ဦးသိန်းစိန် အစိုးရ
| ဦးသိန်းစိန် အစိုးရ | |
|---|---|
ပထမမြောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
| ၂၀၁၁ -၂၀၁၆ | |
အစိုးရအဖွဲ့ ခေါင်းဆောင်များ | |
| ဖွဲ့စည်းရက်စွဲ | ၃၀ မတ် ၂၀၁၁ |
| ဖျက်သိမ်းရက်စွဲ | ၃၀ မတ် ၂၀၁၆ |
| လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
| နိုင်ငံတော်အကြီးအကဲ | ဦးသိန်းစိန် |
| အစိုးရခေါင်းဆောင် | ဦးသိန်းစိန် |
| ဒုတိယ ခေါင်းဆောင် |
|
| အဖွဲ့ဝင် ပါတီ | USDP တပ်မတော် |
| အတိုက်အခံ ပါတီ | NLD |
| အတိုက်အခံ ခေါင်းဆောင် | အောင်ဆန်းစုကြည် |
| သမိုင်း | |
| ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၂ |
| လွှတ်တော်သက်တမ်း | ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် |
| စတင်ဖွဲ့စည်းပုံ | ၂၀၁၁ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း |
| ပြောင်းလဲဖွဲ့စည်းပုံ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ |
| ယခင် | နအဖစစ်အစိုးရ |
| ဆက်ခံ | ဦးထင်ကျော်အစိုးရ |
ဦးသိန်းစိန် အစိုးရ (တရားဝင်အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် ပထမဆုံး ရွေးကောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရပြီးနောက် ၎င်းအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဦးသိန်းစိန်အစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ယူခဲ့သည်။
ခြုံငုံသုံးသပ်ချက်
[ပြင်ဆင်ရန်]ယခင်နအဖအစိုးရ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးသိန်းစိန်သည် သမ္မတဖြစ်လာပြီးနောက် ဒုတိယသမ္မတနှစ်ဦး၊ ဝန်ကြီး ၃၀ ဦးနှင့် ဝန်ကြီးဌာန ၃၅ ခုဖြင့် အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ [၁]အစိုးရအဖွဲ့ဝင်အများစုမှာ တပ်မတော်မှ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည်။ ၎င်းတို့လက်ထက်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစတင်အကောင်အထည်ဖော်မှုများရှိခဲ့ပြီး နိုင်ငံတကာနှင့် ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရပါတီရှုံးနိမ့်ခဲ့သော်လည်း ပြည်သူများ၏စိုးရိမ်မှုများကို ဖြေရှင်းသည့်အနေဖြင့် အနိုင်ရပါတီထံသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးခဲ့သည်။
ခေါင်းဆောင်များ
[ပြင်ဆင်ရန်]အစိုးရအဖွဲ့
[ပြင်ဆင်ရန်]| ဦးသိန်းစိန် | နိုင်ငံတော်သမ္မတ |
| သီဟသူရဦးတင်အောင်မြင့်ဦး | ဒုတိယသမ္မတ ၁ |
| ဒေါက်တာစိုင်းမောက်ခမ်း | ဒုတိယသမ္မတ ၂နှင့် ၁ |
| ဦးဉာဏ်ထွန်း | ဒုတိယသမ္မတ ၂ |
အခြားသော ဗဟိုရုံးများ
[ပြင်ဆင်ရန်]အစိုးရအဖွဲ့ဝင်များ (၂၀၁၁ - ၂၀၁၆)
[ပြင်ဆင်ရန်]သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့ကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ နိုင်ငံတော်သမ္မတရုံး၊ ကြေညာချက်မှတ် ၁/၂၀၁၁ အားဖြင့် ဖွဲ့စည်းလိုက်ပြီး၊ အဖွဲ့ဝင် (၃၅) ဦးဖြင့် ကနေဦး စတင်ဖွဲ့စည်းလိုက်သည်။ [၂]
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ဝန်ကြီးဌာန | အမည် | တာဝန်ထမ်းဆောင်ခြင်း | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁ | ကာကွယ်ရေးဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး လှမင်း | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂[၃] | ၁ နှစ်၊ ၁၆၁ ရက် |
| ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် | ၇ စက်တင်ဘာ ၂၀၁၂ | ၁၂ ဩဂုတ် ၂၀၁၅ | ၂ နှစ်၊ ၃၃၉ ရက် | ||
| ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း | ၂၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၁၉ ရက် | ||
| ၂ | ပြည်ထဲရေး ဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး ကိုကို | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၃ | နယ်စပ်ရေးရာ ဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး | ၃၀ မတ် ၂၀၁၁ | ၁၃ ဖေဖော်ဝါရီ ၂၀၁၃ | ၁ နှစ်၊ ၃၂၀ ရက် |
| ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း | ၁၃ ဖေဖော်ဝါရီ ၂၀၁၃ | ၁၂ ဩဂုတ် ၂၀၁၅ | ၂ နှစ်၊ ၁၈၀ ရက် | ||
| ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ | ၂၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၁၉ ရက် | ||
| ၄ | နိုင်ငံခြားရေး ဝန်ကြီးဌာန | ဦးဝဏ္ဏမောင်လွင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၅ | ပြန်ကြားရေး ဝန်ကြီးဌာန | ဦးကျော်ဆန်း | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးအောင်ကြည် | ၂၇ ဩဂုတ် ၂၀၁၂ | ၂၉ ဇူလိုင် ၂၀၁၄ | ၁ နှစ်၊ ၃၃၆ ရက် | ||
| ဦးရဲထွဋ် | ၁ ဩဂုတ် ၂၀၁၄ | ၃၀ မတ် ၂၀၁၆ | ၁ နှစ်၊ ၂၄၂ ရက် | ||
