သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအစိုးရအဖွဲ့အစည်း | |
---|---|
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၇ ဇွန် ၂၀၂၁ |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၁၆)၊ နေပြည်တော် |
ဝန်ကြီးများ | ဦးလှမိုး |
ဝက်ဘ်ဆိုက် | mcrd.gov.mm |
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ၂၀၂၁ခုနှစ်တွင် အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးလှမိုးဖြစ်သည်။[၁]
သမိုင်းကြောင်း[ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ၁၉၅၁ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ထောက်ပံရေးနှင့် သမဝါယမဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။၂၀၁၆ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့တွင် ယခင်ဖျက်သိမ်းခဲ့သော သမဝါယမဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် အသစ်ဖွဲ့စည်းခဲ့သည်။[၂] [၃][၄]
အကြီးအကဲများ[ပြင်ဆင်ရန်]
ဝန်ကြီးများ[ပြင်ဆင်ရန်]
- ဦးလှမိုး (၂၄ ဇွန် ၂၀၂၁ - လက်ရှိ)
ဒုတိယဝန်ကြီးများ[ပြင်ဆင်ရန်]
- ဦးမြင့်စိုး (၄ ဧပြီ ၂၀၂၂ - လက်ရှိ)'