မာတိကာသို့ ခုန်သွားရန်

မင်းသိန်းဇံ

ဝီကီပီးဒီးယား မှ

မင်းသိန်းဇံ
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇန်နဝါရီ ၂၀၂၅
လက်ထောက်
  • ဦးမျိုးလှိုင်
  • ​ဒေါက်တာစိုးဝင်း (၂၀၂၂-၂၀၂၃)
  • ဦးဇင်မင်းထက်
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေးနှင့် အားကစားအဖြစ်)
ဆက်ခံသူJeng Phang နော်တောင်
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇန်နဝါရီ ၂၀၂၅
ယခင်လူဒေါက်တာသက်ခိုင်ဝင်း
ဆက်ခံသူJeng Phang နော်တောင်
သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
​အောက်တိုဘာ ၂၀၁၃  ၂၀၁၈
သမ္မတ
ယခင်လူဦးမျိုးလွင်[]
ဆက်ခံသူဦးဟန်သူ[]
မော်လဒိုက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ကိုယ်ရေး အချက်အလက်များ
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များသီရိပျံချီဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်မှူးချုပ်

ဦးမင်းသိန်းဇံသည် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကာ သီရိလင်္ကာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရသည်။[][]

အလုပ်အကိုင်

[ပြင်ဆင်ရန်]

ဦးမင်းသိန်းဇံသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃)ဆင်းဖြစ်သည်။[] တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ပြည့်နှစ်တွင် ဘုတ်ပြင်းတပ်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ကိုယ်ပိုင်အမှတ်မှာ ကြည်း ၁၆၇၃၆ ဖြစ်သည်။ တပ်မတော်တွင် (၃၅)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ် မေလ (၁၄)ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဖြစ်လာခဲ့သည်။ ၂၀၁၄ခုနှစ် ဩဂုတ်လ ၅ရက်နေ့တွင် မော်ဒိုက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ပူးတွဲခန့်အပ်ခံရသည်။[]

ပြည်ထောင်စုဝန်ကြီး

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းရာ ဦးမင်းသိန်းဇံအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[][]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးမင်းသိန်းဇံ၏ ဇနီး ဒေါ်မေသန်းကြိုင်သည် ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခဖြစ်သည်။ ၎င်းတို့သည် ငယ်ရွယ်စဉ်ကပင် အိမ်နီးချင်းသူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး ၁၉၈၀ကျော်တွင် လက်ထပ်ခဲ့ကြသည်။ ၎င်းတို့တွင် သားသုံးဦးရှိသည်။ သားအကြီးဆုံးမှာ သင်္ဘောကပ္ပတိန်၊ အလတ်မှာ ဒုတိယတန်းအရာရှိဖြစ်ပြီး အငယ်ဆုံးမှာ မြို့ပြအင်ဂျင်နီယာဖြစ်သည်။ ထို့အပြင် မွေးစားသားတစ်ဦးလည်းရှိသည်။

ဦးမင်းသိန်းဇံသည် ဂေါက်သီးရိုက်အားကစားကို ဝါသနာပါသူဖြစ်သည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. U Min Thein Zan - Myanmar's New Ambassador to Sri Lanka. 9 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2023 တွင် ပြန်စစ်ပြီး။
  2. APPOINTMENT OF AMBASSADOR OF THE REPUBLIC OF THE UNION OF MYANMAR TO SRI LANKA 9 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2023 တွင် ပြန်စစ်ပြီး။
  3. 1 2 Aced art
  4. 1 2 New Burmese Ambassador presents credentials to the President
  5. “An Attempt to Lead Myanmar Back to the Future? Data on the State Administration Council Regime’s Union Ministers”
  6. စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်း
  7. မြန်မာ့အားကစားသမိုင်းနှင့် ဝန်ကြီးဌာန သမိုင်းအကျဉ်း
  8. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း MOI Myanmar (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။