မာတိကာသို့ ခုန်သွားရန်

ထွန်းအုံ

ဝီကီပီးဒီးယား မှ
ဗိုလ်မှူး (ငြိမ်း)
သီရိပျံချီ၊ ဦး

ထွန်းအုံ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄)
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဝန်ကြီးချုပ်ညိုစော
ယခင်လူအောင်ဆန်းစုကြည်
(ယခင်သမ္မတရုံးဝန်ကြီးအဖြစ်)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂၅ စက်တင်ဘာ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးအောင်နိုင်ဦး
ဆက်ခံသူဦးချစ်ဆွေ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂ မေ ၂၀၂၂  ၂၅ စက်တင်ဘာ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂၃ ဧပြီ ၂၀၂၁  ၂ မေ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
ပြင်ဦးလွင်မြို့နယ်မန္တလေးတိုင်းဒေသကြီး
လူမျိုးမြန်မာ
ဆုတံဆိပ်များသီရိပျံချီဘွဲ့ (၂၀၂၅)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၃-၂၀၀၇
ရာထူးဗိုလ်မှူး

ဦးထွန်းအုံ (၁၉၆၂ မွေးဖွား)သည် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။ []

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် ပြင်ဦးလွင်မြို့တွင် မွေးဖွားခဲ့သည်။ငယ်စဥ်ဘဝပညာရေးအား မွေးရပ်ဒေသတွင် ဖြတ်သန်းသင်ကြားခဲ့သည်။ ၁၉၈၀ ပြည့်နှစ် တွင် ရန်ကုန်(ဗဟန်း)သို့ ပြောင်းရွေ့နေထိုင်၍ အမှတ်(၃)ဒေသကောလိပ် (ကြည့်မြင်တိုင်) နှင့် ရန်ကုန် ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် တွင် ပညာသင်ကြားခဲ့သည်။သမိုင်းအထူးပြုဘာသာရပ် ဖြင့် ကျောင်းပြီးခဲ့သည်။

ထို့နောက် သူသည် အလုပ်သင်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁) သို့ တက်ရောက်ခဲ့သည်။ ဝန်ကြီး ဦးအောင်နိုင်ဦး နှင့် တစ်ပတ်စဥ်ထဲ ဖြစ်သည်။ တပ်မတော် တွင် ၁၉၈၃ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ် အထိ စစ်မှုထမ်းခဲ့သည်။

ယင်းနောက် ၂၀၀၇ တွင် စစ်ဘက် မှ အရပ်ဘက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ယဥ်ကျေးမှုဗိမာန်ဦးစီးဌာန သို့ ညွှန်ကြားရေးမှူးအဆင့်ဖြင့် ပြောင်းရွှေ့သည်။ထိုနှစ်ထဲမှာပင် ယဥ်ကျးမှုဝန်ကြီးဌာန၏ ဒုတိယရုံးအဖွဲ့မှူး ဖြစ်လာခဲ့သည်။၂၀၀၈ ခုနှစ် တွင် အနုပညာဦးစီးဌာန ၏ ဒုတိယညွန်ကြားရေးမှူးချုပ်၊၂၀၁၀ ပြည့်နှစ် တွင် ယဥ်ကျေးမှုဝန်ကြီးဌာန ရုံးအဖွဲ့မှူး၊၂၀၁၁ ခုနှစ် တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်(စီမံ) အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်(စီမံ) တာဝန်မှ ယင်းဝန်ကြီးဌာန အနုပညာဦးစီးဌာန သို့ ညွှန်ကြားရေးမှူးချုပ် အဖြစ် အစမ်းခန့်အပ်ခံရပြီး[] သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်တွင် ၎င်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ်သည်။[]

၂၀၁၇ ဇူလိုင် ၂၈ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။[] ထိုတာဝန်ကို စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်းကာလအထိ တာဝန်ထမ်းခဲ့သည်။

ဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ဧပြီလ ၂၃ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးသည်။[]

၂၀၂၂ မေလ ၂ရက်နေ့တွင် ထိုဝန်ကြီးဌာနမှ နေ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။[]

၂၀၂၃ စက်တင်ဘာ ၂၅ရက်တွင် ဦးထွန်းအုံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခံရသည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇  ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. RESHUFFLE OF CABINET MEMBERS: APPOINTMENT AND PERMITTED RETIREMENT ANNOUNCED MITV (25 September 2023)။ 27 September 2023 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ(၇၄/၂၀၁၅)ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများပြောင်းရွှေ့ခြင်းနှင့်ခန့်ထားခြင်း မြန်မာနိုင်ငံတော်ပြန်တမ်း (၁၀ ဒီဇင်ဘာ ၂၀၁၅)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ(၉ ၄/၂၀၁၆)ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်အပ်ခြင်း မြန်မာနိုင်င့တော်ပြန်တမ်း (၁၃ ဒီဇင်ဘာ ၂၀၁၆)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုအစိုးရအဖွဲ့အမိန့်ကြော်ငြာစာ(၆၃/၂၀၁၇)အမြဲတမ်းအတွင်းဝန်တာဝန်ခံညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း မြန်မာနိုင်ငံတော်ပြန်တမ်း (၂၈ ဇူလိုင် ၂၀၁၇)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်(၁၁၆/၂ဝ၂၁)ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း MWD Webportal (၂၃ ဧပြီလ ၂၀၂၁)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ် Myanmar Digital News (၃ မေ ၂၀၂၂)။ 27 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း Ministry of Information။ 31 July 2025 တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။