ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ

ဝီကီပီးဒီးယား မှ
(ဦးနေဝင်းအစိုးရ (ဒုတိယအကြိမ်) မှ ပြန်ညွှန်းထားသည်)
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ

အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
၁၉၆၂ – ၁၉၇၄
အကြီးအကဲ
ဖွဲ့စည်းရက်စွဲ၂ မတ် ၁၉၆၂
ဖျက်သိမ်းရက်စွဲ၂ မတ် ၁၉၇၄
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်ခေါင်းဆောင်ဗိုလ်ချုပ်ကြီး နေဝင်း (တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ)
အစိုးရခေါင်းဆောင်ဗိုလ်ချုပ်ကြီး နေဝင်း (တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌ)
အဖွဲ့ဝင် ပါတီတပ်မတော်/မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
သမိုင်း
ယခင်ပထစအစိုးရ
ဆက်ခံဦးစိန်ဝင်းအစိုးရ

ဦးနေဝင်း၏ ဒုတိယအကြိမ်အစိုးရသည် ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ပြီးနောက် တော်လှန်ရေးကောင်စီမှ ဖွဲ့စည်းခဲ့သောအစိုးရဖြစ်သည်။[၁] မတ်လ ၃၀ ၌ အစိုးရအဖွဲ့၏အမည်ကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။[၂]

အစိုးရအဖွဲ့[ပြင်ဆင်ရန်]

နိုင်ငံတော် တော်လှန်ရေးကောင်စီ ကြေညာချက် အမှတ် ၂ ဖြင့် အစိုးရအဖွဲ့ဝင်များကို ကြေညာခဲ့ပြီး[၃] ကြေညာချက် အမှတ် ၁၂ တွင် အခြားဌာနများအတွက် ဆက်လက်ကြေညာခဲ့သည်။[၄]

စဉ် အမည် ဝန်ကြီးဌာန
ဗိုလ်ချုပ်ကြီး နေဝင်း နိုင်ငံတော်တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ရုံး

ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊အမျိုးသားစီမံကိန်းဝန်ကြီးဌာန

ဗိုလ်မှူးချုပ် အောင်ကြီး ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန
ဗိုလ်မှူးချုပ် တင်ဖေ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန
ဗိုလ်မှူးချုပ် သန်းဖေ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန
ဦးသီဟန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်သူ့လုပ်ငန်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာန ပူးပေါင်း)၊ သတ္တုတွင်းဝန်ကြီးဌာန
ဗိုလ်မှူးကြီး ကျော်စိုး ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (အမျိုးသားမှတ်ပုံတင်ရေးဌာန ပူးပေါင်း)၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန၊ သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများ
ဗိုလ်မှူးကြီး စောမြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး နှင့်အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများ
ဒုတိယဗိုလ်မှူးကြီး ဘနီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန (သယ်ယူပို့ဆောင်ရေးဌာနများကိုပူးပေါင်း)
ဦးဘစိန်[၅] ရှေ့နေချုပ်
၁၀ ဦးထွန်းအေး ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ
၁၁ ဦးဒိန်ရတန် ကချင်ပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ
၁၂ ဒေါက်တာ စောလှထွန်း ကရင်ပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ
၁၃ ဦးအေမြလေး ကယားပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ
၁၄ ဦးဆန်ခိုလျှံ ချင်းရေးရာဦးစီးအဖွဲ့ဥက္ကဋ္ဌ

ဆက်စပ်ဖတ်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Taylor၊ Robert H. (2009)။ The State in Myanmar. (2nd ed.)။ Singapore: NUS Press။ p. 255–256။ ISBN 978-0824833626
  2. နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၂၈
  3. နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၂
  4. နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၂
  5. နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၅