မာတိကာသို့ ခုန်သွားရန်

အောင်ကျော်ဟိုး

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် (ငြိမ်း)
ဝဏ္ဏကျော်ထင်၊ ဦး

အောင်ကျော်ဟိုး
အလုပ်သမားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ဦးဝင်းရှိန်
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးချစ်ဆွေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၅ မေ ၂၀၂၄ []  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူဗိုလ်ချုပ်ကြီးမိုးအောင်
ဆက်ခံသူဝန်ကြီးဌာနဖျက်သိမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၂၂ ဇန်နဝါရီ ၂၀၂၄  ၅ မေ ၂၀၂၄
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူရာထူးစတင်
ဆက်ခံသူအောင်နိုင်ဦး
ကာကွယ်ရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန်
တာဝန်သက်တမ်း
၂၀၁၅  ၂၂ ဇန်နဝါရီ ၂၀၂၄
ယခင်လူရာထူးစတင်
ဆက်ခံသူဗိုလ်မှူးချုပ် မျိုးမင်း []
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇
နိုင်ငံသားမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၈-၂၀၂၄
ရာထူးဗိုလ်မှူးချုပ်

ဦးအောင်ကျော်ဟိုး သည် ဦးညိုစောအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) နှင့်[] (၃) တို့၏ ဝန်ကြီးတာဝန်များ နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဖြစ်ခဲ့သည်။ []

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် ဗိုလ်သင်တန်း အပါတ်စဉ် ၇၇ (OTS – 77) ဆင်း ဖြစ်သည်။ မြန်မာ့တပ်မတော်တွင် နှစ် ၃၀ ကျော် တာဝန် ထမ်းဆောင်သည်။၂၀၁၅ ခုနှစ် ဧပြီလ ထဲတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။[] သူသည် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ညွှန်ကြားပါက တပ်မတော်ဘက်က စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု ပြောစကားမှာလည်း ထင်ရှားခဲ့သည်။[] []

ပြည်ထောင်စုဝန်ကြီး

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အမြဲတမ်းအတွင်းဝန် အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်သည်။[] သူသည် ဗိုလ်မှူးချုပ် အဖြစ်မှ အငြိမ်းစားယူကာ ဝန်ကြီးဖြစ်လာခြင်း ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ၏ ဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အလုပ်သမားဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ချီးမြှင့်ခံရသည့်ဘွဲ့

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်  ၂၆ /၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စီမံထူးချွန်တံဆိပ် (ပထမဆင့်) ကို ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်ခဲ့သည်။ []

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄ ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၅ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း MOI Myanmar (၁၀ ဧပြီ ၂၀၂၄)။ ၁၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ကာကွယ်ရေးအတွင်းဝန် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဖြစ်လာ BBC Burmese (၂၃ ဇန်နဝါရီ ၂၀၂၄)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener အား လက်ခံတွေ့ဆုံ CINCDS Myanmar (၂၉ ဇန်နဝါရီ ၂၀၂၀)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. အမြဲတမ်း အတွင်းဝန်တွေ စခန့် BBC Burmese (၁၉ ဧပြီ ၂၀၁၅)။ ၂၄ ဇန်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. သမ္မတ ညွှန်ကြားပါက စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု တပ်မတော် ပြော The Irrawaddy (၁၉ မေ ၂၀၁၈)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. သမ္မတအမိန့်အတိုင်း တပ်မတော် လိုက်နာဆောင်ရွက်မည် VOA Burmese (၂၉ မေ ၂၀၁၈)။ ၂၄ ဇန်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၂၂ ဇန်ဝါရီ ၂၀၂၄)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း NPE။ ၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၂၃ MWD Webportal (၄ ဇန်နဝါရီ ၂၀၂၃)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။