ချာလီသန်း

ဝီကီပီးဒီးယား မှ
ချာလီသန်း
စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ မေ ၂၀၂၁
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးဝင်းရှိန် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ်)
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၀၀၈ – ၂၀၁၃
ယခင်လူ​ဒေါက်တာသိန်းထွန်း​
ဆက်ခံသူ​ဒေါက်တာမြတ်လွင်
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်စက်မှုတက္ကသိုလ်
အလုပ်အကိုင်အင်ဂျင်နီယာ၊ ပါမောက္ခချုပ်၊ ဝန်ကြီး

ဒေါက်တာချာလီသန်း (အင်္ဂလိပ်: Charlie Than) သည် စက်မှု ဝန်ကြီးဌာန၏ လက်ရှိပြည်ထောင်စုဝန်ကြီးဖြစ်သည်။ ဝါရင့်အင်ဂျင်နီယာ၊ ဧည့်ပါ​မောက္ခ၊ ပါမောက္ခချုပ်အငြိမ်းစားတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဥက္ကဋ္ဌ[၁]အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၂]

၂၀၂၁ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယခင်ဦးဝင်းမြင့်အစိုးရလက်ထက်တွင် ပေါင်းစည်းခဲ့သည့် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား ပြန်လည်ခွဲထုတ်ခဲ့သည်။ ထို့နောက် ဒေါက်တာချာလီသန်းအား စက်မှုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

ဒေါက်တာချာလီသန်းသည် ၁၉၇၄ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဘွဲလွန်အဖြစ် ရေကြောင်းအင်ဂျင်နီယာပိုင်းတွင်လည်းကောင်း၊ ဒေါက်တာဘွဲ့ကို ရေတပ်ဗိသုကာပိုင်းဖြင့်လည်းကောင်း ရရှိခဲ့သည်။ ၎င်းရရှိခဲ့​သော ဘွဲ့များမှာ B.E(Mech)၊ M.E(Marine)၊ PhD(Naval Architecture)၊ FRINA၊ FIMarEST၊ CEng၊ CMarEng တို့ဖြစ်သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

အင်ဂျင်နီယာဘွဲ့ရရှိပြီးနောက် ၁၉၇၅ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၌ အကြီးတန်းအင်ဂျင်နီယာ၊ ရတနာပုံ၊ ဒလ၊ အလုံ သင်္ဘောကျင်းများ၊ ရေကြောင်းအင်ဂျင်နီယာကဏ္ဍများ၌ ၂၀၀၂ခုနှစ်အထိ ၂၆နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ၁၉၉၆ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၌ ရေတပ်ဗိသုကာနှင့် ရေကြောင်းအင်ဂျင်နီယာပိုင်းတွင် ဧည့်ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။ထို့​နောက် ဧည့်ပါ​မောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ [၄]

၂၀၀၂ခုနှစ်တွင် အသစ်တည်ထောင်လိုက်သော မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဖြစ်လာခဲ့သည်။ ထိုတက္ကသိုလ်သည် ထိုစဉ်က မြန်မာ့တက္ကသိုလ်များတွင် သင်ကြားမှုပုံစံ အကောင်းဆုံးဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် ပါမောက္ခချုပ်ဖြစ်လာပြီး ၂၀၁၃ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ဝန်ထမ်းဘဝမှအငြိမ်းစားယူပြီး ပြင်ပလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် နာယက၊ ၂၀၁၆ခုနှစ်တွင် အင်ဂျင်နီယာကောင်စီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၂]

ပြည်ထောင်စုဝန်ကြီး[ပြင်ဆင်ရန်]

၂၀၁၉ခုနှစ်တွင် စက်မှုဝန်ကြီး ဦးခင်မောင်ချို ရာထူးမှနုတ်ထွက်ခဲ့သည်။ ထို့နောက် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဟူ၍ ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်တက်လာသော တပ်မတော်အစိုးရသည် ၂၀၂၁ခုနှစ်မေလတွင် ထိုဝန်ကြီးဌာနများအား ပြန်လည်ခွဲထုတ်ခဲ့သည်။[၅]ထို့နောက် စက်မှုဝန်ကြီးဌာနအတွက် ဒေါက်တာချာလီသန်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၆]

အရေးယူပိတ်ဆို့ခံရမှု[ပြင်ဆင်ရန်]

၎င်း စက်မှုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် မေလ နောက်ပိုင်းကစပြီး အမေရိကန်၊ဥရောပသမဂ္ဂ၊ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပိတ်ဆို့ အရေးယူမှုပြုလုပ်ထားသည့် အပြင် ထပ်တိုးအရေးယူမှုအား ၂၀၂၃ အောက်တိုဘာ ၃၁ရက်တွင် ထပ်မံ ပြုလုပ်သည်။ [၇] [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများတွင် ပံ့ပိုးဆောင်ရွက်နိုင်ရေးဆွေးနွေး
  2. ၂.၀ ၂.၁ Charlie Than, Chair CEIE
  3. Myanmar Engineering Council
  4. Charlie Than
  5. သမိုင်း​ကြောင်း
  6. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၃၃ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ ‌မေလ ၂၂ ရက်) ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်
  7. Charlie Than is subject to sanctionsOpan Sanctions။ 2 November 2023 တွင် ပြန်စစ်ပြီး။
  8. MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူRFA (၃၁ အောက်တိုဘာ ၂၀၂၃)။ ၂ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။