စွမ်းအင် ဝန်ကြီးဌာန
| Ministry of Energy | |
ဝန်ကြီးဌာနတံဆိပ် | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း |
|
| ယခင်အဖွဲ့အစည်း | ပြည်သူ့ရေနံလုပ်ငန်း |
| အစားထိုးခြင်း | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (၂၀၁၆ - ၂၀၂၂) |
| အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
| ဌာနချုပ် | ရုံးအမှတ် ၆၊ နေပြည်တော် |
| ဝန်ကြီးများ | ဦးကိုကိုလွင် |
| ဌာနခွဲများ | ဝန်ကြီးရုံး စွမ်းအင်စီမံရေးဦးစီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း |
| ဝက်ဘ်ဆိုက် | energy.gov.mm |
စွမ်းအင်ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Energy) မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍဖွံ့ဖြိုးစေရန် ဦးဆောင်သည့် ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအားဖြင့် စွမ်းအင်တူးဖော်ခြင်း၊ ဖြန့်ချိခြင်း ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ၊ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန ကြီးကြပ်မှု အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအဖြစ် အမည်ပြင်ဆင်ပြောင်းလဲခဲ့သည်။ မြန်မာ့ရေနံကော်ပိုရေးရှင်းသည် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့်ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက် စက်ရုံများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အမှတ်(၂)စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေနံကော်ပိုရေးရှင်းကိုပါ အမှတ်(၂)စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သဖြင့် အောက်ပါအဖွဲ့အစည်း(၃)ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
- မြန်မာ့ရေနံကော်ပိုရေးရှင်း
- ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း
- ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း [၁]
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၂၀၂၂ ခုနှစ် မေလ ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၃/၂၀၂၂ ဖြင့် မင်းအောင်လှိုင်အစိုးရလက်ထက်မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၂]
ဝန်ကြီးဌာန ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၁၉၈၅
[ပြင်ဆင်ရန်]၁၉၈၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- ဝန်ကြီးရုံး (အသစ်ဖွဲ့စည်းခြင်း)
- စွမ်းအင်စီမံရေး ဦးစီးဌာန (အသစ်ဖွဲ့စည်းခြင်း)
- မြန်မာ့ရေနံ ကော်ပိုရေးရှင်း
- ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကော်ပိုရေးရှင်း
- ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေး ကော်ပိုရေးရှင်း
- လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၊
၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ်(၂/၈၉)အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏အမည်များကို ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်သဖြင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခု၏အမည်များကို အောက်ပါအတိုင်း ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
- ဝန်ကြီးရုံး
- စွမ်းအင်စီမံရေး ဦးစီးဌာန
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
- မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းသွားခဲ့သည်။
၂၀၂၂ ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ယခုလက်ရှိ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှာ -
- ပြည်ထောင်စုဝန်ကြီးရုံး
- ရေနံနှင့် သဘာဝဓာတ်ငွေ့စီးမံဦးစီးဌာန
- ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း တို့ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးရုံး
[ပြင်ဆင်ရန်]စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို ၁၉၈ရ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အရာထမ်း(၈)ဦး၊ အမှုထမ်း(၄၀)ဦး၊ စုစုပေါင်း(၄၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ရက်နေ့တွင် အရာထမ်း(၁၆)ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ်သည်များကို စီမံခန့်ခွဲခြင်း နှင့် အထက်ဌာန/ အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာန/အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဝန်ကြီးရုံး ရုံးအဖွဲ့ကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားရှိသည်။[၃]