| ၆ | ယဉ်ကျေးမှု ဝန်ကြီးဌာန | ဦးကျော်ဆန်း | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးအေးမြင့်ကြူ | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၇ | လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန | ဦးမြင့်လှိုင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၈ | ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (ယခင် သစ်တောရေးရာဝန်ကြီးဌာန) | ဦးဝင်းထွန်း | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၉ | ဘဏ္ဍာရေး ဝန်ကြီးဌာန (ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) | ဦးလှထွန်း | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးဝင်းရှိန် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၁၀ | ဆောက်လုပ်ရေး ဝန်ကြီးဌာန | ဦးခင်မောင်မြင့် | ၃၀ မတ် ၂၀၁၁ | ၂၈ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၁ ရက် |
| ဦးကျော်လွင် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၁၁ | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန | ဦးတင်နိုင်သိန်း | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဒေါက်တာ ကံဇော် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၁၂ | မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (ယခင် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန) | ဦးတင်နိုင်သိန်း | ၃၀ မတ် ၂၀၁၁ | ၂ ဒီဇင်ဘာ ၂၀၁၁ | ၂၄၇ ရက် |
| ဦးအုန်းမြင့် | ၂ ဒီဇင်ဘာ ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၄ နှစ်၊ ၁၁၉ ရက် | ||
| ၁၃ | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | ဦးဝင်းမြင့် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၁၄ | ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ယခင် (ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန) | ဦးသိန်းထွန်း | ၃၀ မတ် ၂၀၁၁ | ၁၆ ဇန်နဝါရီ ၂၀၁၃ | ၁ နှစ်၊ ၂၉၂ ရက် |
| ဦးမြတ်ဟိန်း | ၁၃ ဖေဖော်ဝါရီ ၂၀၁၃ | ၁၂ ဩဂုတ် ၂၀၁၅ | ၂ နှစ်၊ ၁၈၀ ရက် | ||
| ဦဇေယျာအောင် | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၂၉ ရက် | ||
| ၁၅ | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ယခင် အလုပ်သမားဝန်ကြီးဌာန) | ဦးအောင်ကြည် | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးမောင်မြင့် | ၇ စက်တင်ဘာ ၂၀၁၂ | ၂၅ ဇူလိုင် ၂၀၁၃ | ၃၂၁ ရက် | ||
| သူရ ဦးအေးမြင့် | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၂ နှစ်၊ ၂၄၉ ရက် | ||
| ၁၆ | လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | ဦးအောင်ကြည် | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၁၇ | သတ္တုတွင်း ဝန်ကြီးဌာန | ဦးသိန်းထိုက် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၁ နှစ်၊ ၁၆၁ ရက် |
| ဒေါက်တာ မြင့်အောင် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၁၈ | သမဝါယမ ဝန်ကြီးဌာန | ဦးအုန်းမြင့် | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးကျော်ဆန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၁၆ ရက် | ||
| ၁၉ | ပို့ဆောင်ရေး ဝန်ကြီးဌာန | ဦးဉာဏ်ထွန်းအောင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၂၀ | ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန | ဦးတင့်ဆန်း | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးဌေးအောင် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် | ||
| ၂၁ | အားကစား ဝန်ကြီးဌာန | ဦးတင့်ဆန်း | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| ၂၂ | စက်မှု ဝန်ကြီးဌာန (ယခင် အမှတ်(၁)၊(၂)) | ဦးစိုးသိန်း | ၂ ဒီဇင်ဘာ ၂၀၁၁ | ၂၇ သြဂုတ် ၂၀၁၂ | ၂၆၉ ရက် |
| သူရ ဦးအေးမြင့် | ၂၇ ဩဂုတ် ၂၀၁၂ | ၂၅ ဇူလိုင် ၂၀၁၃ | ၃၃၂ ရက် | ||
| ဦးမောင်မြင့် | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၂ နှစ်၊ ၂၄၉ ရက် | ||
| ၂၃ | ရထားပို့ဆောင်ရေး ဝန်ကြီးဌာန | ဦးအောင်မင်း | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဦးဇေယျာအောင် | ၇ စက်တင်ဘာ ၂၀၁၂ | ၂၅ ဇူလိုင် ၂၀၁၃ | ၃၂၁ ရက် | ||
| ဦးသန်းဌေး | ၂၅ ဇူလိုင် ၂၀၁၃ | ၁၂ ဩဂုတ် ၂၀၁၅ | ၂ နှစ်၊ ၁၈ ရက် | ||
| ဦးဉာဏ်ထွန်းအောင် | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၂၉ ရက် | ||
| ၂၄ | စွမ်းအင်ဝန်ကြီးဌာန | ဦးသန်းဌေး | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ၂ နှစ်၊ ၁၁၇ ရက် |
| ဦးဇေယျာအောင် | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၂ နှစ်၊ ၂၄၉ ရက် | ||
| ၂၅ | လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန | ဦးခင်မောင်စိုး | ၇ စက်တင်ဘာ ၂၀၁၂[၄] | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် |
| ၂၆ | ပညာရေးဝန်ကြီးဌာန | ဒေါက်တာ မြအေး | ၃၀ မတ် ၂၀၁၁ | ၂၉ နိုဝင်ဘာ ၂၀၁၃ | ၂ နှစ်၊ ၂၄၄ ရက် |
