ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
National Coalition Government of the Union of Burma
ညွန့်ပေါင်းအစိုးရ၏ အလံတော်
အလံတော်[၁]
နိုင်ငံတော် သီချင်း: ကမ္ဘာမကြေ
လက်ရှိအခြေအနေအဝေးရောက်
မြို့တော်ရန်ကုန်
ရော့ခ်ဗီးလ်၊ မေရီလန်းပြည်နယ်အမေရိကန်ပြည်ထောင်စု (အဝေးရောက်)
အစိုးရညွန့်ပေါင်းအစိုးရ
စိန်ဝင်း (၁၉၉၀–၂၀၁၂)
ဥပဒေပြုလွှတ်တော်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ
ဖြစ်ရပ်များ
• ဖွဲ့စည်း
၁၈ ဒီဇင်ဘာ ၁၉၉၀
• ဖျက်သိမ်း
၁၄ စက်တင်ဘာ ၂၀၁၂
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အင်္ဂလိပ်: National Coalition Government of the Union of Burma; အတိုကောက် NCGUB) ၏ ဝန်ကြီးချုပ်မှာ ဒေါက်တာစိန်ဝင်း ဖြစ်သည်။ ၎င်းအစိုးရအဖွဲ့ကို ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ အစိုးရအဖွဲ့၏ ရုံးခန်းကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်ထားပြီး အမေရိကန်အစိုးရက အသိအမှတ်ပြုသည်။ ထိုအစိုးရအဖွဲ့ကို အရှေ့တောင်အာရှတွင် အရှေ့တီမောနိုင်ငံက အသိအမှတ်ပြုသည်။

အစိုးရဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နိုင်ငံရေးပါတီအညွှန်း[ပြင်ဆင်ရန်]

ပါတီအမည် အတိုကောက် ပါတီအမည်အရှည်
PND Party for National Democracy
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
CNLD ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
DOKNU ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့
ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်
Ind. တစ်သီးပုဂ္ဂလ

အစိုးရအဖွဲ့[ပြင်ဆင်ရန်]

ရာထူး အမည် နိုင်ငံရေးပါတီ
ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း PND
နိုင်ငံခြားရေး ဒေါက်တာစိန်ဝင်း PND
ဘဏ္ဍာရေး ဦးဘိုလှတင့် NLD
ဝန်ကြီးချုပ်ရုံး ဦးတယ်ဒီဘူးရီ NLD
ပြန်ကြားရေး ဦးမောင်မောင်အေး NLD
ဖက်ဒရယ်ရေးရာ ခွန်မာကိုဘန်း DOKNU
တရားရေးရာ ဦးသိန်းဦး NLD
ကျန်းမာရေးနှင့် ပညာရေး ဒေါက်တာစန်းအောင် Ind.
ဝန်ကြီးချုပ်ရုံး ဒေါက်တာ တင့်ဆွေ NLD
လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေး ဒေါက်တာ ဇလှယ်ထန် CNLD
အလုပ်သမား ဦးသာနို့ ALD

အမျိုးသားညွန့်ပေါင်းအစိုးရ ဥက္ကဋ္ဌများ (၁၉၉၀-၂၀၁၂)[ပြင်ဆင်ရန်]

အမည် ဓာတ်ပုံ Name
(မွေးဖွား–ကွယ်လွန်)
ရာထူးသက်တမ်း
ရာထူးစတင် ရာထူးပြီးဆုံး
              ဒေါက်တာ စိန်ဝင်း ၄ ဇူလိုင် ၁၉၉၀ ၇ အောက်တိုဘာ ၂၀၀၀
ဒေါက်တာ တင့်ဆွေ ၂၀၀၀ ၁၂ ဩဂုတ် ၂၀၀၁
ဦးတယ်ဒီဘူးရီ[၂] ၁၂ ဩဂုတ် ၂၀၀၁ ၁၈ စက်တင်ဘာ ၂၀၀၁
(၁) ဒေါက်တာစိန်ဝင်း[၃] ၁၈ စက်တင်ဘာ ၂၀၀၁ ၁၈ စက်တင်ဘာ ၂၀၁၂

ပြည်နယ်ကိုယ်စားပြုများ[ပြင်ဆင်ရန်]

မဲဆန္ဒနယ်များ[ပြင်ဆင်ရန်]

ရွေးကောက်ခံ ကိုယ်စားလှယ် ရွေးကောက်သောပြည်နယ်
ဦးတယ်ဒီဘူးရီ ကရင်နီပြည်နယ်
ခွန်မာကိုဘန်း ရှမ်းပြည်နယ်
ဒေါက်တာ ဇလှယ်ထန် ချင်းပြည်နယ်
ဦးသာနို့ ရခိုင်ပြည်နယ်

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလာ ၁၈ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟို စည်းရုံးရေးကော်မတီအား မာနယ်ပလောတွင် ရောက်ရှိနေကြသည့် (NLD) ဗဟိုနှင့်တိုင်းအဆင့်တို့တွင် တာဝန်ယူ ခဲ့ကြသော (NLD) အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဥက္ကဋ္ဌ Dr.စိန်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းခက်၊ အဖွဲ့ဝင်များအဖြစ် ဦးမြင့် အောင်၊ ဦးမောင်မောင်အေး၊ ဦးသိန်းဦး တို့ ပါဝင်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဗဟိုစည်းရုံးရေးကော်မတီအား တိုးချဲ့ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ကော်မတီအား DAB မှ ကိုယ်စားလှယ်(၇)ဦး၊ (NLD-LA) မှ ကိုယ်စားလှယ် (၇)ဦး စုစုပေါင်း(၁၄)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

၁၉၉၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ တတိယအကြိမ်မြောက် လူ့အခွင့် အရေးအခမ်းအနားကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအား မာနယ်ပလောတွင် တိုးချဲ့ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ဦးစီး၍ ကျန်းမာရေးညီလာခံအား မာနယ်ပလောခန်းမတွင် ကျင်းပခဲ့သည်။

၁၉၉၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဥရောပပါလီမန်မှ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အရေးယူ ဆောင်ရွက်ချက်များနှင့် NCGUB အား ထောက်ခံ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်များ ချမှတ်သည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အား ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ညွန့်ပေါင်းအစိုးရသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ရန် တရားဝင်ဖျက်သိမ်းခဲ့သည်။[၄][၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်အောင်လွင်။ "မြန်မာနိုင်ငံအလံသစ်နှင့် ပြည်ပရောက်အစိုးရအလံ ပုံစံတူ"၊ ဗွီအိုအေ၊ ၂၅ အောက်တိုဘာ ၂၀၁၀။ 
  2. Daily Report: East Asia (အင်္ဂလိပ်ဘာသာစကားဖြင့်)။ The Service။ 1996။
  3. "Sein Win Re-elected PM of Government-in-Exile"၊ The Irrawaddy၊ 26 January 2019။ 
  4. Mann၊ Zarni။ "Burmese Exile Govt Dissolves After 22 years"၊ 14 September 2012။ 
  5. Myo၊ Nay။ "Burma's exiled government dissolved"၊ 17 September 2012။ 

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]