ပွင့်ဆန်း
သီရိပျံချီ၊ ဒေါက်တာ ပွင့်ဆန်း | |
|---|---|
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၆ မတ် ၂၀၂၆ | |
| ယခင်လူ | ခင်မောင်မြင့် (၂၀၁၅-၂၀၂၁) |
| မဲဆန္ဒနယ် | ရပ်စောက်မြို့နယ် |
| အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၂ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | မြင့်ကြိုင် |
| ဆက်ခံသူ | မြင့်နောင် |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ခေါင်းဆောင် | မင်းအောင်လှိုင် |
| ယခင်လူ | သန်းမြင့် |
| ဆက်ခံသူ | အောင်နိုင်ဦး |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၂၀၁၀ – ၃၁ မတ်၂၀၁၆ | |
| ခေါင်းဆောင် | ဝင်းမြင့် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၃ ဇူလိုင်၊ ၁၉၆၁ ရန်ကုန် |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
| ကြင်ဖော် | ဒေါက်တာနီလာလွင် |
| သားသမီး | ၂ |
| မိခင်ကျောင်း | ဆေးတက္ကသိုလ် ((၂)ရန်ကုန် ရန်ကုန် စီးပွားရေး တက္ကသိုလ် |
| ဆုတံဆိပ်များ | သီရိပျံချီဘွဲ့ (၂၀၂၂) |
ဒေါက်တာ ပွင့်ဆန်း [၁](၁၃ ဇူလိုင် ၁၉၆၁ မွေးဖွား) သည် ရပ်စောက်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး[၂] နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
နိုင်ငံရေးသမားဘဝ
[ပြင်ဆင်ရန်]ဒေါက်တာပွင့်ဆန်းသည် ဆေးတက္ကသိုလ်(၂) ကျောင်းဆင်းဆရာဝန်တစ်ဦးဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ နေ၍လည်း ဘွဲ့ရရှိခဲ့သည်။ နောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။[၃]
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရင်း အနိုင်ရပြီးနောက် နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည်။[၄] သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်သည်။ [၅] ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ဖြစ်လာသည်။
အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် မရမ်းကုန်းမဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။[၆] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းအား မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်သည်။[၇] [၈]
၂၀၂၁ နောက်ပိုင်း
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း နောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် ၎င်းအား စစ်ကောင်စီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[၉]
ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၈ / ၂၀၂၂ ဖြင့် အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းခံရသည်။ [၁၀]
၂၀၂၃ ဩဂုတ် ၂ရက်တွင် ဝန်ကြီးအဖြစ်မှ အနားပေးခံရသည်။ [၁၁]
၂၀၂၅ ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံသောမဲ အရေအတွက် စုစုပေါင်း ၄၂,၃၇၁ မဲ (စုစုပေါင်းမဲ၏ ၅၃.၆၉ ရာခိုင်နှုန်း) ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[၁၂]
၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဒေါက်တာပွင့်ဆန်းက ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အဆိုပြုတင်သွင်းခဲ့သည်။ [၁၃]
၂၀၂၆ ခုနှစ်၊မတ်လ (၂၃)ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ၏ အဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ခံရသည်။[၁၄]
ပိတ်ဆို့အရေးယူခံရမှု
[ပြင်ဆင်ရန်]အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ၂၀၂၁ ခုနှစ် မေလ ၁၇ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွင် ဒေါက်တာပွင့်ဆန်းလည်းပါဝင်ခဲ့သည်။[၁၅] [၁၆] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[၁၇][၁၈]
မိသားစုဘဝ
[ပြင်ဆင်ရန်]အိမ်ထောင်ရှိကာဇနီးမှာဒေါက်တာနီလာလွင်ဖြစ်သည်။သား၊ သမီး ၂ ဦးရှိပြီး တစ်ဦးမှာ ဩစတြေးလျနိုင်ငံတွင် ဆရာဝန်အလုပ်လုပ်နေသည်။[၁၉]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၂၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၈ / ၂၀၂၂ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်) ပြည်ထောင်စုဝန်ကြီးတာဝန်ပြောင်းရွှ့ခန့်အပ်တာဝန်ခြင်း။ CINCDS။ 9 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအဖွဲ့ဝင်အချို့နှင့်ဝန်ကြီးအချို့ ရာထူးမှဖယ်ရှားခံရ။ New Day Myanmar (၂ ဩဂုတ် ၂၀၂၃)။ 2 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ | Ministry Of Information (in en)။ 2026-03-17 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက် | Ministry Of Information (in en)။ 2026-03-17 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ် | Ministry Of Information (in en)။ 2026-03-24 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ Myanmar/Burma: EU imposes seventh round of sanctions against six individuals and one entity။ Council of the EU (20 July 2023)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီရဲ့စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ် ၆ဦးနှင့်လုပ်ငန်းတစ်ခုကို EUအရေးယူပိတ်ဆို့ဒဏ်ခတ်။ New Day Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ MOI Myanmar (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။