| ဒေါက်တာ ဒေါ်ခင်စန်းရီ | ၁၃ ဖေဖော်ဝါရီ ၂၀၁၄ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၄၆ ရက် | ||
| ၂၇ | ကျန်းမာရေး ဝန်ကြီးဌာန | ဒေါက်တာ ဖေသက်ခင် | ၃၀ မတ် ၂၀၁၁ | ၂၉ ဇူလိုင် ၂၀၁၄ | ၃ နှစ်၊ ၁၂၁ ရက် |
| ဒေါက်တာ သန်းအောင် | ၁ ဩဂုတ် ၂၀၁၄ | ၃၀ မတ် ၂၀၁၆ | ၁ နှစ်၊ ၂၄၂ ရက် | ||
| ၂၈ | သာသနာရေး ဝန်ကြီးဌာန | သူရ ဦးမြင့်မောင် | ၃၀ မတ် ၂၀၁၁ | ၁၆ ဇန်နဝါရီ ၂၀၁၃ | ၁ နှစ်၊ ၂၉၂ ရက် |
| ဦးဆန်းဆင့် | ၃၁ ဇန်နဝါရီ ၂၀၁၃ | ၁၉ ဇွန် ၂၀၁၄ | ၁ နှစ်၊ ၁၃၉ ရက် | ||
| ဦးစိုးဝင်း | ၂၅ ဇွန် ၂၀၁၄ | ၃၀ မတ် ၂၀၁၆ | ၁ နှစ်၊ ၂၇၉ ရက် | ||
| ၂၉ | သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန | သူရ ဦးအေးမြင့် | ၃၀ မတ် ၂၀၁၁ | ၂၇ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၀ ရက် |
| ဒေါက်တာ ကိုကိုဦး | ၇ စက်တင်ဘာ ၂၀၁၂ | ၉ ဒီဇင်ဘာ ၂၀၁၅ | ၃ နှစ်၊ ၉၃ ရက် | ||
| ဒေါက်တာ ဒေါ်ခင်စန်းရီ | ၁၈ ဒီဇင်ဘာ ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၁၀၃ ရက် | ||
| ၃၀ | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ဦးခင်ရီ | ၃၀ မတ် ၂၀၁၁ | ၁၂ ဩဂုတ် ၂၀၁၅ | ၄ နှစ်၊ ၁၃၅ ရက် |
| ဒုတိယဗိုလ်ချုပ်ကြီး ကိုကို | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၂၉ ရက် | ||
| ၃၁ | သမ္မတရုံး ဝန်ကြီးဌာန (၁) | ဦးသိန်းညွန့် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် |
| ၃၂ | သမ္မတရုံး ဝန်ကြီးဌာန (၂) | ဦးစိုးမောင် | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် |
| ၃၃ | သမ္မတရုံး ဝန်ကြီးဌာန (၃) | ဦးစိုးသိန်း | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် |
| ၃၄ | သမ္မတရုံး ဝန်ကြီးဌာန (၄) | ဦးအောင်မင်း | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် |
| ၃၅ | သမ္မတရုံး ဝန်ကြီးဌာန (၅) | ဦးတင်နိုင်သိန်း | ၇ စက်တင်ဘာ ၂၀၁၂ | ၁၂ ဩဂုတ် ၂၀၁၅ | ၂ နှစ်၊ ၃၃၉ ရက် |
| ၃၆ | သမ္မတရုံး ဝန်ကြီးဌာန (၆) | ဦးလှထွန်း | ၇ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၃ နှစ်၊ ၂၀၅ ရက် |
| ၃၇ | ပြည်ထောင်စုရှေ့နေချုပ်ရုံး | ဒေါက်တာ ထွန်းရှင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
| - | မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန (ဖျက်သိမ်း) | ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၁ နှစ်၊ ၁၆၁ ရက် |
| - | အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (နောင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန) | ဦးဇော်မင်း | ၃၀ မတ် ၂၀၁၁ | ၂၈ ဩဂုတ် ၂၀၁၂ | ၁ နှစ်၊ ၁၅၁ ရက် |
| - | အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (နောင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန) | ဦးခင်မောင်စိုး | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၁ နှစ်၊ ၁၆၁ ရက် |
| - | အမှတ်(၁) စက်မှုဝန်ကြီးဌာန (နောင် စက်မှု ဝန်ကြီးဌာန) | ဦးကျော်စွာခိုင် | ၃၀ မတ် ၂၀၁၁ | ၁၀ ဩဂုတ် ၂၀၁၁[၅] | ၁၃၃ ရက် |
| ဦးစိုးသိန်း | ၁၀ ဩဂုတ် ၂၀၁၁ | ၂ ဒီဇင်ဘာ ၂၀၁၁ | ၁၁၄ ရက် | ||
| - | အမှတ်(၂) စက်မှုဝန်ကြီးဌာန (နောင် စက်မှု ဝန်ကြီးဌာန) | ဦးစိုးသိန်း | ၃၀ မတ် ၂၀၁၁ | ၂ ဒီဇင်ဘာ ၂၀၁၂ | ၂၄၇ ရက် |
| - | သမ္မတရုံးဝန်ကြီးဌာန (နောင် သမ္မတရုံးဝန်ကြီးဌာန (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)နှင့် (၆)) | ဦးသိန်းညွန့် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၁ နှစ်၊ ၁၆၁ ရက် |
| ဦးစိုးမောင် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၁ နှစ်၊ ၁၆၁ ရက် | ||
| ဦးကျော်စွာခိုင် | ၁၀ သြဂုတ် ၂၀၁၁ | ၆ ဇန်နဝါရီ ၂၀၁၂ | ၁၄၉ ရက် | ||
| ဦးစိုးသိန်း | ၂၇ သြဂုတ် ၂၀၁၂ | ၇ စက်တင်ဘာ ၂၀၁၂ | ၁၁ ရက် | ||
| ဦးအောင်မင်း | ၂၇ သြဂုတ် ၂၀၁၂ | ၇ စက်တင်ဘာ ၂၀၁၂ | ၁၁ ရက် | ||
| ဦးလှထွန်း | ၂၇ သြဂုတ် ၂၀၁၂ | ၇ စက်တင်ဘာ ၂၀၁၂ | ၁၁ ရက် | ||
| ဦးတင်နိုင်သိန်း | ၂၇ သြဂုတ် ၂၀၁၂ | ၇ စက်တင်ဘာ ၂၀၁၂ | ၁၁ ရက် | ||
- ↑ "ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ် ၄/၂ဝ၁၁)(၃၀-၃-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၃၀ မတ် ၂၀၁၁။ Archived from the original on 10 February 2021။
- ↑ မြန်မာ့အလင်းသတင်းစာ ၃၁ မတ် ၂၀၁၁။ Online Burma Library။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။
- ↑ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း။
- ↑ Shwe Yinn Mar Oo။ "Union govt announces reshuffle"၊ Myanmar Times၊ 15 August 2011။ 15 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 13 September 2012။
- ↑ "New Cabinet Members"။
- ↑ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။
