သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
| Ministry of Cooperatives and Rural Development | |
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁၇ ဇွန် ၂၀၂၁ |
| အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
| ဌာနချုပ် | ရုံးအမှတ် (၁၆)၊ နေပြည်တော် |
| ဝန်ကြီးများ | မျိုးဇော်သိမ်း၊ ပြည်ထောင်စုဝန်ကြီး |
| ဒုတိယဝန်ကြီးများ | သိုက်စိုး၊ ဒုတိယဝန်ကြီး |
| ဝက်ဘ်ဆိုက် | mcrd.gov.mm |
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်တွင် အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။
လက်ရှိ ပြည်ထောင်စုဝန်ကြီးမှာ ဦးမျိုးဇော်သိမ်း ဖြစ်ပြီး၊ ဒုတိယဝန်ကြီးမှာ ဦးသိုက်စိုး ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ၁၉၅၁ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ထောက်ပံရေးနှင့် သမဝါယမဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့တွင် ယခင်ဖျက်သိမ်းခဲ့သော သမဝါယမဦးစီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် အသစ်ဖွဲ့စည်းခဲ့သည်။[၁] [၂][၃]
၂၀၂၂ ခုနှစ် ဇွန်လ (၂၃)ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အား လွှဲပြောင်းရယူခဲ့သည်။[၄]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဝန်ကြီးဌာနလက်အောက်တွင် ဦးစီးဌာန (၄)ခု၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ ယွန်းပညာကောလိပ်၊ သမဝါယမကောလိပ်များ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ တည်ရှိသည်။
အကြီးအကဲများ
[ပြင်ဆင်ရန်]ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | ဝန်ကြီးချုပ် | သမ္မတ | အစိုးရအဖွဲ့ | ||
|---|---|---|---|---|---|---|---|---|---|
| ၁။ | ဦးလှမိုး | ၂၄ ဇွန် ၂၀၂၁[၅] | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၃၇ ရက် | ဦးမြင့်စိုး | မင်းအောင်လှိုင် |
|
မင်းအောင်လှိုင်အစိုးရ | |
| ၃၁ ဇူလိုင် ၂၀၂၅[၆] | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် | ဦးသိုက်စိုး | ညိုစော | မင်းအောင်လှိုင် (ယာယီ-တာဝန်) | ညိုစောအစိုးရ | |||
| ၂။ | ဦးမျိုးဇော်သိမ်း | ၁၀ ဧပြီ ၂၀၂၆[၇] | ယနေ့အထိ | ၁၅၀ ရက် | ဦးသိုက်စိုး | ရာထူးမရှိ။ | ဦးမင်းအောင်လှိုင် | ဦးမင်းအောင်လှိုင်အစိုးရ | |
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်သက်တမ်း | ပြည်ထောင်စုဝန်ကြီး | အစိုးရအဖွဲ့ | ||
|---|---|---|---|---|---|---|
| ၁။ | ဦးမြင့်စိုး | ၄ ဧပြီ ၂၀၂၂ | ၃၁ ဇူလိုင် ၂၀၂၅ | ဦးလှမိုး | မင်းအောင်လှိုင်အစိုးရ | |
| ၂။ | ဦးသိုက်စိုး | ၆ နိုဝင်ဘာ ၂၀၂၅[၈] | ၁၀ ဧပြီ ၂၀၂၆ | ၁၅၅ ရက် | ||
| ၁၀ ဧပြီ ၂၀၂၆[၉] | ယနေ့အထိ | ၁၅၀ ရက် | ဦးမျိုးဇော်သိမ်း | ဦးမင်းအောင်လှိုင်အစိုးရ | ||
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုဝန်ကြီးဌာနဖွဲ့စည်းခြင်း။
- ↑ နာမည်ပျက်ပြီး မအောင်မြင်ခဲ့တဲ့ သမဝါယမဝန်ကြီးဌာန စစ်ကောင်စီ ပြန်ဖွဲ့။
- ↑ သမိုင်းကြောင်း။ 10 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2022 တွင် ပြန်စစ်ပြီး။
- ↑ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန။ 9 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2023 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information။ 2026-04-14 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။