ရာပြည့်
ရာပြည့် | |
|---|---|
| နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ၂၀၂၆ | |
| ယခင်လူ | ကော်မရှင်ဖျက်သိမ်း |
| တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ယခင်လူ | ခွန်သန့်ဇော်ထူး |
| ဆက်ခံသူ | သန်းမောင် |
| နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် |
| ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၃၁ ဇန်နဝါရီ ၂၀၂၅ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၂၂ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ယခင်လူ | ကောင်စီဖျက်သိမ်း |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁၁ မေ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
| ဆက်ခံသူ | ဦးအောင်နိုင်ဦး |
| အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် | |
| တာဝန်သက်တမ်း ၂၂ မေ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄ | |
| ယခင်လူ | ဦးသောင်းထွန်း |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီး မိုးအောင် [၁] |
| ကိုယ်ရေး အချက်အလက်များ | |
| ကြင်ဖော် | သဉ္ဇာဝင်းစိန် |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
| ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တို့၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်ခဲ့သည်။ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)တို့၏ ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်[၂] တာဝန်များ ထမ်းဆောင်ခဲ့သည် ။ [၃]
အလုပ်အကိုင်
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၂)မှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီ သီးခြားတပ်တာဝန် မရှိတော့ပေ။
အစိုးရအဖွဲ့ရာထူးများ
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် မေလ၁၁ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဖြစ်လာသည်။[၄] ထို့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။[၂] ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအား အမှတ် (၁) နှင့် အမှတ် (၂)ဟူ၍ ခွဲခြားပြီးနောက် အမှတ် (၁)၏ ဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်း၏လက်အောက်ရှိ ဌာနများတွင် ယခင်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်အောက်မှ ဌာနတစ်ခုဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနလည်း တစ်ခုအပါအဝင်ဖြစ်သည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ၎င်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။[၅] သူသည် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ်မှ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၆]
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက် တွင် ပြည်ထဲရေးဝန်ကြီး အဖြစ်မှ နယ်စပ်ရေးရာဝန်ကြီး အဖြစ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် သူသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ခံရသည့်အပြင် ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ နယ်စပ်ရေးရာဝန်ကြီး နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး အဖြစ် ပူးတွဲတာဝန်ပေးအပ်ခံရသည် ။[၇]
၂၀၂၆
[ပြင်ဆင်ရန်]အသစ်ဖွဲ့စည်းထားသော သမ္မတ ဦးမင်းအောင်လှိုင်အစိုးရတွင် ဝန်ကြီးအဖြစ် ပါဝင်ခြင်းမရှိတော့ပေ၊ NCA လမ်းစဉ် ပြန်လည် အကောင်အထည်ဖော်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီတွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ လုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် အသီးသီး ခန့်အပ်တာဝန်ပေးခံရသည်။ [၈]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ အရန်အင်အား ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော “စည်သူဘွဲ့” ကို ချီးမြှင့်ခဲ့သည်။ [၉]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- 1 2 "စစ်ကောင်စီ ဥက္ကဋ္ဌ၏ လုံခြုံရေးဆိုင်ရာ အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်လာ"။
- ↑ "ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း"။
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။
- ↑ မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၂၂)။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (National Solidarity and Peace-making Negotiation Committee) ဖွဲ့စည်းခြင်း | Ministry Of Information (in en)။ 2026-04-12 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။