- ↑ ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးခြင်း။
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ဝန်ကြီးဌာန | အမည် | တာဝန်ထမ်းဆောင်ခြင်း | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁ | ကာကွယ်ရေးဝန်ကြီးဌာန | ဗိုလ်ချုပ်ကျော်ညွန့် | ၃၀ မတ် ၂၀၁၁ | ၁၂ ဩဂုတ် ၂၀၁၅ | ၁၅၉၆
|
| ဗိုလ်မှူးကြီး အောင်သော် | ၃၀ မတ် ၂၀၁၁ | ||||
| ဗိုလ်ချုပ် မြင့်နွယ် | ၁၇ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၂၆
| ||
| ၂ | ပြည်ထဲရေး ဝန်ကြီးဌာန | ဗိုလ်မှူးချုပ် ကျော်ဇံမြင့် | ၃၀ မတ် ၂၀၁၁ | ?? | |
| ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း (၂၅ ဇူလိုင် ၂၀၁၃အထိ ရဲချုပ်အဖြစ် ပူးတွဲထမ်းဆောင်) | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
| ||
| ၃ | နယ်စပ်ရေးရာ ဝန်ကြီးဌာန | ဗိုလ်ချုပ် ဇော်ဝင်း | ၃၀မတ် ၂၀၁၁ | ၂၀၁၃ | |
| ဗိုလ်ချုပ် မောင်မောင်အုန်း | ၂၅ ဇူလိုင် ၂၀၁၃ | ၁၈ ဇွန် ၂၀၁၄ | ၃၂၈
| ||
| ဗိုလ်ချုပ် တင်အောင်ချစ် | ၂၉ ဇူလိုင် ၂၀၁၄ | ၁၂ ဩဂုတ် ၂၀၁၅ | ၃၇၉
| ||
| ဗိုလ်ချုပ် သန်းထွဋ် | ၁၂ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ၂၃၁
| ||
| ၄ | နိုင်ငံခြားရေး ဝန်ကြီးဌာန | ဦးမောင်မြင့် | ၃၀ မတ် ၂၀၁၁ | ၂၀၁၂ | |
| ဒေါက်တာမျိုးမြင့် | ၃၀ မတ် ၂၀၁၁ | ၉ ဇူလိုင် ၂၀၁၂ | ၄၆၇
| ||
| ဦးသန့်ကျော် | ၂၉ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၀၉
| ||
| ဦးဇင်ယော် | ၂၉ ဩဂုတ် ၂၀၁၂ | ၇ ဩဂုတ် ၂၀၁၃ | ၃၄၃
| ||
| ဦးတင်ဦးလွင် | ၁၃ ဩဂုတ် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၉၆၀
| ||
| ၅ | ပြန်ကြားရေး ဝန်ကြီးဌာန | ဦးစိုးဝင်း | ၃၀ မတ် ၂၀၁၁ | ၂၈ ဩဂုတ် ၂၀၁၂ | ၅၁၇
|
| ဦးပိုက်ထွေး | ၂၇ ဩဂုတ် ၂၀၁၂ | ၁၂ ဩဂုတ် ၂၀၁၅ | ၁၀၈၀
| ||
| ဦးရဲထွဋ် | ၃၁ ဩဂုတ် ၂၀၁၂[၁] | ၁ ဩဂုတ် ၂၀၁၄ | ၇၀၀
| ||
| ၆ | လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန | ဦးအုန်းသန်း | ၃၀ မတ် ၂၀၁၁ | ? | |
| ဦးခင်ဇော် | ၃၀ မတ် ၂၀၁၁ | ? | |||
| ၇ | ဘဏ္ဍာရေး ဝန်ကြီးဌာန (ယခင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန) | ဦးဝင်းသန်း | ၃၀ မတ် ၂၀၁၁ | ? | |
| ဦးဝင်းရှိန် | ၉ ဇူလိုင် ၂၀၁၂ | ၇ စက်တင်ဘာ ၂၀၁၂ | ၆၀
| ||
| ဒေါက်တာ မောင်မောင်သိမ်း | ၂၉ ဩဂုတ် ၂၀၁၂ | ? | |||
| ၈ | ဆောက်လုပ်ရေး ဝန်ကြီးဌာန | ဦးစိုးတင့် | ၃၀ မတ် ၂၀၁၁ | ? | |
| ဦးကျော်လွင် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၅၂၇
| ||
| ၉ | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန | ဒေါက်တာ ကံဇော် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၅၂၇
|
| ဦးဆက်အောင် | ၁၂ ဩဂုတ် ၂၀၁၂ | ? | |||
| ဒေါက်တာဒေါ်ခင်စန်းရီ | ၁၂ ဩဂုတ် ၂၀၁၂ | ၁၃ ဖေဖော်ဝါရီ ၂၀၁၄ | ၅၅၀
| ||
| ဒေါ်လဲ့လဲ့သိန်း | ၁၃ ဩဂုတ် ၂၀၁၃ | ? | |||
| ဒေါက်တာ စန်းလွင် | ၁၃ ဖေဖော်ဝါရီ ၂၀၁၄ | ? | |||
| ၁၀ | မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန) | ဒေါက်တာ အောင်မြတ်ဦး | ၁၃ ဩဂုတ် ၂၀၁၃ | ? | |
| ၁၁ | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | ဒေါက်တာ ပွင့်ဆန်း | ၃၀ မတ် ၂၀၁၁ | ? | |
| ၁၂ | ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန (ယခင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန) | ဦးတင့်လွင် | ၃၀ မတ် ၂၀၁၁ | ? | |
| ဦးသောင်းတင် | ၁၂ ဩဂုတ် ၂၀၁၂ | ? | |||
| ၁၃ | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | ဦးဘုန်းဆွေ | ၃၀ မတ် ၂၀၁၁ | ? | |
| ဒေါ်စုစုလှိုင် | ၁၂ ဩဂုတ် ၂၀၁၂ | ? | |||
| ၁၄ | သမဝါယမ ဝန်ကြီးဌာန | ဦးသန်းထွန်း | ၃၀ မတ် ၂၀၁၁ | ၁၂ ဩဂုတ် ၂၀၁၅ | ၁၅၉၆
|
| ၁၅ | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန (ယခင် အလုပ်သမား ဝန်ကြီးဌာန) | ဦးမြင့်သိန်း | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ၈၄၈
|
| ဒေါ်ဝင်းမော်ထွန်း | ၅ ဖေဖော်ဝါရီ ၂၀၁၃ | ၁၂ ဩဂုတ် ၂၀၁၅ | ၉၁၈
| ||
| ဦးထင်အောင် | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၅ | ၆၁၃
| ||
| ၁၆ | ပို့ဆောင်ရေး ဝန်ကြီးဌာန | ဦးဝင်းရှိန် | ၃၀ မတ် ၂၀၁၁ | ဇူလိုင် ၂၀၁၂ | |
| ဦးဇင်ယော် | ၇ ဩဂုတ် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၉၆၆
| ||
| ၁၇ | ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန | ဦးဌေးအောင် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၅၂၇
|
| ၁၈ | အမှတ် (၁)စက်မှုဝန်ကြီးဌာန | ဦးသိန်းအောင် | ၃၀ မတ် ၂၀၁၁ | ? | |
| ၁၉ | အမှတ် (၂)စက်မှုဝန်ကြီးဌာန | ဦးမျိုးအောင် | ၃၀ မတ် ၂၀၁၁ | ? | |
| ၂၀ | ရထားပို့ဆောင်ရေး ဝန်ကြီးဌာန | သူရဦးသောင်းလွင် | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ၈၄၈