- အဖွဲ့ခွဲ(၁)
- အဖွဲ့ခွဲ(၂)
- အဖွဲ့ခွဲ(၃)
- သတင်းအချက်အလက်နှင့်နည်းပညာဌာန
စွမ်းအင်စီမံရေး ဦးစီးဌာန
[ပြင်ဆင်ရန်]စွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုဌာန တစ်ခုဖြစ်ပြီး၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည်။ စွမ်းအင်စီမံရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ ဌာနခွဲ(၃)ခု ပါဝင်သည်။[၄]
- စီးပွားရေးစီမံရေးဌာနခွဲ
- ထုတ်လုပ်မှုစီမံရေးဌာနခွဲ
- အထွေထွေစီမံရေးဌာနခွဲ
ပြည်ထောင်စုဝန်ကြီးများ(၂၀၁၀-လက်ရှိကာလ)
[ပြင်ဆင်ရန်]| စဉ် | အမည် | ကာလ | |
|---|---|---|---|
| မှ | ထိ | ||
| ၁ | ဦးသန်းဌေး | ၂၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ |
| ၂ | ဦးဇေယျာအောင် | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ |
| ၃ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၆ ဧပြီ ၂၀၁၆ |
| ၄ | ဦးဖေဇင်ထွန်း | ၇ ဧပြီ ၂၀၁၆ | ၁ ဩဂုတ် ၂၀၁၇ |
| ၅ | ဦးဝင်းခိုင် | ၂ ဩဂုတ် ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ |
| ၆ | ဦးအောင်သန်းဦး | ၂ မေ ၂၀၂၂ | ၅ ဩဂုတ် ၂၀၂၂ |
| ၇ | ဦးသောင်းဟန် | ၂ မေ ၂၀၂၂ | ၅ ဩဂုတ် ၂၀၂၂ |
| ၈ | ဦးမျိုးမြင့်ဦး | ၅ ဩဂုတ် ၂၀၂၂ | ၂ ဩဂုတ် ၂၀၂၃ |
| ၉ | ဦးကိုကိုလွင် | ၃ ဩဂုတ် ၂၀၂၃ | ယနေ့ထိ [၅] |
| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | ဝန်ကြီးချုပ် | သမ္မတ | အစိုးရအဖွဲ့ | ရင်းမြစ် | ||
|---|---|---|---|---|---|---|---|---|---|---|
| ၁။ | ဦးသန်းဌေး | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ရာထူးမရှိ။ | ဦးသိန်းစိန် | ဦးသိန်းစိန်အစိုးရ | ||||
| ၂။ | ဦးဇေယျာအောင် | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ရာထူးမရှိ။ | ဦးသိန်းစိန် | |||||
| ဝန်ကြီးဌာန ဖျက်သိမ်း။ | ||||||||||
| ၃။ | ဦးသောင်းဟန် | ၂ မေ ၂၀၂၂[၆] | ၅ ဩဂုတ် ၂၀၂၂ | ဦးသန့်စင် | မင်းအောင်လှိုင် | မင်းအောင်လှိုင်အစိုးရ | ||||
| လျှပ်စစ်စွမ်းအင်ဝန်ကြီး အဖြစ် ပူးတွဲခန့်အပ်။ | ||||||||||
| ၄။ | ဦးမျိုးမြင့်ဦး | ၅ ဩဂုတ် ၂၀၂၂ | ၃ ဩဂုတ် ၂၀၂၃ | ဦးသန့်စင် | မင်းအောင်လှိုင် | မင်းအောင်လှိုင်အစိုးရ | ||||
| ၅။ | ဦးကိုကိုလွင် | ၃ ဩဂုတ် ၂၀၂၃[၇] | ၃၁ ဇူလိုင် ၂၀၂၅ | ဦးသန့်စင် | မင်းအောင်လှိုင် | မင်းအောင်လှိုင်အစိုးရ | ||||
| ၃၁ ဇူလိုင် ၂၀၂၅[၈] | ယနေ့အထိ | ဦးသန့်စင် | ညိုစော | ဦးညိုစောအစိုးရ | ||||||
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ပြည်ထောင်စုဝန်ကြီး | အစိုးရအဖွဲ့ | |
|---|---|---|---|---|---|---|
| ၁။ | ဦးသန့်စင် | ၂ မေ ၂၀၂၂[၉] | ၃၁ ဇူလိုင် ၂၀၂၅ | ဦးသောင်းဟန်
ဦးမျိုးမြင့်ဦး |
မင်းအောင်လှိုင်အစိုးရ | |
| ၃၁ ဇူလိုင် ၂၀၂၅[၁၀] | ဦးကိုကိုလွင် | ဦးညိုစောအစိုးရ | ||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝန်ကြီးဌာန အကြောင်း။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"၊ ပြန်ကြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးရုံး။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
- ↑ စွမ်းအင်စီမံရေး ဦးစီးဌာန။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
- ↑ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများ။ စွမ်းအင်ဝန်ကြီးဌာန။ 14 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ SAC reshuffles Union cabinet under Order No 61/2023။ TheGlobalNewLightOfMyanmar (4 August 2023)။ 14 October တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 25 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၉၉၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
ပြင်ပအဆက်အသွယ်
[ပြင်ဆင်ရန်]- စွမ်းအင်ဝန်ကြီးဌာန 14 April 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .