မင်းထွဋ်
မင်းထွဋ် | |
|---|---|
| ဒုတိယဝန်ကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန | |
| တာဝန်သက်တမ်း ၄ ဇူလိုင် ၂၀၂၄ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ယခင်လူ | မောင်မောင်ဝင်း |
| ဆက်ခံသူ | ဒေါ်သန်းသန်းလင်း |
| ညွှန်ကြားရေးမှူးချုပ် ပြည်တွင်းအခွန်များ ဦးစီးဌာန | |
| တာဝန်သက်တမ်း ၂၄ မေ ၂၀၁၃ – ၄ ဇူလိုင် ၂၀၂၄ | |
| ယခင်လူ | သန်းအောင်(ယာယီပူးတွဲ) နိုင်ဆွေဦး(ယာယီပူးတွဲ |
| ဆက်ခံသူ | မြမြဦး [၁] |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉ ဒီဇင်ဘာ၊ ၁၉၆၃ |
| ကြင်ဖော် | ပါမောက္ခဒေါက်တာ ချိုချိုညွှန့် |
| ဆွေမျိုးသားချင်း | ဒေါ်မော်မော် (အမ) [၂] |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| ရာထူး | ဗိုလ်မှူး |
ဦးမင်းထွဋ် (၁၉ ဒီဇင်ဘာ ၁၉၆၃ ဖွား) သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။
ပညာရေး
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အမှတ်စဉ် (၂၅) ဆင်း တစ်ဦးဖြစ်သည်။ယင်းတက္ကသိုလ် မှ B.Sc (DSA) ဘွဲ့ရရှိခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]ဦးမင်းထွဋ် သည် ဗိုလ်မှူးအဆင့် ဖြင့် တပ်မတော် မှ အငြိမ်းစား ယူ၍ အရပ်ဘက်သို့ ကူးပြောင်းကာ ပြည်တွင်းအခွန်များ ဦးစီးဌာန တွင် အလုပ်ဝင်သည်။ယင်းနောက် ရာထူးအဆင့်ဆင့်တိုးသည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့ တွင် ဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရသည်။[၃]ထိုတာဝန်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ အထိ တာဝန်ထမ်းဆောင်သည်။
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]သူ့ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ တွင် ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်မှ ဖယ်ရှားကာ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဌာန (NRPC) ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် သို့ ဦးဝင်းမြင့်အစိုးရအဖွဲ့ က ပြောင်းရွှေ့ခဲ့သည်။[၄]ဌာန ပြောင်းရွှေ့လိုက်သည့် အပေါ် ထိုစဉ်က နိုင်ငံတော်သမ္မတရုံး က “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ ကိစ္စရပ်များကြောင့်” ဟု အကြောင်းပြချက်ပေးခဲ့သည်။သို့သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ထဲတွင် သူ့ကို စစ်ကောင်စီ က မူလရာထူးဖြစ်သည့် ပြည်တွင်းအခွန်ညွှန်ချုပ် ရာထူး ပြန်လည်ပေးအပ်သည်။[၅]
ဒုတိယဝန်ကြီးဖြစ်လာပုံ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ရက် နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးသည်။[၆]ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း။ MOI Myanmar (၁ ဩဂုတ် ၂၀၂၄)။ ၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များအား အဝေးရောက်လက်ခံရယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံ တာဝန်ရှိသူများသွားရောက်၍ လက်ရောက်ချီးမြှင့်အပ်နှင်း။ MWD Webportal (၁၁ ဇန်နဝါရီ ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ။ ပြည်တွင်းအခွန်များဦးစီးဌာန။ 25 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်တွင်းအခွန်ညွှန်ချုပ် ဦးမင်းထွဋ် NRPC သို့ ပြောင်းရွှေ့ခံရ။ The Irrawaddy (၁၅ စက်တင်ဘာ ၂၀၂၀)။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း MIC ဥက္ကဋ္ဌ အသစ်ဖြစ်လာ။ The Irrawaddy (၈ မေ ၂၀၂၁)။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၄ ဇူလိုင် ၂၀၂၄)။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။