|
| ဦးသန့်ရှင်း | ၃၀ မတ် ၂၀၁၁ | ၁၈ ဇွန် ၂၀၁၄ | ၁၁၇၆
| ||
| ဦးမြင့်သိန်း | ၂၅ ဇူလိုင် ၂၀၁၃ | ? | |||
| ၂၁ | စွမ်းအင် ဝန်ကြီးဌာန | ဦးစိုးအောင် | ၃၀ မတ် ၂၀၁၁ | ? | |
| ဦးထင်အောင် | ၁၂ ဩဂုတ် ၂၀၁၂ | ၂၅ ဇူလိုင် ၂၀၁၃ | ၃၄၇
| ||
| ဦးမြင့်ဇော် | ၇ ဩဂုတ် ၂၀၁၃ | ? | |||
| ၂၂ | လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (ယခင် အမှတ်(၁)၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) | ဦးမြင့်ဇော် | ၁၂ စက်တင်ဘာ ၂၀၁၂ | ၇ ဩဂုတ် ၂၀၁၃ | ၃၂၉
|
| ဦးအောင်သန်းဦး | ၁၂ စက်တင်ဘာ ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၂၉၅
| ||
| ဦးမော်သာထွေး | ၂၁ နိုဝင်ဘာ ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၈၆၀
| ||
| ၂၃ | ပညာရေးဝန်ကြီးဌာန | ဦးအေးကြူ | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ၈၄၈
|
| ဦးဘရွှေ | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ၈၄၈
| ||
| ဒေါက်တာ စန်းလွင် | ၂၅ ဇူလိုင် ၂၀၁၃ | ၁၃ ဖေဖော်ဝါရီ ၂၀၁၄ | ၂၀၃
| ||
| ဒေါက်တာဇော်မင်းအောင် | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၉၇၉
| ||
| ဒေါက်တာမျိုးမြင့် | ၉ ဇူလိုင် ၂၀၁၂ | ၁၈ ဇွန် ၂၀၁၄ | ၇၀၉
| ||
| ဦးသန့်ရှင်း | ၁၈ ဇွန် ၂၀၁၄ | ၃၀ မတ် ၂၀၁၆ | ၆၅၁
| ||
| ၂၄ | ကျန်းမာရေး ဝန်ကြီးဌာန | ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၅၂၇
|
| ဒေါက်တာ ဝင်းမြင့် | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ | ၈၄၈
| ||
| ဒေါက်တာ ဒေါ်သိန်းသိန်းဌေး | ၂၇ ဩဂုတ် ၂၀၁၂ | ||||
| ဒေါက်တာ သန်းအောင် | ၂၅ ဇူလိုင် ၂၀၁၃ | ၁ ဩဂုတ် ၂၀၁၄ | ၃၇၂
| ||
| ဒေါက်တာ ဝင်းမြင့် | ၆ ဩဂုတ် ၂၀၁၄ | ? | |||
| ၂၅ | ယဉ်ကျေးမှု ဝန်ကြီးဌာန | ဒေါ်စန္ဒာခင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇
|
| ဦးသန်းဆွေ | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
| ||
| ၂၆ | သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (ယခင် သစ်တောရေးရာ ဝန်ကြီးဌာန) | ဦးအေးမြင့်မောင် | ၂၇ ဩဂုတ် ၂၀၁၂ | ? | |
| ဒေါက်တာ ဒေါ်သက်သက်ဇင် | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | ||
| ၂၇ | သာသနာရေး ဝန်ကြီးဌာန | ဒေါက်တာမောင်မောင်ဌေး | ၃၀ မတ် ၂၀၁၁ | ၁၂ ဩဂုတ် ၂၀၁၅ | ၁၅၉၆
|
| ဦးစိုးဝင်း | ၂၈ ဩဂုတ် ၂၀၁၂ | ၂၅ ဇွန် ၂၀၁၄ | ၆၆၆
| ||
| ၂၈ | သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန | ဒေါက်တာကိုကိုဦး | ၃၀ မတ် ၂၀၁၁ | ၇ စက်တင်ဘာ ၂၀၁၂ | ၅၂၇
|
| ဦးဘရွှေ | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၉၇၉
| ||
| ဒေါက်တာ အောင်ကျော်မြတ် | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ မတ် ၂၀၁၆ | ၉၇၉
| ||
| ၂၉ | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ဦးကျော်ကျော်ဝင်း | ၃၀ မတ် ၂၀၁၁ | ၆ ဩဂုတ် ၂၀၁၄ | ၁၂၂၅
|
| ဗိုလ်မှူးချုပ် ဝင်းမြင့် | ၂၇ ဩဂုတ် ၂၀၁၂ | ? | |||
| ၃၀ | အားကစား ဝန်ကြီးဌာန | ဦးအေးမြင့်ကြူ | ၃၀ မတ် ၂၀၁၆ | ၇ စက်တင်ဘာ ၂၀၁၂ | ၅၂၇
|
| ဦးသောင်းထိုက် | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁
| ||
| ၃၁ | မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန | ဦးခင်မောင်အေး | ၃၀ မတ် ၂၀၁၁ | ? | |
| ၃၂ | ဘဏ္ဍာရေးဝန်ကြီးဌာန (ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) | ဒေါက်တာလင်းအောင် | ၂၇ ဩဂုတ် ၂၀၁၂ | ? | |
| ၃၃ | သမ္မတရုံး ဝန်ကြီးဌာန (၁ - ၆) | ဦးဟန်စိန် | ၆ ဧပြီ ၂၀၁၂ | ||
| ဦးချန်မောင် | |||||
| ဦးအောင်သိမ်း | ၂၇ ဩဂုတ် ၂၀၁၂ | ||||
| ဒေါက်တာ ဝင်းမြင့် | ၂၅ ဇူလိုင် ၂၀၁၃ | ၆ ဩဂုတ် ၂၀၁၄ | ၃၇၇
| ||
| ဦးသန့်ရှင်း | ၁၈ ဇွန် ၂၀၁၄ | ||||
| ဦးကျော်ကျော်ဝင်း | ၆ ဩဂုတ် ၂၀၁၄ | ||||
| - | မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန (ဖျက်သိမ်း) | ဦးဟန်စိန် | ၃၀ မတ် ၂၀၁၁ | ၆ ဧပြီ ၂၀၁၂ | ၃၇၃
|
| ဦးချန်မောင် | |||||
| - | အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (နောင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) | ဦးမြင့်ဇော် | ၃၀ မတ် ၂၀၁၁ | ၅ စက်တင်ဘာ ၂၀၁၂ | ၅၂၅
|
| - | အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (နောင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) | ဦးအောင်သန်းဦး | ၃၀ မတ် ၂၀၁၁ | ၅ စက်တင်ဘာ ၂၀၁၂ | ၅၂၅
|
မူလ အစိုးရအဖွဲ့ (၂၀၁၁ မတ်လ)
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဦးသိန်းစိန် ခန့်အပ်သောအစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာ ဆိုခဲ့သည်။[၃] ဝန်ကြီးဌာန ၄ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် နယ်စပ်ရေးရာတို့ကို တပ်ချုပ်ကြီး သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)မှ ခန့်အပ်ခဲ့သည်။[၄] သမ္မတရုံးနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖေဖော်ဝါရီ ၉ ရက်၌ဖွဲ့စည်းခဲ့သည်။[၄]
