မာတိကာသို့ ခုန်သွားရန်

ကိုလေး (ဗိုလ်ချုပ်)

ဝီကီပီးဒီးယား မှ

ကိုလေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
ယခင်လူမြတ်ကျော်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ မတ် ၂၀၂၆
ယခင်လူဒေါက်တာ မြင့်နိုင်
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
မဲဆန္ဒနယ်ရွှေဘိုမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁)
အနိုင်ရမဲ အရေအတွက်အချိုးကျကိုယ်စားပြုစနစ်ဖြင့်
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂၈ မေ ၂၀၂၄  နိုဝင်ဘာ ၂၀၂၅
သမ္မတ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူဗိုလ်ချုပ် အောင်လင်းထွန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၅ (အသက် ၆၀၆၁)
ကြင်ဖော်လေးပို
မိခင်ကျောင်းစစ်တက္ကသိုလ် အပတ်စဉ်(၂၇)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ? - 2026
ရာထူးဗိုလ်ချုပ်

ဦးကိုလေး (၁၉၆၅ ဖွား) သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်သည်။[][] ယင်းမတိုင်မီက သူသည် အငြိမ်းစားဗိုလ်ချုပ် တစ်ဦးဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[]

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အမှတ်စဉ် (၂၇) ဆင်း တစ်ဦးဖြစ်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၁၉၅၉၀ ဖြင့် စစ်မှုထမ်းသည်။တပ်မတော် တွင် နှစ်ပေါင်း၃၀ကျော်ကြာ အဆင့်ဆင့်တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၉ ခုနှစ် တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်လာပြီးနောက် သူသည် တပ်မတော်နေ့ ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူရသည်။[]သူသည် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ လူယုံတစ်ဦး ဟူ၍လည်း ဖော်ညွှန်းခံရသည်။[]ယင်းအပြင် ဒရုန်းတပ်ဖွဲ့ ကိုလည်း စီမံကွပ်ကဲရသည်။

ဒုတိယဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးခံရသည်။[]

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး အချိုးကျကိုယ်စားပြုစနစ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ရွှေဘိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တင်မြှောက်ခံရသည်။

ဝန်ကြီးချုပ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ဧပြီ ၆ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေးအတွက် ရွှေဘိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကိုလေးအား တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သို့ အဆိုပြုခြင်းကို ပြုလုပ်ခဲ့သည်။ လွှတ်တော်က အဆုံးအဖြတ်ရယူ၍ အတည်ပြုခဲ့သည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၎င်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဘွဲ့တံဆိပ်တစ်ခု ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ချီးမြှင့်ခဲ့သည်။[] ယင်းအပြင် သူသည် ၂၀၂၀ ပြည့်နှစ်ထဲမှာပင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်ကိုလည်း ချီးမြှင့်ခံရသည်။[]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၀]


ကိုးကား

[ပြင်ဆင်ရန်]
  1. ဧရာဝတီ (2026-04-06)။ စစ်တပ်အရာရှိဟောင်းအများစု တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  2. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၂၈ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ကာကွယ်ရေးဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကိုလေး ခန့်အပ်ခံရ (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  4. (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း MWD Webportal (၂၂ မတ် ၂၀၂၄)။ 30 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒီချုပ်အစိုးရလက်ထက်က ဇေယျကျော်ထင်ဘွဲ့ရဗိုလ်ချုပ်ကိုလေး ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာ Tachileik News Agency (၂၈ မေ ၂၀၂၄)။ 30 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ကာကွယ်ရေးဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကိုလေး ခန့်အပ်ခံရ (in my)။ 2026-04-13 တွင် ပြန်စစ်ပြီး။
  7. တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  8. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ Myanmar Digital News (၁ ဇန်နဝါရီ ၂၀၂၁)။ 30 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ(၃/၂၀၂၀) ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂၇ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၄ ဇန်နဝါရီ ၂၀၂၀)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။