မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (August 2008) |
မြန်မာနိုင်ငံကူးလက်မှတ် | |
![]() မြန်မာနိုင်ငံကူးလက်မှတ်၏ အရှေ့မျက်နှာဖုံး
| |
ထုတ်ပေးသူ | ![]() |
စာရွက်စာတမ်းအမျိုးစား | နိုင်ငံကူးလက်မှတ် |
ရည်ရွယ်ချက် | အသိသက်သေခွဲခြားရန် |
တရားဝင်မှုလိုအပ်ချက် | မြန်မာနိုင်ငံသား |
မြန်မာနိုင်ငံသားများအတွက် နိုင်ငံတော်မှထုတ်ပေးသော နိုင်ငံကူးလက်မှတ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည်။ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နေ့စဉ် ထောင်ဂဏန်းခန့် လာရောက်လျှောက်ထားလေ့ရှိကြသည်။[၁]၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသား ၁သန်းခန့်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ပြီဖြစ်သည်။[၂]
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး[ပြင်ဆင်ရန်]
ယခင်က ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်သာ ထုတ်ပေးခဲ့ရာမှ ၂၀၁၄ခုနှစ်မှစ၍ ပြည်နယ်နှင့်တိုင်းမြို့တော်များအပါအဝင် နေပြည်တော်၌ပါ ရုံးများဖွင့်လှစ်ခဲ့သဖြင့် ယခုအခါတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (၁၅)ရုံးရှိလာပြီဖြစ်သည်။
အမျိုးအစား[ပြင်ဆင်ရန်]
မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား (၃) မျိုးရှိသည်။ အစိုးရ ဝန်ထမ်းများအတွက် နိုင်ငံကူးလက်မှတ် အစိမ်းရောင်၊ သံတမန်များအတွက် နိုင်ငံကူးလက်မှတ် အပြာရောင် နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် အနီရောင်တို့ ဖြစ်သည်။ အနီရောင် နိုင်ငံကူးလက်မှတ်များသည် သက်တမ်းအားဖြင့် ၅ နှစ်ရှိပြီး အစိမ်းရောင် နိုင်ငံကူးလက်မှတ်များသည် သက်တမ်းအားဖြင့် ၃ နှစ် ရှိသည်။ သက်တမ်းကုန်ဆုံးပါက အသစ်ပြန်လည် လဲလှယ်ရသည်။
၂၀၁၀ ခုနှစ် ဧပြီလမှ စတင်၍ နိုင်ငံကူးလက်မှတ်များကို လက်ရေးနှင့် ဖြည့်သွင်းရေးသားခြင်းမှ စက်ဖြင့် ဖြည့်သွင်းရေးသားခြင်း ပြောင်းလဲခဲ့သည်။
ပြည်ဝင်ခွင့် ဗီဇာမပါရှိဘဲ သွားရောက်ခွင့် ရှိသောနိုင်ငံများ[ပြင်ဆင်ရန်]
မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် အောက်ဖော်ပြပါ နိုင်ငံများကို ပြည်ဝင်ခွင့် ဗီဇာ မပါရှိဘဲ ဝင်ရောက်ခွင့် ရှိပြီဖြစ်သည်။
- ဘရူနိုင်း
- ကမ္ဘောဒီးယား
- အင်ဒိုနီးရှား
- လာအို
- ဖိလစ်ပိုင်
- ဗီယက်နမ်
- ထိုင်း
- စင်ကာပူ
ယခင်နိုင်ငံကူးလက်မှတ်များ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
![]() | ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |