ခင်ရီ

ဝီကီပီးဒီးယား မှ

ခင်ရီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၂ စက်တင်ဘာ ၂၀၂၂ ယာယီ : ၁၂ စက်တင်ဘာ ၂၀၂၂ - ၅ ​အောက်တိုဘာ ၂၀၂၂
ဒုတိယ ဥက္ကဋ္ဌဦးမြတ်ဟိန်း
ယခင်လူဦးသန်းဌေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁ ​ဩဂုတ် ၂၀၂၁[၁] – ၁၉ ဩဂုတ် ၂၀၂၂
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးမြင့်ကြိုင် (MOLIP)
ဆက်ခံသူဦးမြင့်ကြိုင်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၁၂ ဩဂုတ် ၂၀၁၅[၂]
သမ္မတဦးသိန်းစိန်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ကိုကို
ရဲချုပ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
တာဝန်သက်တမ်း
၂၀၀၂ – ၃၀ မတ် ၂၀၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဒီဇင်ဘာ ၂၀၁၉ – ၅ ​အောက်တိုဘာ ၂၀၂၂
ဦးမြတ်ဟိန်း နှင့်အတူ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-12-29) ၂၉ ဒီဇင်ဘာ၊ ၁၉၅၂ (အသက် ၇၁)
မြောင်းမြမြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ခင်မေစိုး
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၇၆- ၂၀၀၂
ရာထူးဗိုလ်မှူးချုပ်

ဦးခင်ရီ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သည်။[၃] ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ဩဂုတ်လတွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ဖွဲ့စည်းသောအခါတွင်လည်း ၎င်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[၄][၅] ဦးခင်ရီသည် ၂၀၁၁ခုနှစ်မတိုင်မီ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆] တပ်မတော်တွင် ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့သူလည်းဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ဦးခင်ရီသည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွေးမြစ်ကမ်းဘေးရှိ ဇာတိရွာတွင်တောင်သူလယ်သမားမိသားစုမှ မွေးဖွားလာကာ ထိုရွာတွင်  မူလတန်း၊ အလယ်တန်းပညာ နှင့်  မြောင်းမြမြို့တွင်  အထက်တန်းအထိပညာသင်ကြားခဲ့ပြီးနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်B.Econ (statistic)ဘာသာရပ်ဖြင့် ကျောင်းတက်ရောက်ခဲ့သည်။ ယင်းနောက် ၁၉၇၂ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၇)သို့ တက်ရောက်ရန် ရွေးချယ်ခြင်းခံခဲ့ရကာ တပ်မတော်သားဘဝသို့ ပြောင်းလဲ ရောက်ရှိသွားခဲ့သည်။

တပ်မတော်သားဘဝ[ပြင်ဆင်ရန်]

၁၉၇၂ ခုနှစ်မှ ၁၉၇၆ခုနှစ်အထိ (၄) နှစ်ကြာ စစ်တက္ကသိုလ် မေမြို့ တွင် ပညာသင်ကြားခဲ့ကာ ၁၉၇၆ ဧပြီလ ၉ ရက်နေ့တွင်  B.A (DSA) ဘွဲ့ဖြင့်  ပြန်တမ်းဝင် အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ပုသိမ်မြို့ ခလရ(၃၈)တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရာကစပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (စစ်တွေ) တွင် စစ်ဗျူဟာမှူး(ဗိုလ်မှူးကြီး) အဆင့်၊ထိုမှ တစ်ဆင့် မြောက်ပိုင်းတိုင်း စစ်ဆင်ရေးကွပ်ကဲရေးမှူး ကစထမှုး ( ဗိုလ်မှူးချုပ် )အဆင့်အထိ တာဝန်ထမ်းဆောင်ကာ ၂၀၀၂ ခုနစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အဖြစ် ( ၈ ) နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။

အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခြင်း[ပြင်ဆင်ရန်]

