မာတိကာသို့ ခုန်သွားရန်

တင်ဦးလွင်

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် (ငြိမ်း)
စည်သူ၊ ဦး

တင်ဦးလွင်
သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်လင်းအောင်
ယခင်လူ
  • ကိုယ်တိုင် (သာသနာရေး)
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၈ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူဒေါက်တာ ဦးကြွယ်ကြွယ်
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
မဲဆန္ဒနယ်မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် (၆)
အနိုင်ရမဲ အရေအတွက်မဲ ၃၀၄,၀၀၉
(၅၂.၃၈ရာခိုင်နှုန်း) []
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီ)
ဝန်ကြီးချုပ်ညိုစော
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူကိုကို
ဆက်ခံသူကိုယ်တိုင်
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂  ၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူမောင်မောင်နိုင်
ဆက်ခံသူသန်းထွန်းဦး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၁၄ ဩဂုတ် ၂၀၁၃  ၃၀ မတ် ၂၀၁၆
သမ္မတသိန်းစိန်
ဝန်ကြီးဝဏ္ဏမောင်လွင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-05-13) ၁၃ မေ၊ ၁၉၅၆ (အသက် ၆၉)
ကျောက်ပန်းတောင်းမြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်မေမြင့်မောင်
ဆုတံဆိပ်များစည်သူဘွဲ့ (၂၀၂၆)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်မှူးချုပ်

ဦးတင်ဦးလွင် (၁၃ မေ ၁၉၅၆ မွေးဖွား) သည် မြန်မာလူမျိုး နိုင်ငံရေးသမားနှင့် သံအမတ်ကြီးဟောင်းတစ်ဦး ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် သာသနာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[] ၎င်းသည် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထိုရာထူးကို ထမ်းဆောင်ခြင်း ဖြစ်သည်။

သူသည် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၉ရက်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ်[] တာဝန်ပေးအပ်ခဲ့ပြီး ယင်းမှတစ်ဆင့် လက်ရှိအချိန်အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်[] တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်၊မေ ၁၃ ရက် တွင် ကျောက်ပန်းတောင်းမြို့နယ်၊ရွာလတ်ရွာနေ တောင်သူ အဖ ဦးဘသင်း နှင့် ဇလင်းတောင်ရွာနေ အမိဒေါ်အောင်ရ တို့က ၎င်းအား မွေးဖွားခဲ့သည်။ပညာရေးကို ရွာတွင်လည်းကောင်း၊ကျောက်ပန်းတောင်းမြို့တွင် လည်းကောင်း ဖြတ်သန်းသင်ယူခဲ့သည်။

၁၉၇၂ ခုနှစ် တွင် ကျောက်ပန်းတောင်းမြို့မှနေ၍ ဆယ်တန်းအောင်မြင်ခဲ့သည်။

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉)ဆင်း ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။[]သူသည် ကာကွယ်ရေးတက္ကသိုလ် မှလည်း မဟာဘွဲ့ ရရှိသည်။

သံအမတ်ကြီးဘဝ

[ပြင်ဆင်ရန်]

ဦးတင်ဦးလွင်သည် ၁၉၇၅ ခုနှစ် နောက်ပိုင်းမှစ၍ ဒုဗိုလ်အဆင့်မှသည် ၂၀၀၅ ခုနှစ် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ နှစ်ပေါင်း ၃၀ကျော်ကြာ တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ၂၀၀၅ ခုနှစ် တွင် ပြောင်းရွှေ့လာကာ သီရိလင်္ကာနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး[]အဖြစ် ၃နှစ်ခွဲ ၊တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး[] အဖြစ် ၂ နှစ်ခွဲ၊စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်ကြီး[]အဖြစ် ၂နှစ်ခွဲ အစရှိသည်ဖြင့် သံအမတ်ကြီးတာဝန်များထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ဦးတင်ဦးလွင်သည် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[] ၎င်းသည် ယင်းတာဝန်ကို ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးသည်အထိ ထမ်းဆောင်ခဲ့သည်။[၁၀]

ထို့နောက် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်ခံခဲ့ရခြင်း မရှိပေ။[၁၁] သို့သော် ၎င်းသည် ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပြီး အထူးသဖြင့် ပါတီ၏ နိုင်ငံခြားရေးရာကိစ္စရပ်များကို တာဝန်ယူကိုင်တွယ်ခဲ့သည်။

၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲတွင် ဦးတင်ဦးလွင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁၂] အဆိုပါမဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ဆန္ဒမဲပေးသူ စုစုပေါင်း ၅၈၀,၃၈၅ ဦးအနက် ထောက်ခံမဲ ၃၀၄,၀၀၉ မဲ ရရှိကာ အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

ဦးတင်ဦးလွင် ကို စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၉ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးသည်။ [၁၃] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက် တွင် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့ ခန့်အပ်သည်။

၂၀၂၆ ခုနှစ်၊ဧပြီ ၇ရက် တွင် ဦးမင်းအောင်လှိုင်အစိုးရက သာသနာရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သို့ အဆိုပြုတင်သွင်းခဲ့သည်။[၁၄]ဧပြီ ၁၀ရက်တွင် ထိုတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၅]

မိသားစုဘဝ

[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း၏ ဆန္ဒမဲရရှိမှု အခြေအနေ(၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး MOI Myanmar (၂၅ ဩဂုတ် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက် Myanmar Digital News (၈ ဇူလိုင် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. လှေစီးဒုက္ခသည်များ အမြန်ပြန်ပို့ရန် လုပ်ဆောင်နေဟု အစိုးရသတင်းထုတ်ပြန် DVB Burmese (၂၄ မေ ၂၀၁၅)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. စစ်ကောင်စီ သက်တမ်းတိုးပြီးနောက် ရာထူးအပြောင်းအလဲများ ဧရာဝတီသတင်း (၇ ဩဂုတ် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ဦးတင်ဦးလွင်အားခန့်အပ် ကြေးမုံသတင်းစာ(၁၂-၈-၂၀၀၅)နေ့ထုတ်စာမျက်နှာ၂ (၁၂ ဩဂုတ် ၂၀၀၅)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်းလှမ်း VOA Burmese (၂၆ မေ ၂၀၀၉)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်သမ္မတဦးသိန်းစိန်၏စင်ကာပူခရီးစဉ် ကြေးမုံသတင်းစာ(၃-၂-၂၀၁၂) (၃ ဖေဖော်ဝါရီ ၂၀၁၂)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ဒု ဝန်ကြီး ၃ ဦး ခန့်အပ် တာဝန်ပေး ဧရာဝတီသတင်း (၁၄ ဩဂုတ် ၂၀၁၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. H.E. Mr. Tin Oo Lwin, Deputy Foreign Minister of Myanmar visited the ASEAN-Japan Centre Asean Japan Centre (22 May 2014)။ 3 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 September 2023 တွင် ပြန်စစ်ပြီး။
  11. ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်းများပိုင်ဆိုင်သည့် ကုမ္ပဏီများ Myanmar Now (၂၃ စက်တင်ဘာ ၂၀၂၀)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ရွေးကောက်ပွဲမဲဆွယ်မှု ကြံ့ခိုင်ရေးပါတီကိုသာ တွေ့နေရ ဧရာဝတီသတင်းဌာန (၄ နိုဝင်ဘာ ၂၀၂၅)။ ၂၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  13. ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း ဆင်ဟွာသတင်း (၃ ဩဂုတ် ၂၀၂၃)။ ၁၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. ဧရာဝတီ (2026-04-07)။ စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်းရံ (in en-US)။ 2026-04-09 တွင် ပြန်စစ်ပြီး။
  15. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။