ဦးထင်ကျော်အစိုးရ
| ဦးထင်ကျော်အစိုးရ | |
|---|---|
ဒုတိယမြောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
| ၂၀၁၆-၂၀၁၈ | |
အစိုးရအဖွဲ့အကြီးအကဲများ | |
| ဖွဲ့စည်းရက်စွဲ | ၃၀ မတ် ၂၀၁၆ |
| ဖျက်သိမ်းရက်စွဲ | ၃၀ မတ် ၂၀၁၈ |
| လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
| နိုင်ငံတော်အကြီးအကဲ |
|
| အစိုးရခေါင်းဆောင် |
|
| ဒုတိယ ခေါင်းဆောင် | |
| အဖွဲ့ဝင် ဦးရေ | ၂၄ |
| အဖွဲ့ဝင် ပါတီ | အန်အယ်ဒီ-တပ်မတော်-MNP |
| အတိုက်အခံ ပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
| သမိုင်း | |
| ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ |
| စတင်ဖွဲ့စည်းပုံ | ၂၀၁၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း |
| ပြောင်းလဲဖွဲ့စည်းပုံ | ၂၀၁၈ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း |
| ယခင် | ဦးသိန်းစိန် အစိုးရ |
| ဆက်ခံ | ဦးဝင်းမြင့်အစိုးရ |
ဦးထင်ကျော် အစိုးရသည် သမ္မတ ဦးထင်ကျော် ကို အမှူးထား၍ အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သော အစိုးရအဖွဲ့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှစ၍ ၂၀၁၈ခုနှစ် မတ်လ ၃၀ရက်နေ့ထိ အာဏာရသောအစိုးရ ဖြစ်သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။
ခြုံငုံသုံးသပ်ချက်
[ပြင်ဆင်ရန်]အန်အယ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာမည်ဖြစ်သော်လည်း သူ၏ခင်ပွန်းနှင့်သား ၂ ယောက်မှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်မလာပေ။
အခြေခံဥပဒေအရ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ ဝန်ကြီးများကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တိုက်ရိုက်ခန့်အပ်သည်။ ကျန် ဝန်ကြီး ၁၅ဦးကို သမ္မတမှ ခန့်အပ်သည်။ အများစုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှဖြစ်ကာ ၂ ဦးမှာ ပြည်ခိုင်ဖြိုးနှင့် အချို့မှာ ပြင်ပမှ ဖြစ်သည်။
နိုဝင်ဘာ ၂၄၊ ၂၀၁၇ တွင် ဝန်ကြီးဌာနအသစ် ၂ခုဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်
[ပြင်ဆင်ရန်]နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါတီ၏ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရအဖွဲ့အတွင်း မြင့်မားသောနေရာရရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်မှာ ဝန်ကြီးချုပ်ကဲ့သို့ပင် ဖြစ်သည်။
အစိုးရအဖွဲ့ ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]အဖွဲ့ဝင်များမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်၊ မွန်အမျိုးသားပါတီတို့မှ နီးစပ်သူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစတင်ဖွဲ့စည်းချိန်၌ အဓိကဝန်ကြီးဌာန ၄ ခု ကိုင်တွယ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ပညာရေးနှင့် လျှပ်စစ်/စွမ်းအင်တို့ကို ဝန်ကြီးအသစ် ၂ ဦးကို လွှဲပေးခဲ့သည်။ ထို့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်၏ အသုံးစရိတ်များလျော့ချရန် ဝန်ကြီးဌာနများ ပူးပေါင်းဖွဲ့စည်းကာ အစပိုင်းတွင် ဒုတိယဝန်ကြီးများကို ခန့်အပ်ခြင်းမရှိခဲ့ပေ။နောက်ပိုင်းတွင်မှ ခန့်အပ်ခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထွန်းဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့အကြား ပဋိပက္ခကြောင့် ဒုတိယဝန်ကြီးနုတ်ထွက်ခဲ့ရသည်။ ၂၀၁၇ ဩဂုတ်လတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။
၂၀၁၇ နိုဝင်ဘာ ၂၇ တွင် ဝန်ကြီးဌာနအသစ် ၂ ခု ဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့၍ ဝန်ကြီးဌာန ၂၄ ခု ရှိလာခဲ့သည်။ နောက်ပိုင်းတွင် ဝန်ကြီးဌာနအသစ်များအပြင် ဒုဝန်ကြီးအမြောက်အမြား ခန့်အပ်ခဲ့၍ လူပြောစရာဖြစ်ခဲ့သည်။[၁]
