီး များမကြာမီ နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်သည်။ [၇]၂၀၁၇ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာသံအမတ်ကြီး အဖြစ်သို့ လည်းကောင်း ၊၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း [၈] [၉]၊၂၀၂၁ခုနှစ် ဇူလိုင် ၁၇ရက်နေ့ တွင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ရက်နေ့တွင် ကာဇက်စတန်သမ္မတနိုင်ငံ နှင့် ဘယ်လာရုစ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် [၁၀] လည်းကောင်း အစရှိသည်ဖြင့် တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဒုတိယဝန်ကြီးဖြစ်လာပုံ
[ပြင်ဆင်ရန်]သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း စာထုတ်သည်။[၁၁] ထိုအချိန်တွင် သူသည် ရုရှားနိုင်ငံ မှာပင် မြန်မာသံအမတ်ကြီး အဖြစ် ရှိနေသေးသည်။သူသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက် တွင် နိုင်ငံဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစားယူပြီး[၁၂] ထိုနောက်ပိုင်းကာလမှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တရားဝင် ထမ်းဆောင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံခြားရေးဒုဝန်ကြီး အဖြစ်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပြောင်းလဲ ပေးအပ်ခံရသည်။[၁၃]
မိသားစုဘဝ
[ပြင်ဆင်ရန်]၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်မြင့်သန္တာ ဖြစ်သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စီမံထူးချွန်တံဆိပ် (ပထမဆင့်) ကို ချီးမြှင့်ခဲ့သည်။ [၁၄]
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန်ကြော်ငြာစာ အမှတ် ၆၂/၂၀၂၂ အရ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦး (ငြိမ်း) အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Chronology of Ambassadors served in Myanmar Embassy, Moscow။ Embassy of the Republic of the Union of Myanmar, Moscow (Russia)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Myanmar reiterates commitment to maintain stability, order along border with China။ Xinhua (7 November 2023)။ 24 November 2023 တွင် ပြန်စစ်ပြီး။
- ↑ Ceremony for presenting foreign ambassadors’ letters of credence။ The Kremlin, Moscow (1 December 2021)။ 24 November 2023 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့် တိုက်ပွဲ ပြင်းထန်။ VOA Burmese (၉ ဧပြီ ၂၀၁၅)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာစစ်ဦးစီးအရာရှိချုပ် ( လေ) ရာထူးဖယ်ရှားခံရ။ VOA Burmese (၃၀ ဇွန် ၂၀၁၅)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ်လွင်ဦး ဖယ်ရှား ခံရ။ BBC Burmese (၃၀ ဇွန် ၂၀၁၅)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Ambassador call on Minister for Foreign Affairs of Nepal။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးကတ္တမန္ဒူးမြို့ (၂၅ အောက်တိုဘာ ၂၀၁၆)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ President Rodrigo Roa Duterte poses for posterity with Resident Ambassador-Designate of the Union of Myanmar to the Philippines U Lwin Oo။ Office of the president of the Philippines (4 December 2019)။ 24 November 2023 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၏သံအမတ်ကြီးခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားအောင်မြင်စွာပြီးမြောက်ခြင်း။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊မနီလာမြို့ (၄ ဒီဇင်ဘာ ၂၀၁၉)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ U Lwin Oo concurrently accredited as Ambassador of Myanmar to the Republic of Belarus။ MYANMAR NATIONAL PORTAL (22 April 2022)။ 24 November 2023 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာ ၆၁၂ /၂၀၂၃။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၄၆) ပြန်တမ်းစာစောင် (၁၉ အောက်တိုဘာ ၂၀၂၃)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ NPE။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း။ sacoffice.gov (၁၇ ဧပြီ ၂၀၂၂)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။