ဦးခင်ရီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ တွင် ရဲချုပ်တာဝန်ထမ်းဆောင်ရင်း ပြည်ထဲရေး ဒုတိယဝန်ကြီး (ရဲချုပ်တာဝန်ပူးတွဲ) ထမ်းဆောင်ခဲ့သည်။၂၀၁၁ ခုနှစ် အရောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ထမ်းဆောင်နေစဉ်  နှစ်ပေါင်း ( ၄၀ ) ကြာကောက်ယူနိုင်ခြင်းမရှိသည့် လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်သည့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း နှင့် မိုးပွင့်စီမံချက် အဆင့်(၈)အထိအား  ကိုယ်တိုင် ဦးစီး၍ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအပါအဝင်၊ နိုင်ငံအနှံ့ကွင်းဆင်း၍ နိုင်ငံသားကဒ် (၇)သန်းကျော် ထုတ်ပေးခြင်း၊ ပြည်ပထွက်ခွါခွင့်အတွက်အလုပ်ပိုသော D-Form စနစ်ကိုပြည်သူ့ဆန္ဒနှင့်အညီဥပဒေပြု၍ ဖျက်သိမ်းခြင်း[၇]၊ ပြည်ပနေ နိုင်ငံသားများတရားဝင်ပြည်တွင်း နေထိုင်ခွင့်Permanent Residence ( PR) စနစ်ကိုစတင် အကောင်အထည်ဖော်ခြင်း[၈]၊ အွန်လိုင်းဖြင့်လျှောက်ထားနိုင်သော အီလက်ထရွန်နစ်ဗီဇာ (E VISA) [၉]စနစ် ကိုစတင်အကောင်အထည်ဖော်ခြင်း အပါအဝင်အစဉ်အဆက်မရှိခဲ့သည့် သမိုင်းမှတ်တိုင်(၇) ခုကို ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများလည်းရှိခဲ့သည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၁၅ မတိုင်ခင် ၎င်းသည် အစိုးရအဖွဲ့အတွင်းမှအနားယူကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဖြစ်လာခဲ့သည်။[၁၀] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်ရာ ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် မန်းထွန်းကြိုင်အား မဲရလဒ် ၁၇၂၃၇မဲ အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။[၁၁] နောက်ပိုင်း အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အနားနီးချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ပါတီဒုတိယဥက္ကဋ္ဌ(၂) ဖြစ်သွားသည်။[၁၂] အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှနေ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရာတွင်လည်း ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်အား မဲရလဒ် ၇၁၉၉  မဲအကွာဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့ရသည်။[၁၃] [၁၄] [၁၅] ဦးခင်ရီကို  စစ်တပ် အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးသည့်နောက် တပ်မတော်ထောက်ခံပွဲများ ဦးဆောင် စီစဉ်သူဟု ဝန်ကြီးဟောင်း ဦးစိုးသိန်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ(ဒုတိယတွဲ)စာအုပ်ကို ကိုးကားပြီး ဧရာဝတီက ဖော်ပြခြင်းလည်းရှိခဲ့သည်။[၁၆] ဦးခင်ရီသည် စစ်တပ်ကအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းကာလ ၂၀၂၁ ဩဂုတ်လ ၁ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တကျော့ပြန် ခန့်  ထားခြင်းခံရကာ ၁နှစ်ကျော်အကြာ ၂၀၂၂ ဩဂုတ်လ ၁၉ ရက်တွင် တာဝန်မှ အနားယူခွင့်ပေးခဲ့သည်။[၁၇][၁၈]

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွင် မူလတာဝန်ဖြစ်သော ပါတီဒုတိယဥက္ကဋ္ဌ(၂) တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ကာ ရက်အနည်းငယ်အကြာမှာပင် ဦးခင်ရီသည်  ခေတ္တဥက္ကဋ္ဌ ဖြစ်လာသည်။ထိုပါတီ၏ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးကိုယ်တိုင်က ၎င်းအား ခေတ္တဥက္ကဋ္ဌ တာဝန်လွှဲပေးခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။ [၁၉] [၂၀]

၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့  တတိယအကြိမ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံက ၎င်းကို  ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့၍ ဦးခင်ရီသည် အဆိုပါပါတီ၏ တတိယမြောက်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင်  အမိန့်ကြော်ငြာစာ အမှတ် ၂၁၂/ ၂၀၂၂ ဖြင့် ၎င်းအား သီရိပျံချီဘွဲ့  ချီးမြှင့်အပ်နှင်းခဲ့သည်။ [၂၁]

မိသားစုဘဝ[ပြင်ဆင်ရန်]

ဦးခင်ရီ၏ ဇနီးမှာ နိုင်ငံ့ဝန်တစ်ဦးဖြစ်ခဲ့ပြီး၊  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ ချုပ်တွင် ( ဒုတိယဥက္ကဋ္ဌ) အဖြစ်ထမ်းဆောင်နေသူဖြစ်သည်။သားသမီး(၃)ဦး ထွန်းကားခဲ့သည်။ [၂၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"။ 
  2. Top ministers resign။ Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
  3. ရဲချုပ်ဟောင်း၊ လဝကဝန်ကြီးဟောင်း ဦးခင်ရီ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာDVB
  4. ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းMOI
  5. စစ်ကောင်စီ ဝန်ကြီးနေရာတွေ အပြောင်းအလဲလုပ်RFA Burmese
  6. Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization. 
  7. ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီလတွင် ဖျက်သိမ်းမည်ဧရာဝတီ
  8. မြန်မာနိုင်ငံတွင်း အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်ပြီVOA
  9. e-Visa စနစ် မြန်မာနိုင်ငံမှာစတင်VOA
  10. ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲVOA
  11. အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှု အခြေအနေ(၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲ)UEC Myanmar။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August 2022 တွင် ပြန်စစ်ပြီး။
  12. ကြံခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် နေရာများ အင်အားထပ်ဖြည့်ဧရာဝတီ
  13. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်စီ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ)UEC Myanmar။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August 2022 တွင် ပြန်စစ်ပြီး။
  14. ဆိပ်ကြီးခနောင်တို၌ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးခင်ရီ အရေးနိမ့်နေMyanmar Now
  15. မဲမဆွယ်ရသည့်နေ့တွင် ဆိပ်ကြီးခနောင်တို၌ မဘသအင်အားစုများ သွေးထိုးလှုံ့ဆော်Myanmar Now
  16. ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်ဧရာဝတီ
  17. စစ်ကောင်စီက ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဝန်ကြီးအချို့ကို အနားပေး၊ ပြောင်းရွေ့၊ အစားထိုးခန့်အပ်DVB
  18. မြန်မာ့အလင်းသတင်းစာ (၂၀.၈.၂၀၂၂)
  19. ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ကျန်းမာရေးကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပါတီခေတ္တဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ(၂)ဦးခင်ရီအား လွှဲပြောင်းပေးအပ်Eleven
  20. ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဋ္ဌ ဦးခင်ရီ ဖြစ်လာRFA Burmese
  21. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကော်ငြာစာအမှတ် ၂၁၂/ ၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းMOI
  22. ခင်ရီ (ရဲချုပ်)နွေဦးမြန်မာ။ 21 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August 2022 တွင် ပြန်စစ်ပြီး။