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ဝန်ကြီးဌာန | အမည် | တာဝန်ထမ်းဆောင်ခြင်း | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁ | နိုင်ငံခြားရေး ဝန်ကြီးဌာန[၂] | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၂ | သမ္မတရုံး ဝန်ကြီးဌာန | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၃ | ပြည်ထဲရေး ဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၄ | ကာကွယ်ရေးဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၅ | နယ်စပ်ရေးရာ ဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၆ | နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန | ဦးကျော်တင့်ဆွေ | ၁၇ မေ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၁ နှစ်၊ ၃၁၇ ရက် |
| ၇ | ပြန်ကြားရေးဝန်ကြီးဌာန | ဒေါက်တာ ဖေမြင့် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၈ | ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | ဦးသောင်းထွန်း | ၂၃ နိုဝင်ဘာ ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၁၂၇ ရက် |
| ၉ | သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန | သူရဦးအောင်ကို | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၀ | စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | ဒေါက်တာအောင်သူ | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၁ | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန | ဦးသန့်စင်မောင် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၂ | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန | ဦးအုန်းဝင်း | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၃ | လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန | ဒေါ်အောင်ဆန်းစုကြည်[၃] | ၃၀ မတ် ၂၀၁၆ | ၅ ဧပြီ ၂၀၁၆ | ၆ ရက် |
| ဦးဖေဇင်ထွန်း | ၅ ဧပြီ ၂၀၁၆ | ၁ ဩဂုတ် ၂၀၁၇ | ၁ နှစ်၊ ၁၁၈ ရက် | ||
| ဦးဝင်းခိုင် | ၁ ဩဂုတ် ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၂၄၁ ရက် | ||
| ၁၄ | အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ဦးသိန်းဆွေ | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၅ | စက်မှု ဝန်ကြီးဌာန | ဦးခင်မောင်ချို | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၆ | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | ဒေါက်တာ သန်းမြင့် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၇ | ပညာရေးဝန်ကြီးဌာန[၃] | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၅ ဧပြီ ၂၀၁၆ | ၆ ရက် |
| ဒေါက်တာမျိုးသိမ်းကြီး | ၅ ဧပြီ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၁ နှစ်၊ ၃၅၉ ရက် | ||
| ၁၈ | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (ယခင် ကျန်းမာရေး ဝန်ကြီးဌာန) | ဒေါက်တာမြင့်ထွေး | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၁၉ | စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန | ဦးကျော်ဝင်း | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၂၀ | ဆောက်လုပ်ရေး ဝန်ကြီးဌာန | ဦးဝင်းခိုင် | ၃၀ မတ် ၂၀၁၆ | ၁၅ ဇန်နဝါရီ ၂၀၁၈ | ၁ နှစ်၊ ၂၉၁ ရက် |
| ဦးဟန်ဇော် | ၁၉ ဇန်နဝါရီ ၂၀၁၈ | ၃၀ မတ် ၂၀၁၈ | ၇၀ ရက် | ||
| ၂၁ | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | ဒေါက်တာဝင်းမြတ်အေး | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၂၂ | ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန | ဦးအုန်းမောင် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၂၃ | တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ယခင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန) | နိုင်သက်လွင် | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၂ နှစ်၊ ၀ ရက် |