အဓိက ဝန်ကြီးများမှာ ကြံ့ခိုင်ရေးနှင့် ယခင် နအဖ အစိုးရမှ ဗိုလ်ချုပ်များဖြစ်ကာ ၄ ဦးမှာ အရပ်သားဖြစ်သည်။[၅] ၁၂ ယောက်မှာ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ (နအဖ) ဝန်ကြီးများဖြစ်ကာ၇ယောက်မှာ ဒုဝန်ကြီးများဖြစ်သည်။ ၃ ယောက်မှာ တပ်မတော် ခေါင်းဆောင်များဖြစ်သည်။ [၆]
| စဉ် | ဝန်ကြီးဌာန | အမည် |
|---|---|---|
| ၁ | ကာကွယ်ရေးဝန်ကြီးဌာန | ဗိုလ်ချုပ်ကျော်ညွန့် |
| ၂ | ဗိုလ်မှူးကြီးအောင်သော် | |
| ၃ | ပြည်ထဲရေးဝန်ကြီးဌာန | ဗိုလ်မှူးချုပ်ကျော်ဇံမြင့် |
| ၄ | နယ်စပ်ရေးရာဝန်ကြီးဌာန | ဗိုလ်ချုပ်ဇော်ဝင်း |
| ၅ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဦးမောင်မြင့် |
| ၆ | ဒေါက်တာမျိုးမြင့် | |
| ၇ | ပြန်ကြားရေးဝန်ကြီးဌာန | ဦးစိုးဝင်း |
| ၈ | လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | ဦးအုန်းသန်း |
| ၉ | ဦးခင်ဇော် | |
| ၁၀ | ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန | ဦးဝင်းသန်း |
| ၁၁ | ဆောက်လုပ်ရေးဝန်ကြီးဌာန | ဦးစိုးတင့် |
| ၁၂ | ဦးကျော်လွင် | |
| ၁၃ | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန | ဒေါက်တာကံဇော် |
| ၁၄ | စီးပွားစယရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဒေါက်တာပွင့်ဆန်း |
| ၁၅ | ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန | ဦးတင့်လွင် |
| ၁၆ | လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | ဦးဘုန်းဆွေ |
| ၁၇ | သမဝါယမဝန်ကြီးဌာန | ဦးသန်းထွန်း |
| ၁၈ | အလုပ်သမားဝန်ကြီးဌာန | ဦးမြင့်သိန်း |
| ၁၉ | ပို့ဆောင်ရေးဝန်ကြီးဌာန | ဦးဝင်းရှိန် |
| ၂၀ | ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန | ဦးဌေးအောင် |
| ၂၁ | အမှတ်(၁)စက်မှုဝန်ကြီးဌာန | ဦးသိန်းအောင် |
| ၂၂ | အမှတ်(၂)စက်မှုဝန်ကြီးဌာန | ဦးမျိုးအောင် |
| ၂၃ | ရထားပို့ဆောင်ရေးဝန်ကြီးဌာန | သူရဦးသောင်းလွင် |
| ၂၄ | ဦးသန့်ရှင်း | |
| ၂၅ | စွမ်းအင်ဝန်ကြီးဌာန | ဦးစိုူအောင် |
| ၂၆ | အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန | ဦးမြင့်ဇော် |
| ၂၇ | အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန | ဦးအောင်သန်းဦး |
| ၂၈ | ပညာရေးဝန်ကြီးဌာန | ဦးအေးကြူ |
| ၂၉ | ဦးဘရွှေ | |
| ၃၀ | ကျန်းမာရေးဝန်ကြီးဌာန | ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် |
| ၃၁ | ဒေါက်တာဝင်းမြင့် | |
| ၃၂ | ယဉ်ကျေးမှုဝန်ကြီးဌာန | ဒေါ်စန္ဒာခင် |
| ၃၃ | သာသနာရေးဝန်ကြီးဌာန | ဒေါက်တာမောင်မောင်ဌေး |
| ၃၄ | သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန | ဒေါက်တာကိုကိုဦး |
| ၃၅ | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | ဦးကျော်ကျော်ဝင်း |
| ၃၆ | အားကစားဝန်ကြီးဌာန | ဦးအေးမြင့်ကြူ |
| ၃၇ | မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန | ဦးဟန်စိန် |
| ၃၈ | ဦးချန်မောင် | |
| ၃၉ | မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန | ဦးခင်မောင်အေး |
အစိုးရအဖွဲ့ ပြောင်းလဲခြင်းများ
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ်
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် ဩဂုတ်လ၁၀ရက်နေ့တွင် အမှတ် (၁)စက်မှုဝန်ကြီး ဦးကျော်စွာခိုင်ကို သမ္မတရုံးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ကာ အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့သည်။[၉][၁၀]ဒီဇင်ဘာ ၂ရက်နေ့တွင် အမှတ် (၁)နှင့် (၂) စက်မှုဝန်ကြီးဌာနတို့ကို စက်မှုဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းကာ ဦးစိုးသိန်းမှာ ဝန်ကြီးဖြစ်လာသည်။[၁၁]ထို့အပြင် ဦးတင်နိုင်သိန်း၏ မွေးမြူရေး၊ရေးလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဦးအုန်းမြင့်မှ ပူးတွဲတာဝန်ယူခဲ့ကာ သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဖြစ်လာသည်။[၁၂]
အစိုးရအဖွဲ့ အပြောင်းအလဲ (၂၀၁၂–၂၀၁၃)
