အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၃

ဝီကီပီးဒီးယား မှ
မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၃

← ၂၀၂၀ (ပယ်ဖျက်) ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း
 
ဦးဆောင်သူ ဦးခင်ရီ သာထွန်းလှ
ပါတီ USDP ANP
စတင် ဦးဆောင်ချိန် ၅ အောက်တိုဘာ ၂၀၂၂
နောက်ဆုံး ရွေးကောက်ပွဲ ၂၆ (ပြည်သူ့) / ၇ (အမျိုးသား) ပြည်သူ့ / ၄ (အမျိုးသား)

တာဝန်ထမ်းဆောင်ဆဲ သမ္မတ

ဦးမြင့်ဆွေ (ယာယီ)
USDP



ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လရှိ ရက်တစ်ရက်တွင် ကျင်းပမည်ဟု မျှော်လင့်ရသည်။ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ယခင်မဲပေးစနစ် အနိုင်ရသူ အကုန်ယူစနစ်ကို အသုံးမပြုဘဲ အချိုးကျ ကိုယ်စားပြုစနစ်ကို အသုံးပြုမည်ဖြစ်သည်။[၁]

​နောက်ခံသမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က တိုင်းပြည်ကို အရေးပေါ်အခြေအနေ[၂]အဖြစ် အုပ်ချုပ်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နှစ်နှစ်တာ အမြင့်ဆုံးကာလကို အုပ်ချုပ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ပြီးဆုံးချိန်မှ ခြောက်လထက် နောက်မကျစေဘဲ ရွေးကောက်ပွဲကို ကျင်းပရန် လိုအပ်ပြီး အာဏာသိမ်းပြီးနောက် ၂ နှစ်နှင့် ခြောက်လအကြာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် တပ်မတော်က ကတိပြုထားသည်။ [၃][၄] ဤရွေးကောက်ပွဲတွင် တပ်မတော်သည် ၎င်း၏ သက်တမ်းတိုးအုပ်ချုပ်မှုအတွက် တရားဝင်မှုကို ရှာဖွေရန် မျှော်လင့်ထားသောကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်နိုင်ရန် များသည်။[၅]

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပိုမိုအသာစီးရစေနိုင်သော အနိုင်ရသူ အကုန်ယူစနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲထားသည့် ရွေးကောက်ပွဲဥပဒေသစ်ကို ပြသခဲ့သည်။[၆] ယခင်ရှိထားသော တပ်မတော်သား ၂၅% အပြင် လေးပုံတစ်ပုံအနိုင်ရရုံဖြင့် အစိုးရဖွဲ့စေနိုင်ရန် ပြင်ဆင်ထားသည်။[၇][၈][၉][၁၀][၁၁][၁၂][၁၃][၁၄][၁၅] ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[၁၆]ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ထံသို့ အီလက်ထရောနစ်မဲပေးစက်ဖြစ်သော Myanmar Electronic Voting Machine (MEVM) ကို လာရောက်ပြသခဲ့သည်။[၁၇]

အာဏာသိမ်းပြီးနောက် ဖယ်ရှားခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဥပဒေသစ်အရ မှတ်ပုံမတင်ခဲ့ခြင်းကြောင့် ပါတီအား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။[၁၈][၁၉] ဒုတိယမြောက် အတိုက်အခံပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖျက်သိမ်းကြောင်း အလားတူ ကြေညာခဲ့သည်။[၂၀][၂၁]စစ်တပ်​​နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီအား ဧပြီ (၂၀)ရက်​နေ့တွင် အမှတ်စဉ်(၁)ဖြင့် နိုင်ငံ​ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

ရွေးကောက်ပွဲအား ၂၀၂၃ခုနှစ် ဩဂုတ်လတွင် ကျင်းပသွားရန်​ပြောကြားထား​သော်လည်း ၂၀၂၃ခုနှစ် ဇူလိုင်လအထိ ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာခြင်းမရှိသေးပေ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ခြိမ်းခြောက်၊ ဖိအားပေးမှုများမှကင်းပြီး လွတ်လပ်စွာမဲပေးနိုင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။[၂၂]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.bnionline.net/mm/news-92645
  2. https://www.bloomberg.com/news/articles/2022-07-31/myanmar-extends-state-of-emergency-for-six-months-until-february
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 15 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2022 တွင် ပြန်စစ်ပြီး။
  4. https://www.aljazeera.com/news/2021/8/1/min-aung-hlaing-promises-myanmar-multi-party-elections-2023
  5. https://asia.nikkei.com/Spotlight/Myanmar-Crisis/Myanmar-military-prepares-for-election-in-bid-for-legitimacy
  6. A Road to Nowhere: The Myanmar Regime’s Stage-managed Elections (in en) (2023-03-28)။ 2023-03-29 တွင် ပြန်စစ်ပြီး။
  7. "Myanmar junta promises elections by 2023"၊ Deutsche Welle၊ 1 August 2021။ 
  8. "Min Aung Hlaing says no Myanmar elections until 2023"၊ 1 Aug 2021။ 
  9. "Myanmar military prepares for election in bid for legitimacy"၊ Nikkei Asia၊ 23 July 2022။ 
  10. "Myanmar Extends State of Emergency For Six Months Until February"၊ Bloomberg၊ 31 July 2022။ 
  11. "Myanmar’s Military Junta Takes Step Toward Controversial Election"၊ The Diplomat၊ 5 January 2023။ 
  12. "Myanmar military announces strict new election law ahead of polls"၊ Al Jazeera၊ 27 January 2023။ 
  13. "Myanmar army set to cement rule with tough new election criteria"၊ Reuters၊ 27 January 2022။ 
  14. "Myanmar military rulers extend state of emergency by six months"၊ Al Jazeera၊ 1 February 2023။ 
  15. "Myanmar junta extends state of emergency, effectively delaying polls"၊ Agence France-PresseYangon: France24၊ 1 February 2023။ 
  16. နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်
  17. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Machine (MEVM) တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ
  18. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NLD registration
  19. "Aung San Suu Kyi’s National League for Democracy party dissolved"၊ The Guardian၊ 28 March 2023။ 
  20. Shan prominent party decides not to register for junta’s election (in en)။ 2023-03-20 တွင် ပြန်စစ်ပြီး။
  21. "‘We Agree the Law is Unfair’: SNLD"၊ The Irrawaddy၊ 1 February 2023။ 
  22. အရေးပေါ်ကာလ သက်တမ်းတိုး၊မတိုး ကာလုံ မှာ ဆုံးဖြတ်မယ် လို့ စစ်ကောင်စီပြော