| ၂၄ | အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန | ဦးကျော်တင် | ၂၃ နိုဝင်ဘာ ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၁၂၇ ရက် |
| ၂၅ | ပြည်ထောင်စုရှေ့နေချုပ်ရုံး | ဦးထွန်းထွန်းဦး | ၅ ဧပြီ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၁ နှစ်၊ ၃၅၉ ရက် |
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]အစိုးရအဖွဲ့စတင်သည့် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဒုတိယဝန်ကြီးများ ပါဝင်ခြင်း မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မှ ဒုတိယဝန်ကြီးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၄]
| စဉ် | ဝန်ကြီးဌာန | အမည် | တာဝန်ထမ်းဆောင်ခြင်း | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁ | နိုင်ငံခြားရေး ဝန်ကြီးဌာန | ဦးကျော်တင် | ၃ မေ ၂၀၁၆ | ၂၇ နိုဝင်ဘာ ၂၀၁၇ | ၅၇၃
|
| ၂ | သမ္မတရုံး ဝန်ကြီးဌာန | ဦးမင်းသူ | ၁၂ ဒီဇင်ဘာ ၂၀၁၆[၅] | ၃၀ မတ် ၂၀၁၈ | ၄၇၃
|
| ၃ | ပြည်ထဲရေး ဝန်ကြီးဌာန | ဗိုလ်ချုပ် အောင်စိုး[၆] | ၃ မေ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၆၉၆
|
| ၄ | ကာကွယ်ရေးဝန်ကြီးဌာန | ဗိုလ်ချုပ် မြင့်နွယ် | ၃ မေ ၂၀၁၆[၆] | ၃၀ မတ် ၂၀၁၈ | ၆၉၆
|
| ၅ | နယ်စပ်ရေးရာ ဝန်ကြီးဌာန | ဗိုလ်ချုပ် သန်းထွဋ် | ၃ မေ ၂၀၁၆[၆] | ၃၀ မတ် ၂၀၁၈ | ၆၉၆
|
| ၆ | နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန | ဦးခင်မောင်တင် | ၄ ဇူလိုင် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၆၃၄
|
| ၇ | ပြန်ကြားရေးဝန်ကြီးဌာန | ဦးအောင်လှထွန်း | ဇန်နဝါရီ ၂၀၁၈[၇] | ၃၀ မတ် ၂၀၁၈ | |
| ၈ | စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | ဒေါက်တာ ထွန်းဝင်း | ၂ မေ ၂၀၁၆ | ၁၈ နိုဝင်ဘာ ၂၀၁၈ | ၂၀၀
|
| ဦးလှကျော် | ၁၂ ဒီဇင်ဘာ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၄၇၃
| ||
| ၉ | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန | ဦးကျော်မျိုး | ၁၂ မေ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၆၈၇
|
| ၁၀ | လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန | ဒေါက်တာထွန်းနိုင် | ၁၂ စက်တင်ဘာ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၅၆၄
|
| ၁၁ | စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန | ဦးမောင်မောင်ဝင်း | ၃ မေ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၆၉၆
|
| ဦးဆက်အောင် | ၃၁ ဇူလိုင် ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၂၄၂
| ||
| ၁၂ | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | ဦးအောင်ထူး | ၂၀ ဧပြီ ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၃၄၄
|
| ၁၃ | ပညာရေးဝန်ကြီးဌာန | ဦးဝင်းမော်ထွန်း | ၁၂ စက်တင်ဘာ ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ၅၆၄
|
| ၁၄ | ဆောက်လုပ်ရေး ဝန်ကြီးဌာန | ဦးကျော်လင်း | ၅ ဇွန် ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၂၉၈
|
| ၁၅ | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | ဦးစိုးအောင် | ၂၇ စက်တင်ဘာ ၂၀၁၇ | ၃၀ မတ် ၂၀၁၈ | ၁၈၄
|
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း | Myanmar President Office။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2021 တွင် ပြန်စစ်ပြီး။
- ↑ "၀န်ကြီးဌာနလျှော့ချရေး လွှတ်တော်အတည်ပြု"။
- 1 2 "ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခုအား ဒေါ်အောင်ဆန်းစုကြည် လက်လွှဲမည်"။
- ↑ "အစိုးရသစ်"။
- ↑ "သမ္မတရုံး ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများတွင် ဒုတိယ ဝန်ကြီးများ ခန့်အပ်"။
- 1 2 3 "ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ်"။
- ↑ "ပြန်ကြားရေး ဒုဝန်ကြီးသစ်ဖြစ်လာတဲ့ ဝါရင့် မီဒီယာသမားတစ်ဦး"။