ကိုကိုလှိုင်
ဗိုလ်မှူးကြီး (ငြိမ်း) စည်သူ၊ ဦး ကိုကိုလှိုင် | |
|---|---|
| နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ဝန်ကြီးချုပ် | ညိုစော |
| ကလောင်နာမည် | လှိုင်အောင် |
| ယခင်လူ | အောင်ဆန်းစုကြည် (ယခင်သမ္မတရုံးဝန်ကြီးအဖြစ်) |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၅ မေ ၂၀၂၄ [၁] – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | အောင်နိုင်ဦး |
| ဆက်ခံသူ | ဝန်ကြီးဌာနဖျက်သိမ်း |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၂၄ – ၅ မေ ၂၀၂၄ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီးမိုးအောင် |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၈ ဇန်နဝါရီ ၂၀၂၄ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဦးချစ်နိုင် |
| ဆက်ခံသူ | ဝန်ကြီးဌာနဖျက်သိမ်း |
| အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဦးကျော်တင် |
| ဆက်ခံသူ | ဝန်ကြီးဌာနဖျက်သိမ်း |
| နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် | |
| တာဝန်သက်တမ်း ၁၉ ဧပြီ ၂၀၁၁ – ၃၁ မတ် ၂၀၁၆ | |
| သမ္မတ | သိန်းစိန် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | မရှိ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၄ အောက်တိုဘာ၊ ၁၉၅၆ မြင်းမူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါက်တာ သီတာတင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညွန်ကြားရေးမှူးချုပ် |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| အလုပ်အကိုင် | သုတေသနပညာရှင်နှင့် စာရေးဆရာ |
| ဆုတံဆိပ်များ |
|
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၇၆-၂၀၀၄ |
| ရာထူး | ဗိုလ်မှူးကြီး |
ဦးကိုကိုလှိုင် [၂][၃]သည် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ ယခင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[၄]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)[၅] နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ထိုတာဝန်များမထမ်းဆောင်ခင် တပ်မတော်မှ သုတေသနပညာရှင်နှင့် စာရေးဆရာဖြစ်သည်။ဦးသိန်းစိန်အစိုးရ၏ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။[၆]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]၁၉၇၆ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ပြီး တပ်မတော်သို့ ပြန်တမ်းဝင်အရာရှိအဖြစ် ဝင်ရောက်ခဲ့သည်။[၇]၁၉၉၁ခုနှစ်မှ ၂၀၀၄ခုနစ်အထိ စစ်ရုံး၏ ပထမအဆင့် သုတေသနပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။[၃]
အရာထမ်းဘဝ
[ပြင်ဆင်ရန်]၂၀၀၄ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနတွင် ရာထူးတိုးမြှင့်ခံခဲ့ရသည်။[၃]သူသည် မြန်မာစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်ခဲ့သည်။
နာဂစ်ဆောင်းပါးနှင့်ပတ်သက်ပြီး ဝေဖန်ခံရမှု
[ပြင်ဆင်ရန်]၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တစ်လခန့်အကြာ မေလ ၂၉ ရက်နေ့တွင် ဦးကိုကိုလှိုင်သည် "လှိုင်အောင်" ကလောင်အမည်ဖြင့် "နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ဝေကြပေလိမ့်မည်" ဟူသော ဆောင်းပါးကို မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့၌ ရေးသားခဲ့သည်။ ဆောင်းပါး၏ အစတွင် နာဂစ်ကြောင့် သစ်ပင်များကျိုးကျသဖြင့် ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ကို ၎င်း၏အိမ်မှ မြင်တွေ့ရခြင်းအတွက် နာဂစ်ကို ကျေးဇူးတင်ရသည်ဟု ရေးသားထားသည်။ ထို့အပြင် နာဂစ်ဒုက္ခသည်များကို နိုင်ငံတကာအကူအညီမယူဘဲ ဖားရှာ၊ ငါးရှာစားရန်နှင့် ငပိရည်နှင့် နိုင်ငံတကာအကူအညီ လဲလှယ်ရန် စသည့်အချက်များကိုလည်း ထည့်သွင်းရေးသားခဲ့သည်။ ယင်းဆောင်းပါးသည် နိုင်ငံတကာမှ အရေးပေါ်အကူအညီပေးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည့် စစ်အစိုးရ၏ လုပ်ရပ်ကို ထောက်ခံရေးသားထားခြင်း ဖြစ်သည်။[၈]
ပြည်ထောင်စုဝန်ကြီးဘဝ
[ပြင်ဆင်ရန်]မင်းအောင်လှိုင်အစိုးရ
[ပြင်ဆင်ရန်]တပ်မတော်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်အမှတ် ၆/၂၀၂၁ အားဖြင့် ပြည်ထောင်စုဝန်ကြီး (၁၁) ဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ခန့်အပ်လိုက်သည်။[၉] ၎င်းကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခဲ့သည်။[၁၀]
ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည့် ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်မှုကို ဦးဆောင်မည့် တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ပါ [၁၁] ပေးအပ်ခံရသည်။
ယင်းနောက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဆိုသော စွဲချက်နှင့် ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၁ ရက်ကြားနာပွဲတွင် မြန်မာဘက်မှနေ၍ လျှောက်လဲတင်ပြခဲ့သည့် မြန်မာကိုယ်စားလှယ်အသစ် ဖြစ်လာခဲ့သည်။[၁၂]
ထို့အပြင် ၂၀၂၂ ခုနှစ် မေလ ၆ ရက်က ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားပြုသည့် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးအနေဖြင့် တက်ရောက်ခဲ့သည်။ [၁၃]၎င်းသည် မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအန်ဂျီအိုများအား ကြီးကြပ်ရသည့် အလုပ်ကော်မတီတွင် ဥက္ကဋ္ဌတာဝန်ကိုပါ ယူထားရကာ လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီများအား ကိုင်တွယ်ရသူ ဖြစ်သည်။ [၁၄]
၂၀၂၃ ဩဂုတ် ၃ ရက်တွင် သူ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွေ့ခံရသည်။
ဦးညိုစောအစိုးရ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး ကာလုံကောင်စီက အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွေ့ခန့်အပ်ခံရသည်။ [၁၅]
နိုင်ငံတကာပိတ်ဆို့မှုများ
[ပြင်ဆင်ရန်]ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၆]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၇]
အိမ်ထောင်ဘဝ
[ပြင်ဆင်ရန်]ဦးကိုကိုလှိုင်၏ ဇနီး ဒေါ်သီတာတင် ဖြစ်ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) လက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ အဆိုပါဦးစီးဌာနကို စစ်ကောင်စီ၏ ပုံရိပ်မြှင့်တင်ရန်နှင့် အွန်လိုင်းဝါဒဖြန့်ချိရေးအတွက် ဖွဲ့စည်းခဲ့သည်ဟုလည်း စွပ်စွဲမှုများ ရှိခဲ့သည်။[၁၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄ ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၅ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "သမ္မတ အကြံပေးအဖွဲ့ ပညာရှင်နှင့် လူပုဂ္ဂိုလ် ကိုးဦးဖြင့် ဖွဲ့စည်း" (in Burmese)၊ The Voice Weekly၊ 26 April 2011။[လင့်ခ်သေ]
- 1 2 3 "ကိုကိုလှိုင် ကိုယ်ရေးအကျဉ်း" (in Burmese)၊ Free Burma။ Archived from the original on 18 February 2013။
- ↑ ORDER NO. 3 /2024: APPOINTMENT OF UNION MINISTERS။ mitv (8 January 2024)။ 8 January 2024 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Advisory Board။ Alternative Asean Network on Burma (27 August 2012)။ 5 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Allchin၊ Joseph။ "Presidential ‘advisors’ raise eyebrows"၊ Democratic Voice of Burma၊ 28 April 2011။ Archived from the original on 7 November 2012။
- ↑ နာဂစ်ဒုက္ခသည်တွေကို ငပိရည်နဲ့ နိုင်ငံတကာအကူအညီလဲခိုင်းခဲ့တဲ့ စစ်ကောင်စီဝန်ကြီး။ Myanmar Now။ 9 august 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်။ ဧရာဝတီ (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 3 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီက ICJ ၌ တရားရင်ဆိုင်မည့် ဦးဆောင်ကော်မတီ ဖွဲ့စည်း။ ဧရာဝတီ (၂၄ ဇွန် ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ “ICJ အမှု ဥပဒေကြောင်းအပြင် နိုင်ငံရေးစွပ်စွဲချက်များ ထည့်သွင်း” - ဦးကိုကိုလှိုင်။ VOA (၂၆ ဖေဖော်ဝါရီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာလူသားချင်းစာနာမှုအကူအညီ အာဆီယံညှိနှိုင်းဆွေးနွေးပွဲ မြန်မာစစ်ကောင်စီ တက်ရောက်မည်။ VOA (၅ မေ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးကိုကိုလှိုင် ဘယ်သူလဲ။ ဧရာဝတီ (၃၀ ဧပြီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၃၃ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်) ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ Myawaddy Webportal။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ Facebook တွင် ပြန်လည်ခေါင်းထောင်လာသည့် စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေး။ Myanmar Now။ 13 August 2025 တွင် ပြန်စစ်ပြီး။