လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဦးဉာဏ်ထွန်း
ဒုတိယဝန်ကြီးများဦး​​အေး​ကျော်
ဝက်ဘ်ဆိုက်moep.gov.mm

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electric Power; အတိုကောက် MOEP) သည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားရေးရာ မူဝါဒများကို ကိုင်တွယ်ရသော ဝန်ကြီးဌာနဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစကအိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၁]

ဌာနများ[ပြင်ဆင်ရန်]

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်တွင် လျှပ်စစ်စွမ်းအား ဦးစီးဌာန၊ ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မန္တလေးမြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပါဝင်သည်။

အကြီးအကဲများ[ပြင်ဆင်ရန်]

ပြည်​ထောင်စုဝန်ကြီးများ[ပြင်ဆင်ရန်]

  • ဦး​သောင်းဟန် (၂ ​မေ ၂၀၂၂ -၂ ဩဂုတ် ၂၀၂၃ )[၂] [၃]
  • ဦးဉာဏ်ထွန်း [၄] ( ၃ ဩဂုတ် ၂၀၂၃ - လက်ရှိ)

ဒုတိယဝန်ကြီးများ[ပြင်ဆင်ရန်]

  • ​ဒေါက်တာ​အောင်​ဇေယျ (၂ ​မေ ၂၀၂၂ - ဧပြီ ၂၀၂၃)
  • ဦး​အေး​ကျော် (၂၀၂၃ - လက်ရှိ)

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။ 
  2. "ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း"။ 
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၉ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်းMOI Myanmar (၂ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]