ဝင်းရှိန်
ဗိုလ်မှူးချုပ် (ငြိမ်း) စည်သူ၊ ဦး ဝင်းရှိန် | |
|---|---|
| ဒုတိယဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
| ယခင်လူ | ဦးစိုးဝင်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ်) |
| ဆက်ခံသူ | ဒေါက်တာ ကံဇော် |
| ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၇ စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
| လက်ထောက် | ဒေါက်တာ မောင်မောင်သိမ်း |
| သမ္မတ | ဦးသိန်းစိန် |
| ယခင်လူ | ဦးလှထွန်း |
| ဆက်ခံသူ | ဦးကျော်ဝင်း (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်) |
| ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၉ ဇူလိုင် ၂၀၁၂ – ၇ စက်တင်ဘာ ၂၀၁၂ | |
| ဝန်ကြီး | လှထွန်း |
| ယခင်လူ | ဝင်းသန်း |
| ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၉ ဇူလိုင် ၂၀၁၂ | |
| ဆက်ခံသူ | ဟန်စိန် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ဆုတံဆိပ်များ | စည်သူဘွဲ့ (၂၀၂၄) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | - ၂၀၁၀ |
| ရာထူး | ဗိုလ်မှူးချုပ် |
| ကိုယ်ပိုင်အမှတ် | ရေ/၁၂၈၂ |
ဦးဝင်းရှိန်သည် မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ [၁] သူသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်ခဲ့ပြီး ၂၀၂၁ခုနှစ် မေလတွင် စက်မှု ဝန်ကြီးဌာနကို ပြန်လည်ခွဲထုတ်ခြင်း မပြုမီအချိန်အထိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ် ၃လကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်၏။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ဦးဝင်ရှိန်သည် စစ်တက္ကသိုလ်၊ အပတ်စဉ် (၁၉) မှ ဖြစ်သည်။ ကိုယ်ပိုင်အမှတ်မှာ ရေ/၁၂၈၂ ဖြစ်ပြီး ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံရေးတာဝန်
[ပြင်ဆင်ရန်]သူသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၁၃ မေလမှ ၂၀၁၄ မေလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။[၂]၂၀၁၁ မတ်လမှ ၂၀၁၂ ဇူလိုင်လအထိ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊[၃][၄] ၂၀၁၂ ဇူလိုင်မှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၅] ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီ ကမ္ဘောဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဦးဝင်းရှိန်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးဌေးလှိုင်နှင့်အတူ ခန့်အပ်ခံရသည်။ [၆]
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဦးညိုစော ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်သည့် အခါတွင် ၎င်းသည် အစိုးရအဖွဲ့ထဲ ပြန်ပါမလာတော့ဘဲ တာဝန်အသီးသီးမှ အနားယူသွားခဲ့သည်။[၇]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ရေတပ် လေ့ကျင့်ရေးဌာနချုပ်တွင် ဗိုလ်မှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။[၄]ဦးဝင်းရှိန်၏ ဖခင်ဖြစ်သူ ဦးစန်းရှိန်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။[၈] သူသည် လူရည်ချွန် တစ်ဦးဖြစ်သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ "Politics/ Inside Burma"၊ Shan Herald Agency for News၊ 7 May 2013။ 12 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 27 August 2013။
- ↑ "Myanmar government reshuffled"၊ The Nation၊ 12 July 2012။ 12 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 23 February 2014။
- 1 2 Burma: Comparison of New Government Officials with the Council of the European Union List of Sanctioned Regime Members။ Global Justice Center။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2014 တွင် ပြန်စစ်ပြီး။
- ↑ Cabinet။ Alternative Asean Network on Burma (21 November 2013)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2014 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်။ MOI။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Zay Thu။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား" (in Burmese)၊ Tomorrow၊ 27 August 2014။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2015။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။