မာတိကာသို့ ခုန်သွားရန်

ကိုကိုလွင်

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ် (ငြိမ်း)
သရေစည်သူ၊ ဦး

ကိုကိုလွင်
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ဦးသန့်စင်
ဝန်ကြီးချုပ်ညိုစော
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူမျိုးမြင့်ဦး
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
လူမျိုးမြန်မာ
ကြင်ဖော်မိုးမိုးလွင်
မိခင်ကျောင်းရန်ကုန်စက်မှုတက္ကသိုလ်
ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၁)
ဆုတံဆိပ်များဇေယျကျော်ထင်(၂၀၁၆)
သရေစည်သူ(၂၀၂၃)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၉၀-၂၀၂၃
ရာထူးဗိုလ်ချုပ်(ကြည်း ၁၉၆၈၅)
Commandsကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ဒုတိယအရာရှိချုပ်
ပြန်တမ်းဝင်အမှတ်ကြည်း ၁၉၆၈၅

ဦးကိုကိုလွင်(၁၉၆၂ ဖွား) သည် စွမ်းအင်ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[] ထိုတာဝန်မတိုင်မီက သူသည် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်ခဲ့သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးကိုကိုလွင်သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။အင်ဂျင်နီယာဘွဲ့ရရှိပြီးနောက် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၁)သို့ တက်ရောက်ကာ စစ်မှုထမ်းသည်။သူ၏ စစ်မှုထမ်းကာလသည် နှစ် ၃၀ကျော် ရှိသည်။၎င်းသည် တိုက်ကြီးအခြေစိုက် ကပစ ၁၁ စက်ရုံမှူး၊ နေပြည်တော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ဌာနကြီးမှူး အစရှိသည့် တာဝန်များထမ်းဆောင်ပြီးနောက်[] ၂၀၁၅ ခုနှစ် နောက်ပိုင်း တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာခဲ့သည်။ထိုတာဝန်ကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၃ရက်နေ့ မတိုင်မီ အထိ ဗိုလ်ချုပ်အဆင့်ဖြင့် နောက်ဆုံးထမ်းဆောင်ကာ အငြိမ်းစားယူသည်။သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သော ဆက်ဆံရေးရှိသူဖြစ်သည်။[] နေပြည်တော် မာရဝိဇယဘုရား တည်ဆောက်ရေးလုပ်ငန်းတွင် ဦးဆောင်တည်ဆောက်ပေးခဲ့သူများထဲတွင် သူလည်း ပါဝင်သည်။

ပြည်ထောင်စုဝန်ကြီး

[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဩဂုတ် ၃ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးသည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် စွမ်းအင်ဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသည်။ []

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

သူ့ကို ၂၀၁၆ ခုနှစ် မတ်လ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၂၄ /၂၀၁၆ ဖြင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[]

ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက်တွင်လည်း သရေစည်သူဘွဲ့ ထပ်မံချီးမြှင့်သည်။[]

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Union Minister U Ko Ko Lwin Met the Russian Minister of Energy Information Sheet(Myanmar 2021) (10 October 2023)။ 16 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2023 တွင် ပြန်စစ်ပြီး။
  2. ဘုရားတည်ပေးခဲ့တဲ့ လက်နက်ထုတ်လုပ်ရေး ဒု - အရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင် ကို စွမ်းအင်ဝန်ကြီး ခန့် မြေလတ်အသံ (၂၄ ဩဂုတ် ၂၀၂၃)။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. Myanmar junta keeps energy sector under military control with appointment of new ministers Myanmar Now (18 August 2023)။ 14 October 2023 တွင် ပြန်စစ်ပြီး။
  4. SAC reshuffles Union cabinet under Order No 61/2023 TheGlobalNewLightOfMyanmar (4 August 2023)။ 14 October တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၄ / ၂၀၁၆ ဇေယျကျော်ထင် ဘွဲ့ ချီးမြှင့်ခြင်း မြန်မာနိုင်ငံတော်ပြန်တမ်းစာစောင် (၁ မတ် ၂၀၁၆)။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြင့်ခြင်း MWD Webportal (၂၃ ဇူလိုင် ၂၀၂၃)။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။