မာတိကာသို့ ခုန်သွားရန်

ကိုကို (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးကြီး (ငြိမ်း)
သီရိပျံချီ၊ ဦး

ကိုကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၂၄  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီ-တာဝန်)
ယခင်လူသိန်းစိုး
ဆက်ခံသူသန်းစိုး
သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၂ ဩဂုတ် ၂၀၂၃
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးအောင်ကို
ဆက်ခံသူဦးတင်ဦးလွင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၇
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (လေ)
အမှုထမ်းကာလ၁၉၆၈ -၂၀၀၇
ရာထူး ဗိုလ်မှူးကြီး

ဦးကိုကို (၁၉၄၇ ဖွား) သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ [] ယင်းမတိုင်မီက သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။[] သူသည် တပ်မတော်(လေ) တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၀) ဆင်း ဖြစ်သည်။[] တပ်မတော် (လေ) တွင် ၁၉၆၈ ခုနှစ် နောက်ပိုင်းက စပြီး စစ်မှုထမ်းသည်။ ၂၀၀၇ ခုနှစ် တွင် တပ်မတော် (လေ) မှ ဗိုလ်မှူးကြီး အဆင့် ဖြင့် အငြိမ်းစားယူသည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

သူသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခံရသည်။[] [] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ လုပ်ငန်းပြီးပြတ်ပြီးသည်အထိ ထမ်းဆောင်သည်။ []

ပြည်ထောင်စုဝန်ကြီး

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး နောက် ထိုနေ့မှာပင် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးသည်။ []

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ထိုတာဝန်မှ အနားပေးခံရသည်။[][]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာပုံ

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည်။[၁၀] [၁၁]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ကော်မရှင် ဥက္ကဋ္ဌ ရာထူးမှ အနားပေးခံရသည်။

စာပေရေးသားခြင်းများ

[ပြင်ဆင်ရန်]

သူသည် ဧကရာဇ်၊ ကို (ဗိုလ်မှူးကြီး) စသည့် ကလောင်အမည်ဖြင့် ကဗျာ အပါအဝင် စာပေများရေးသားသည်။ [၁၂]

အရေးယူပိတ်ဆို့ခံရမှု

[ပြင်ဆင်ရန်]

သူ့ကို စစ်ကောင်စီ ထဲ ပါဝင်မှု ဖြင့် အမေရိကန် နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအချို့က ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားသည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့်  သီရိပျံချီ ဘွဲ့ ချီးမြှင့်အပ်နှင်းသည်။ [၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. JUNTA-APPOINTED UEC CHAIR MEETS THE RUSSIAN COUNTERPART AND OBSERVES THE RUSSIAN ELECTION myanmarelectionwatch (13 March 2024)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  2. https://www.mhmjapan.com/content/files/00047575/Myanmar%20Legal%20MHM%20Limited%20Newsletter%20-%20March%20Issue.pdf Myanmar Legal MHM (March 2021)။ 1 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2024 တွင် ပြန်စစ်ပြီး။
  3. Myanmar Junta Repeats Lie That 2020 Election Was Rigged The Irrawaddy (20 March 2024)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  4. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး DVB (၂၈ စက်တင်ဘာ ၂၀၁၂)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. “မဲဆန္ဒရှင် ပြည်သူတွေက လုပ်ရမယ့် အလုပ်ကို မလုပ်တာပါ” The Irrawaddy (၁၃ အောက်တိုဘာ ၂၀၁၅)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း၏ ရွေးကောက်ပွဲကော်မရှင် အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွက် အားတစ်ရပ်ဖြစ်လာ မြန်မာသံတော်ဆင့် (၂၃ ဧပြီ ၂၀၁၅)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. ပြည်ထောင်စု ဝန်ကြီးသစ်တွေ စစ်အစိုးရ ခန့်အပ် VOA Burmese (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ဘုရားပွဲအပြီး သာသနာရေးဝန်ကြီး ချက်ချင်းအဖြုတ်ခံရ Myanmar Now (၄ ဩဂုတ် ၂၀၂၃)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. အမိန့်အမှတ်၊ ၅၉ / ၂၀၂၃ တာဝန်မှအနားယူခွင့်ပြုခြင်း Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. UEC ဥက္ကဋ္ဌသစ်နှင့် ရွေးကောက်ပွဲကတိကဝတ် Eleven Media Group (၁၇ မတ် ၂၀၂၄)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရေးသားပြုစု ထုတ်ဝေသော “ကဗျာစပ်ချင် အတတ်သင်” စာအုပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ MOI Myanmar (၁၃ ဇန်နဝါရီ ၂၀၂၂)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း MOI Myanmar (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။