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က သမ္မတရုံးဝန်ကြီးဌာန ၆ နေရာအပါအဝင် ဝန်ကြီးဌာန ၃၆ ခုထိခွင့်ပြုခဲ့သည်။ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မြင့်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်တို့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ဩဂုတ် ၂၈ တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုပါ နုတ်ထွက်ခွင့်ပေးခဲ့သည်။ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ခန့်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဝေလွင်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။ ဦးအောင်ကြည်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်လာပြီး ဦးကျော်ဆန်းမှာ သမဝါယမ ဝန်ကြီးဖြစ်လာသည်။[၁၃] လျှပ်စစ် ၁ နှင့် ၂ ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းကာ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖျက်သိမ်းခဲ့သည်။ဦးအောင်ကြည်၏ နေရာများအတွက် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးတွင် ဦးမောင်မြင့်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအတွက် ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့ကိုခန့်အပ်ခဲ့သည်။ဒေါ်မြတ်မြတ်အုန်းခင်မှာ ပထမဆုံးအမျိုးသမီးဝန်ကြီးဖြစ်လာသည်။ သိုတယ်/ခရီးဒုဝန်ကြီးဖြစ်သော ဦးအေးမြင့်ကြူက ယဉ်ကျေးမှုဝန်ကြီးဖြစ်လာသည်။ [၁၄][၁၅]
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၆ တွင် ဆက်သွယ်ရေးဝန်ကြီးနှင့် သာသနာရေးဝန်ကြီးတို့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်း မှာ အစိုးရသစ်လက်ထက် အကျင့်ပျက်ခြစားမှုကြောင့် စစ်ဆေးခံရသော ပထမဆုံးဝန်ကြီးဖြစ်လာသည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှာ သာသနာရေးဝန်ကြီးဖြစ်လာသည်။ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းမှာ ဆက်သွယ်ရေးဝန်ကြီးဖြစ်လာသည်။[၁၆]
အစိုးရပြန်လည်ဖွဲ့စည်းခြင်း(၂၀၁၄)
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ် ဇွန်လ ၁၉ တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှာ ရာထူးမှ ရပ်နားခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရသည်။ ဒုတိယဝန်ကြီး ဦးစိုးဝင်းမှာ ဝန်ကြီးဖြစ်လာသည်။[၁၈] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ တွင် ပြန်ကြားရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့မှာလည်း ရာထူးမှ ရပ်နားခံခဲ့ရသည်။[၁၉] ထို့နောက် ဒုဝန်ကြီးများဖြစ်သောဦးရဲထွဋ် နှင့်ဒေါက်တာ သန်းအောင် တို့မှာ ဝန်ကြီးဖြစ်လာသည်။ ပညာရေးဝန်ကြီး ဒေါက်တာမြအေး ဆုံးပါးပြီးနောက် ဒေါက်တာခင်စန်းရီမှာ ဝန်ကြီးဖြစ်လာသည်။ ထို့နောက် သိပ္ပံနည်းပညာဝန်ကြီး ဒေါက်တာကိုကိုဦးပါဆုံးပါးသွား၍ ဝန်ကြီးဌာန၂ခုကို ပူးတွဲကိုင်ခဲ့ရသည်။[၂၀]
ခေါင်းဆောင်များနှင့် ဝန်ကြီးများ
[ပြင်ဆင်ရန်]ထင်ရှားသော လုပ်ဆောင်ချက်များ
[ပြင်ဆင်ရန်]



၂၀၁၁
- စက်တင်ဘာ ၃၀(မြစ်ဆုံဆည်)– စက်တင်ဘာ ၃၀ တွင် နိုင်ငံတော် သမ္မတ က ၎င်းတို့အစိုးရလက်ထက်တွင် မြစ်ဆုံ စီမံကိန်းအား ရပ်နားထားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပို့ခဲ့သည်။[၂၁]
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ခြင်း (ဒီဇင်ဘာ ၁) – အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် နေပြည်တော်သို့ လာရောက်ကာ အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ နှစ် ၅၀ အတွင်း မြန်မာပြည်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။
၂၀၁၂
- မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ (ဧပြီ ၁) – ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီး အတိုက်အခံခေါင်းဆောင် အောင်ဆန်းစုကြည် နှင့် သူ၏ပါတီအား လွှတ်တော် အတွင်းဝင်ရောက်စေနိုင်ခဲ့သည်။
- ကုလ ညီလာခံ၌ မိန့်ခွန်းပြောခြင်း (၂၇ စက်တင်ဘာ)- ဦးသိန်းစိန်သည် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောခဲ့သည်။ [၂၂]
- ဘာရက် အိုဘားမား လာရောက်ခြင်း(နိုဝင်ဘာ ၁၉)– အမေရိကန်နိုင်ငံ သမ္မတ ဘာရက်အိုဘားမားသည် ရန်ကုန်သို့ တစ်ရက်ကြာလာရောက်ခဲ့ပြီး ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တွေ့ဆုံခဲ့သည်။ သူသည် မြန်မာနိုင်ငံသို့ လာရောက်သော ပထမ ဆုံး အမေရိကန်သမ္မတ ဖြစ်လာသည်။
၂၀၁၃
- ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ – အစိုးရအဖွဲ့ သည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ခမ်းနားစွာကျင်းပခဲ့သည်။ ၎င်းပွဲသည် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ အပြီး ၄၄ နှစ်အကြာမှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ နေပြည်တော်၊ရန်ကုန်၊မန္တလေးနှင့် ငွေဆောင်၌ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဖွင့်ပွဲအခမ်းအနားနှင့် ၂၂ ရက်နေ့၌ ပိတ်ပွဲအခမ်းအနား တို့ကို လှပသော မီးပန်းများ၊ အဆင့်မြင့် နည်းပညာများ၊ သုံးဖက်မြင် စတိတ်စင်၊ များပြားလှသော လုပ်အားပေးမောင်မယ်တို့၏ ပုံဖော်မှုများဖြင့် ကြီးကျယ်ခမ်းနားလှပစွာ ကျင်းပခဲ့သည်။ ၎င်းပွဲများသည် မြန်မာ့သမိုင်း၌ အကြီးကျယ်ဆုံးသောပွဲများ ဖြစ်သည်။
၂၀၁၄
- ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ– ၂၀၁၄ခုနှစ် အာဆီယံ ပါရာဂိမ်းစ်ကို ၂၇ ကြိမ်မြောက်ဆီးဂိမ်းစ် အပြီး ဇန်နဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့သည်။
