မာတိကာသို့ ခုန်သွားရန်

မင်းမင်း

ဝီကီပီးဒီးယား မှ
မင်းမင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ဦးဝင်းမြင့်ခိုင် နှင့်အတူ
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ဝန်ကြီးထွန်းအုံ
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၂၅ စက်တင်ဘာ ၂၀၂၃ – ၁၀ ဧပြီ ၂၀၂၆
သမ္မတ
ဝန်ကြီး
ယခင်လူညွန့်အောင်
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၉
ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်းဒေသကြီး
မိခင်ကျောင်းစစ်တက္ကသိုလ်

ဦးမင်းမင်း (၁၉၆၉ ဖွား) သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လက်ရှိ ဒုတိယဝန်ကြီးဖြစ်သည်။[၁] ထိုမတိုင်မီက သူသည် ယင်းဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်ခဲ့သည်။[၂]

ပညာရေး

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၃) ဆင်းဖြစ်သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးမင်းမင်းသည် တပ်မတော်သားဘဝမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန သို့ ပြောင်းရွှေ့လာပြီးနောက် ရာထူးအဆင့်ဆင့်တိုးကာ ၂၀၁၃ခုနှစ် မေလ ၂၃ရက် တွင် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးတိုးခံရသည်။ [၃]သူ၏ အထက်အရာရှိ ကုန်သွယ်ရေးညွှန်ချုပ် ဦးရန်နိုင်ထွန်း အထူးကုန်စည်လိုင်စင်ကိစ္စဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ လ တွင် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် သူသည် ထိုဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။[၄] [၅]၂၀၂၁ စစ်အာဏာသိမ်းခံရပြီးနောက် သူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ရာထူး အထိ တာဝန်ပေးခံရသည်။

ဒုတိယဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တာဝန်မှ အနားပေးခံရပြီးနောက် သူသည် ထိုသူ၏ နေရာသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် အစားထိုးဝင်ရောက်ကာ ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။[၆]၂၀၂၆ ခုနှစ်၊ဧပြီ၁၀ ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက ၎င်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့သည်။[၇]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း မဲခေါင်-လန်ချန်း သစ်သီးပွဲတော်(မြန်မာ)တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်။ Myanmar Radio and Television (၆ အောက်တိုဘာ ၂၀၂၃)။ 6 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ↑ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း “ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေး”သို့ တက်ရောက်အမှာစကားပြောကြား။ MYANMAR NATIONAL PORTAL (၁၃ ဇူလိုင် ၂၀၂၂)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ↑ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၄၂/၂၀၁၃။ ၂၀၁၃ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၂၃ မေ ၂၀၁၃)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ↑ ကုန်သွယ်ညွှန်ချုပ်ရာထူးက ထုတ်ပယ်ခံရပေမဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်နဲ့ ပတ်သက်မှုမရှိသေး။ VOA Burmese (၁၅ ဇန်နဝါရီ ၂၀၁၉)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ↑ ကုန်သွယ်မှုဖြင့် နိုင်ငံ့စီးပွား ဖြည့်တင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မျှော်မှန်းဆောင်ရွက်။ Myanmar Digital News (၁၂ မေ ၂၀၂၀)။ 6 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information။ 2026-04-10 တွင် ပြန်စစ်ပြီး။