စိုးထွဋ်
စိုးထွဋ် | |
---|---|
![]() | |
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃[၂] | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၀ ဖေဖော်ဝါရီ ၂၀၂၀ | |
သမ္မတ | ဦးဝင်းမြင့် ဦးမြင့်ဆွေ (ယာယီ) |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ |
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၁ မေ ၂၀၂၁ | |
လက်ထောက် | ဗိုလ်ချုပ် စိုးတင့်နိုင် |
ယခင်လူ | ဦးမင်းသူ |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မန္တလေးမြို့ | မတ် ၂၉၊ ၁၉၆၀
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | နီလာစိန် |
သားသမီး |
|
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ဆုတံဆိပ်များ | စည်သူဘွဲ့[၁] |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | ![]() |
ရာထူး | ![]() |
ဒုတိယဗိုလ်ချုပ်ကြီး စည်သူ[၁] စိုးထွဋ် (၂၉ မတ် ၁၉၆၀ မွေးဖွား[၄]) သည် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဖြစ်သည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုမတိုင်မီကပင် သမ္မတ ဦးဝင်းမြင့်က ခန့်အပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်လည်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ခံခဲ့ရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း (၃)လကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
အစောပိုင်းဘဝ[ပြင်ဆင်ရန်]
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး - ဗိုလ်မှူးချုပ် လွန်းမောင်၏ သားဖြစ်သည်။[၄]
ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင်လည်းကောင်း၊ စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် အမှုထမ်းခဲ့သည်။၂၀၁၆ ခုနှစ်မှစတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။[၄]
နိုင်ငံရေးတာဝန် ထမ်းဆောင်ခြင်း[ပြင်ဆင်ရန်]
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားယူသွားသည့်အခါ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၅]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးဌာနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ခဲ့သော ဝန်ကြီးများအနက် ယခင် NLD အစိုးရလက်ထက်က ဆက်လက်ခန့်အပ်ခြင်းခံရသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။[၆]
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့သည်။[၇]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): စာ-၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
- ↑ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း"။
- ↑ "စစ်ကောင်စီဝန်ကြီးသားနဲ့ ရန်ဖြစ်ပြီး စားသောက်ဆိုင်ဝန်ထမ်းတွေ တရားစွဲခံရ"။
- ↑ ၄.၀ ၄.၁ ၄.၂ ပြည်ထဲရေးဝန်ကြီးအဖြစ် လက်ရှိ စရဖအရာရှိချုပ်ကို သမ္မတက အမည်စာရင်းတင် (in my)။ ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်လာ (in en)။ ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။