- ၉ ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ အစည်းအဝေး (၉~၁၃ နိုဝင်ဘာ) – အစိုးရအဖွဲ့သည် ၉ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ အစည်းအဝေးကို လက်ခံကျင်းပခဲ့သည်။
- အာဆီယံဥက္ကဋ္ဌနှင့် အစည်းအဝေးများ – အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်သည် ၂၄ ကြိမ်(၄~၅ မေ)နှင့် ၂၅ ကြိမ်မြောက် (၁၂~၁၃ နိုဝင်ဘာ) အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အာဆီယံ အသိုက်အဝန်း(၂၀၁၅) အကြို နေပြည်တော်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်။
၂၀၁၅
- ဗိုလ်ရှုသဘင် (ဇန်နဝါရီ ၄ရက်)- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတ တစ်ဦး၏ သက်တမ်း၌ တစ်ကြိမ်သာ ကျင်းပသည့် ဗိုလ်ရှုသဘင်အခမ်းအနားကို ပြန်လည်ကျင်းပခဲ့သည်။
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အောက်တိုဘာ၁၅ရက်)- မြန်မာ့ငြိမ်းချမ်းရေး၏မှတ်ကျောက်တစ်ခုဖြစ်သောတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ဆက်စပ်ကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။
- ↑ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြတိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ။ ၂၀၁၆ခုနှစ် မတ်လ၃၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊စာမျက်နှာ(၈) (၂၉ မတ် ၂၀၁၆)။ ၁၃ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ Wai Moe။ "Thein Sein and Cabinet Scheduled to be Sworn in on Wednesday"၊ The Irrawaddy၊ 29 March 2011။ 19 August 2011 တွင် ပြန်စစ်ပြီး။
- 1 2 Ahunt Phone Myat။ "Major government overhaul underway"၊ Democratic Voice of Burma၊ 9 February 2011။ 19 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 27 September 2011။
- ↑ "Correction: Myanmar President Forms 30-member Cabinet"၊ RTT News၊ 9 February 2011။ 19 August 2011 တွင် ပြန်စစ်ပြီး။
- ↑ Thein Sein။ "Union Minister Reshuffled"၊ New Light of Myanmar၊ 10 August 2011။ 21 August 2011 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၁/၂ဝ၁၁)။ နိုင်ငံတော်သမ္မတရုံး (၃၀ မတ် ၂၀၁၀)။ 10 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ဒုတိယဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း(အမိန့်အမှတ် ၁၃/၂ဝ၁၁)(၃၀-၃-၂၀၁၁))။ နိုင်ငံတော်သမ္မတရုံး (၃၀ မတ် ၂၀၁၀)။[လင့်ခ်သေ]
- ↑ "ဝန်ကြီးဌာနတာဝန်ပူးတွဲထမ်းဆောင်စေခြင်း (အမိန့်အမှတ်၊၄၆/၂ဝ၁၁)(၁၀-၈-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၀ ဩဂုတ် ၂၀၁၁။ Archived from the original on 10 February 2021။
- ↑ "ပြည်ထောင်စုဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊၄၅/၂ဝ၁၁)(၁၀-၈-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၀ ဩဂုတ် ၂၀၁၁။ Archived from the original on 10 February 2021။
- ↑ "ပြည်ထောင်စုဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊၅ဝ/၂ဝ၁၁) (၂-၁၂-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၂ ဒီဇင်ဘာ ၂၀၁၁။ Archived from the original on 10 February 2021။
- ↑ "ပြည်ထောင်စုဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊၅၁/၂ဝ၁၁) (၂-၁၂-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၂ ဒီဇင်ဘာ ၂၀၁၁။ Archived from the original on 10 February 2021။
- ↑ မြန်မာအစိုးရ ဝန်ကြီးများ အပြောင်းအလဲ။
- ↑ BBC News – Burma president announces cabinet reshuffle။ Bbc.co.uk (27 August 2012)။ 13 February 2014 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.။ 6 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2012 တွင် ပြန်စစ်ပြီး။
- ↑ Latt၊ Win Ko Ko။ "Air Force boss to take over telecoms"၊ The Myanmar Times၊ 11 February 2013။ 13 February 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 28 February 2013။
- ↑ You must specify title = and url = when using {{cite web}}.။ 13 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2013 တွင် ပြန်စစ်ပြီး။
- ↑ MPs agree on religious affairs minister replacement။ Ei Ei Toe Lwin။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2014 တွင် ပြန်စစ်ပြီး။
- ↑ Myanmar information and health ministers step down | Mail Online။ Dailymail.co.uk။ 29 July 2014 တွင် ပြန်စစ်ပြီး။
- ↑ Who is Ye Htut?။ The Nation (31 July 2014)။ 11 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 August 2014 တွင် ပြန်စစ်ပြီး။
- ↑ Burma Dam။
- ↑ Thein Sein at UN General Assembly။










