သီတာဦး
ဒေါက်တာ သီတာဦး | |
|---|---|
| ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၀ ဩဂုတ် ၂၀၂၁ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| လက်ထောက် | ဦးစန်းလွင် (၃၀ ဩဂုတ် ၂၀၂၁ - ၁၂ အောက်တိုဘာ ၂၀၂၂)[၁] [၂] ဒေါက်တာ ထိန်လင်းဦး (၃ ဩဂုတ် ၂၀၂၃ - လက်ရှိ) |
| ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညိုစော |
| ယခင်လူ | ရာထူးစတင် |
| ၂၁ ဦးမြောက် ပြည်ထောင်စုရှေ့နေချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| လက်ထောက် | ဦးစန်းလွင် (၃၀ ဩဂုတ် ၂၀၂၁ - ၁၂ အောက်တိုဘာ ၂၀၂၂) ဒေါက်တာ ထိန်လင်းဦး (၃ ဩဂုတ် ၂၀၂၃ - လက်ရှိ) |
| ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ထွန်းထွန်းဦး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၇ နိုဝင်ဘာ ၁၉၆၄
(အသက် ၆၁) ရန်ကုန်မြို့ |
| လူမျိုး | မြန်မာ |
| သားသမီး | မင်းရဲမြတ်ဘုန်းခိုင် |
| အစိုးရအဖွဲ့ | မင်းအောင်လှိုင်အစိုးရ ဦးညိုစောအစိုးရ |
ဒေါ်သီတာဦး (၂၇ နိုဝင်ဘာ ၁၉၆၄ မွေးဖွား[၃]) သည် မြန်မာနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာန၏ လက်ရှိ ဝန်ကြီး နှင့် ၂၁ ဦးမြောက်ပြည်ထောင်စုရှေ့နေချုပ် ဖြစ်သည်။ ပြည်ထောင်စုရှေ့နေချုပ် ရာထူးကို တာဝန်ယူသူ ပထမဆုံး အမျိုးသမီး ဖြစ်လာသည်။
ရှေ့နေချုပ်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းခဲ့ရာ၊ နစက အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် ဒေါက်တာ သီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ [၄][၅]
အဆိုပါရာထူးတွင် ခန့်အပ်ခြင်းမခံရမီက ဒေါ်သီတာဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး
[ပြင်ဆင်ရန်]၂၀၂၁ ဩဂုတ် ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအသစ်ဖွဲ့စည်းထားသော ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ရာထူးကို ပူးတွဲထမ်းဆောင်စေခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဩစတြေးလျနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်သော မင်းရဲမြတ်ဘုန်းခိုင်မှာ ဒေါ်သီတာဦး၏ သားဖြစ်သည်။[၆][၇]
ပိတ်ဆို့ခံရမှုများ
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်သီတာဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။[၈] ယူကေနှင့် ကနေဒါတို့ကလည်း အလားတူ ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။[၉][၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၀ ဩဂုတ် ၂၀၂၁)။ ၁၃ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ဒုတိယရှေ့နေချုပ် ဦးစန်းလွင် ကွယ်လွန်။ Yangon Media Group (၁၂ အောက်တိုဘာ ၂၀၂၂)။ ၁၃ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Burma-related Designations; Counter Terrorism Designation Removal (in en)။ 2022-08-04 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military appoints additions to key personnel (2021-02-02)။ 4 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-04 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၁/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း။ Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "Outed by online campaign, children of Myanmar junta hounded abroad" (in en)၊ Reuters၊ 2021-03-19။
- ↑ Children of the junta: the relatives of Myanmar’s military regime living in Australia (in en) (2021-05-07)။ 2022-08-04 တွင် ပြန်စစ်ပြီး။
- ↑ Burma-related Designations; Counter Terrorism Designation Removal (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။
- ↑ UK announces new sanctions against Myanmar ahead of 1-year anniversary of coup (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။
- ↑ US, UK, Canada sanction top Myanmar justice officials (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။