မာတိကာသို့ ခုန်သွားရန်

မြင့်ကြိုင်

ဝီကီပီးဒီးယား မှ
စည်သူ၊ ဦး

မြင့်ကြိုင်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ဌေးလှိုင်
ဝန်ကြီးချုပ်ညိုစော
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဌေးလှိုင်
ဒေါက်တာမျိုးသန့်
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူခင်ရီ
ဆက်ခံသူကိုယ်တိုင်
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၁၉ ဩဂုတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူကိုယ်တိုင် (MOLIP)
ဆက်ခံသူဒေါက်တာပွင့်ဆန်း
အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောငစုဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဩဂုတ် ၂၀၂၁
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
သမ္မတမြင့်ဆွေ (ယာယီ)
ယခင်လူသိန်းဆွေ
ဆက်ခံသူ
  • ကိုယ်တိုင် (အလုပ်သမား)
  • ဦးခင်ရီ (လ.ဝ.က)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၄ ဖေဖော်ဝါရီ ၂၀၂၀  ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဝင်းမြင့်
ပြည်ထောငစုဝန်ကြီးသိန်းဆွေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1957-04-18) ဧပြီ ၁၈၊ ၁၉၅၇ (အသက် ၆၈)
ကျုံမငေးမြို့
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဆုတံဆိပ်များစည်သူဘွဲ့ (၂၀၂၆)

ဦးမြင့်ကြိုင်  (၁၈ ဧပြီ ၁၉၅၇)[] သည် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ရှိ ဝန်ကြီး ဖြစ်သည်။[] သူ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင် ခန့်အပ်ခဲ့သည်။[] [] ယင်းနောက် ဦးမြင့်ကြိုင်သည်  အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း၊ ထိုမှတဆင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတဦးဝင်းမြင့် အစိုးရလက်ထက်တွင်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးသည်။[]

ငယ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

ဝါးခယ်မမြို့နယ်၊ကျုံမငေးမြို့ တွင် မွေးဖွားခဲ့သည်။ငယ်စဉ်က ကျုံမငေးမြို့၊သီရိဟေမာရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။

ထို့နောက် ဆယ်တန်းအောင်မြင်ခဲ့ပြီး၊ရန်ကုန်တက္ကသိုလ် မှ စိတ်ပညာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ဆက်၍ တပ်မတော်ကြည်း၊ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ခဲ့ပြီး စစ်မှုထမ်းသည်။

သူသည် ကာကွယ်ရေးတက္ကသိုလ် မှ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)ကို ရရှိခဲ့သူလည်း ဖြစ်သည်။

တပ်မတော် တွင် စစ်မှုထမ်းစဉ် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသည်။ဆက်၍ အရပ်ဘက် ဝန်ကြီးဌာနဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခဲ့သည်။

အစိုးရဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်  ၃၀ ဧပြီ ၂၀၁၅ တွင် ယင်းဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်အဖြစ်တာဝန်တိုးမြှင့်ပေးအပ်ခြင်းခံရသည်။[] []

တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံရေးရာထူးများ

[ပြင်ဆင်ရန်]

ဦးမြင့်ကြိုင်သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ၎င်းအား သမ္မတဦးဝင်းမြင့် က ၄ ဖေဖော်ဝါရီ ၂၀၂၀ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။[] ထိုတာဝန်ကို ၁ ဖေဖော်ဝါရီ ၂၀၂၁ အထိ တာဝန်ယူခဲ့သည်။[] ယင်းနောက် ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် စစ်ကောင်စီက ၎င်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။[၁၀]

၂၀၂၁ ခုနှစ်ဩဂုတ် ၁ရက်တွင် စစ်ကောင်စီက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာန နှင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟူ၍ ခွဲလိုက်ရာတွင် ဦးမြင့်ကြိုင်သည် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲသွားသည်။ နောက်ထပ် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ဦးမြင့်ကြိုင် သည်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြန်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် မူလရာထူးကို ဆက်လက် ခန့်အပ်ခံရသည်။ [၁၁]

ပိတ်ဆို့ခံရမှုများ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်  စစ်ကောင်စီက ဦးမြင့်ကြိုင်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ရာ ယင်းနှင့်စပ်လျဉ်းပြီး ၂၀၂၁ခုနှစ် ဇူလိုင် ၂ရက်နေ့တွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအရေးယူမှု စာရင်းတွင် ဦးမြင့်ကြိုင်လည်း ပါဝင်ခဲ့သည်။ [၁၂] [၁၃] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက လည်း ၎င်းကို ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[၁၄] [၁၅]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. Burma-related Designations; Iran-related Designations Removals; Non-proliferation Designations Removals U.S. DEPARTMENT OF THE TREASURY
  2. စစ်ကောင်စီ ဝန်ကြီးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း VOA Burmese
  3. အာဏာသိမ်း စစ်အစိုးရသစ် ဖွဲ့စည်းမှု VOA Burmese
  4. မော်ကွန်းတင်ပြီးမိတ္တူ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2022 တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ် ဆင်ဟွာသတင်း
  6. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း(၂၀၁၅ ဇွန် ၅) မြန်မာနိုင်ငံတော်ပြန်တမ်း
  7. ဦးမြင့်ကြိုင် (အမြဲတမ်းအတွင်းဝန်)နှင့် တွေ့ဆုံမေးမြန်းခြင်း DVB
  8. "နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ်"၊ Xinhua News Agency၊ ၄ ဖေဖော်ဝါရီ ၂၀၂၀။
  9. ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန် Eleven
  10. ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ် ဧရာဝတီ
  11. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
  12. စစ်ကောင်စီမှလူပုဂ္ဂိုလ် ၂၀ ကျော်နှင့် ကုမ္ပဏီ ၄ ခုကို အမေရိကန် ထပ်မံအရေးယူ Myanmar Now
  13. စစ်ကောင်စီအဖွဲ့ဝင် ခုနှစ်ဦးနဲ့ စစ်ခေါင်းဆောင်မိသားစုဝင် ၁၅ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူမည် RFA Burmese
  14. Myanmar/Burma: EU imposes seventh round of sanctions against six individuals and one entity Council of the EU (20 July 2023)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2023 တွင် ပြန်စစ်ပြီး။
  15. စစ်ကောင်စီရဲ့စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ် ၆ဦးနှင့်လုပ်ငန်းတစ်ခုကို EUအရေးယူပိတ်ဆို့ဒဏ်ခတ် New Day Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။