မြင့်ကြိုင်
ဦးမြင့်ကြိုင် | |
---|---|
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၉ ဩဂုတ် ၂၀၂၂ | |
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ဦး ခင်ရီ |
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၂ | |
ယခင်လူ | ဦး သိန်းဆွေ |
ဆက်ခံသူ |
|
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
ယခင်လူ | ကိုယ်တိုင် (MOLIP) |
ဆက်ခံသူ | ဒေါက်တာပွင့်ဆန်း |
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း ၄ ဖေဖော်ဝါရီ ၂၀၂၀ – ၁ ဖေဖော်ဝါရီ ၂၀၂၁ |
ဦးမြင့်ကြိုင် (၁၇ ဧပြီ ၁၉၅၇)[၁] သည် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ရှိ ဝန်ကြီး ဖြစ်သည်။[၂] သူ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင် ခန့်အပ်ခဲ့သည်။[၃] [၄] ယင်းနောက် ဦးမြင့်ကြိုင်သည် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း၊ ထိုမှတဆင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတဦးဝင်းမြင့် အစိုးရလက်ထက်တွင်လည်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးသည်။[၅]
အစိုးရဝန်ထမ်းဘဝ[ပြင်ဆင်ရန်]
ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၃၀ ဧပြီ ၂၀၁၅ တွင် ယင်းဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်အဖြစ်တာဝန်တိုးမြှင့်ပေးအပ်ခြင်းခံရသည်။[၆] [၇]
တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံရေးရာထူးများ[ပြင်ဆင်ရန်]
ဦးမြင့်ကြိုင်သည် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ၎င်းအား သမ္မတဦးဝင်းမြင့် က ၄ ဖေဖော်ဝါရီ ၂၀၂၀ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။[၈] ထိုတာဝန်ကို ၁ ဖေဖော်ဝါရီ ၂၀၂၁ အထိ တာဝန်ယူခဲ့သည်။[၉] ယင်းနောက် ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် စစ်ကောင်စီက ၎င်းအား အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။[၁၀]၂၀၂၁ ခုနှစ်ဩဂုတ် ၁ရက်တွင် စစ်ကောင်စီက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟူ၍ ခွဲလိုက်ရာတွင် ဦးမြင့်ကြိုင်သည် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲသွားသည်။ နောက်ထပ် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ဦးမြင့်ကြိုင် သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြန်သည်။
ပိတ်ဆို့ခံရမှုများ[ပြင်ဆင်ရန်]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်ကောင်စီက ဦးမြင့်ကြိုင်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ရာ ယင်းနှင့်စပ်လျဉ်းပြီး ၂၀၂၁ခုနှစ် ဇူလိုင် ၂ရက်နေ့တွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအရေးယူမှု စာရင်းတွင် ဦးမြင့်ကြိုင်လည်း ပါဝင်ခဲ့သည်။ [၁၁] [၁၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ https://home.treasury.gov/policy-issues/financial-sanctions/recent-actions/20210702
- ↑ https://burmese.voanews.com/a/စစ်ကောင်စီ-ဝန်ကြီးအပြောင်းအလဲ-မင်းအောင်လှိုင်-စိုးဝင်း-/6708368.html
- ↑ https://burmese.voanews.com/a/myanmar-military-seizes-power-and-their-cabinet/5761195.html
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2022 တွင် ပြန်စစ်ပြီး။
- ↑ https://xinhuamyanmar.com/news/myanmar/politics-law-military/နိုင်ငံတော်-အတိုင်ပင်ခ-17/
- ↑ https://data.opendevelopmentmekong.net/dataset/df031a0f-c4b2-43d6-bb34-6ef452bcca77/resource/7c7b0706-fe02-43df-ba22-d08dd307f0b8/download/68-23.pdf
- ↑ https://www.youtube.com/watch?v=X1nRW0xyFDU
- ↑ "နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ်"၊ Xinhua News Agency၊ ၄ ဖေဖော်ဝါရီ ၂၀၂၀။
- ↑ https://news-eleven.com/article/203727
- ↑ https://burma.irrawaddy.com/news/2021/02/01/237451.html
- ↑ https://www.myanmar-now.org/mm/news/7334
- ↑ https://www.rfa.org/burmese/news/us-santions-on-military-members-07022021173114.html