မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ ၏ ဒုတိယဝန်ကြီးချုပ်
State seal of Myanmar.svg
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ဗိုလ်ချုပ်ကြီး မြထွန်းဦး
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
ဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဦးဝင်းရှိန်
ပုံစံH.E
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဖွဲ့စည်းခြင်း
  • ၄ ဇန်နဝါရီ ၁၉၄၈ (၁၉၄၇ အခြေခံဥပဒေအရ)
  • ၁ ဩဂုတ် ၂၀၂၁ (အိမ်စောင့်အစိုးရဒုတိယဝန်ကြီးချုပ်)
ပထမဆုံး ထမ်းဆောင်သူဗိုလ် လကျာ်
ဖျက်သိမ်းခြင်း၃၀ မတ် ၂၀၁၁ (၂၀၀၈ အခြေခံဥပဒေအရ)

မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် (အင်္ဂလိပ်: Deputy Prime Minister of Myanmar) သည် မြန်မာနိုင်ငံအစိုးရအဖွဲ့များ၏ ဒုတိယခေါင်းဆောင်များဖြစ်သည်။ ၂၀၂၁ခုနှစ်မှစ၍ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။ ၂၀၂၃ခုနှစ် ​ဖေ​ဖော်ဝါရီလတွင် ဒုတိယဝန်ကြီးချုပ် (၄)ဦးအား ထပ်မံခန့်အပ်ခဲ့ရာ လက်ရှိတွင် ဒုတိယဝန်ကြီးချုပ် (၅)ဦးအထိ ရှိလာခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၄၇ အခြေခံဥပဒေအရ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ခုနှစ်မှ စတင်၍ အုပ်ချုပ်ခဲ့သည့် အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့များ၏ ခေါင်းဆောင်ဖြစ်သည်။နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ ခေါင်းဆောင်သာဖြစ်သည်။အစိုးရအဖွဲ့များ၏ ဒုတိယခေါင်းဆောင်အဖြစ် ဒုတိယဝန်ကြီးချုပ်များ ရှိခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်၏ခေါင်းဆောင်နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် သမ္မတကိုသာ ထားရှိခဲ့သည်။ထို့ကြောင့် ဝန်ကြီးချုပ်ရာထူးသည် ၂၀၁၁ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။သို့သော် နအဖ၏ နောက်ဆုံးအစိုးရအဖွဲ့ဖြစ်သော ပထမဦးသိန်းစိန်အစိုးရတွင် ဒုတိယဝန်ကြီးချုပ် မရှိပေ။ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သာရှိသည်။

၂၀၂၁အာဏာသိမ်းယူမှုအပြီး ၆လအကြာတွင် ဖွဲ့စည်းခဲ့သည့် အိမ်စောင့်အစိုးရတွင် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်ရာထူးများကို ပြန်လည် ဖန်တီးခဲ့သည်။[၁][၂]၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ် (၄)ဦးအား ထပ်မံခန့်အပ်ခဲ့ရာ အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် (၅)ဦးအထိ ရှိလာခဲ့သည်။[၃]

ဒုတိယဝန်ကြီးချုပ်များစာရင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်များ စာရင်း

ကိုးကား[ပြင်ဆင်ရန်]