မာတိကာသို့ ခုန်သွားရန်

ကိုကိုလွင်

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ် (ငြိမ်း)
သရေစည်သူ၊ ဦး

ကိုကိုလွင်
၂၀၂၆ ခုနှစ် မတ်လအတွင်း ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော်၌ ကိုကိုလွင်ကို တွေ့ရစဉ်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်ဦးအေးကျော်
ဦးကျော်နိုင်ဝင်း
ယခင်လူ
  • ကိုယ်တိုင် (စွမ်းအင်)
  • ဉာဏ်ထွန်း(လျှပ်စစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၆ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူခင်နှင်းသစ်
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
ဆက်ခံသူလစ်လပ်
မဲဆန္ဒနယ်ပန်းတောင်းမြို့နယ်
အနိုင်ရမဲ အရေအတွက်မဲ ၄၁၀၂၂
(၅၅.၄၃ရာခိုင်နှုန်း)
စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်သန့်စင်
ဝန်ကြီးချုပ်ညိုစော
ယခင်လူကိုယ်တိုင်
ဆက်ခံသူကိုယ်တိုင် (လျှပ်စစ်နှင့် စွမ်းအင်)
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူမျိုးမြင့်ဦး
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁ (အသက် ၆၄၆၅)
ပန်းတောင်းမြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်မိုးမိုးလွင်
မိခင်ကျောင်းရန်ကုန်စက်မှုတက္ကသိုလ်
ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၁)
ဆုတံဆိပ်များဇေယျကျော်ထင်(၂၀၁၆)
သရေစည်သူ(၂၀၂၃)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၉၀-၂၀၂၃
ရာထူးဗိုလ်ချုပ်(ကြည်း ၁၉၆၈၅)
Commandsကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ဒုတိယအရာရှိချုပ်
ပြန်တမ်းဝင်အမှတ်ကြည်း ၁၉၆၈၅

ဦးကိုကိုလွင် (၁၉၆၁ ဖွား) သည် ဦးမင်းအောင်လှိုင်အစိုးရလျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[]ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထိုရာထူး တင်မြှောက်ခံရပြီး ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ဦးညိုစောအစိုးရတို့တွင် စွမ်းအင်ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။[] ၎င်းသည် တပ်မတော် တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် အဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

၁၉၆၁ ခုနှစ် တွင် ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ် တွင် အဖ ဦးဝင်းလွင်၊အမိ ဒေါ်ခင်အေးလှိုင် တို့မှ မွေးဖွားခဲ့သည်။ငယ်စဉ်ဘဝ ပညာရေးကို မွေးရပ်ဇာတိတွင် ဖြတ်သန်းခဲ့ပြီး၊ ၁၉၇၈ ခုနှစ် တွင် ဆယ်တန်းအောင်မြင်ခဲ့သည်.

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးကိုကိုလွင်သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။၁၉၈၄ ခုနှစ် တွင် အင်ဂျင်နီယာဘွဲ့(စက်မှု) ရရှိပြီးနောက်၊ ၁၉၈၅ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၁)သို့ တက်ရောက်သည်။

၁၉၈၆ ခုနှစ်တွင် ဒုတိယဗိုလ်(အလုပ်ရုံခွဲမှူး)ဖြင့် စစ်မှုစထမ်းသည်။ သူ၏ စစ်မှုထမ်းကာလသည် နှစ် ၃၀ကျော် ရှိသည်။၎င်းသည် တိုက်ကြီးအခြေစိုက် ကပစ ၁၁ စက်ရုံမှူး၊ နေပြည်တော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ဌာနကြီးမှူး အစရှိသည့် တာဝန်များထမ်းဆောင်ပြီးနောက်[] ၂၀၁၆ ခုနှစ်တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာခဲ့သည်။

ထိုတာဝန်ကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၃ရက်နေ့ မတိုင်မီအထိ ဗိုလ်ချုပ်အဆင့်ဖြင့် နောက်ဆုံးထမ်းဆောင်ကာ အငြိမ်းစားယူသည်။သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သော ဆက်ဆံရေးရှိသူဖြစ်သည်။[] နေပြည်တော် မာရဝိဇယဘုရား တည်ဆောက်ရေးလုပ်ငန်းတွင် ဦးဆောင်တည်ဆောက်ပေးခဲ့သူများထဲတွင် ၎င်းလည်း ပါဝင်သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ပြည်ထောင်စုဝန်ကြီး

[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဩဂုတ် ၃ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးသည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် စွမ်းအင်ဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသည်။ []

ထို့နောက် ၂၀၂၆ ခုနှစ်၊ဧပြီ ၁၀ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက် ခန့်ထားခဲ့သည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ပန်းတောင်းမြို့နယ် မှ ရွေးကောက်ပွဲ ဝင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[]၎င်းသည် မဲပေးခဲ့ကြသူများ၏ ခိုင်လုံမဲ ၇၄၀၀၆ မဲတွင် ၄၁၀၂၂ မဲရရှိပြီး အနိုင်ရခဲ့သည်။ ၎င်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ဘက်များမှာ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ နှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ဖြစ်ကြသည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

သူ့ကို ၂၀၁၆ ခုနှစ် မတ်လ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၂၄ /၂၀၁၆ ဖြင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[]

ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက်တွင်လည်း သရေစည်သူဘွဲ့ ထပ်မံချီးမြှင့်သည်။[]

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။၁၉၈၈ ခုနှစ်၊နိုဝင်ဘာ တွင် ဒေါ်မိုးမိုးလွင် နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဧရာဝတီ (2026-04-07)။ စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်းရံ (in en-US)။ 2026-04-09 တွင် ပြန်စစ်ပြီး။
  2. Union Minister U Ko Ko Lwin Met the Russian Minister of Energy Information Sheet(Myanmar 2021) (10 October 2023)။ 16 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2023 တွင် ပြန်စစ်ပြီး။
  3. ဘုရားတည်ပေးခဲ့တဲ့ လက်နက်ထုတ်လုပ်ရေး ဒု - အရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင် ကို စွမ်းအင်ဝန်ကြီး ခန့် မြေလတ်အသံ (၂၄ ဩဂုတ် ၂၀၂၃)။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Myanmar junta keeps energy sector under military control with appointment of new ministers Myanmar Now (18 August 2023)။ 14 October 2023 တွင် ပြန်စစ်ပြီး။
  5. SAC reshuffles Union cabinet under Order No 61/2023 TheGlobalNewLightOfMyanmar (4 August 2023)။ 19 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
  7. ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၄ / ၂၀၁၆ ဇေယျကျော်ထင် ဘွဲ့ ချီးမြှင့်ခြင်း မြန်မာနိုင်ငံတော်ပြန်တမ်းစာစောင် (၁ မတ် ၂၀၁၆)။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြင့်ခြင်း MWD Webportal (၂၃ ဇူလိုင် ၂၀၂၃)။ 24 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။