စိုးထွဋ်
စိုးထွဋ် | |
|---|---|
![]() | |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
| ယခင်လူ | ရာပြည့် (ဒုတိယဗိုလ်ချုပ်ကြီး) |
| ဆက်ခံသူ | ဦးအောင်နိုင်ဦး |
| မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၃ | |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၂၁ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
| ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁၀ ဖေဖော်ဝါရီ ၂၀၂၀ – ၃ ဩဂုတ် ၂၀၂၃ | |
| သမ္မတ | ဦးဝင်းမြင့် ဦးမြင့်ဆွေ (ယာယီ) |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ |
| ဆက်ခံသူ | ရာပြည့် (ဒုတိယဗိုလ်ချုပ်ကြီး) |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၁ မေ ၂၀၂၁ | |
| လက်ထောက် | ဗိုလ်ချုပ် စိုးတင့်နိုင် |
| ယခင်လူ | ဦးမင်းသူ |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မတ် ၂၉၊ ၁၉၆၀ မန္တလေးမြို့ |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | နီလာစိန် |
| သားသမီး |
|
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ | စည်သူဘွဲ့[၁] |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ? - ၂၀၂၃ |
| ရာထူး | |
| ကိုယ်ပိုင်အမှတ် | ကြည်း ၁၇၅၄၀ |
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) စည်သူ[၁] စိုးထွဋ် (၂၉ မတ် ၁၉၆၀ မွေးဖွား[၃]) သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီး [၄] နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်ခဲ့သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုမတိုင်မီကပင် သမ္မတ ဦးဝင်းမြင့်က ၎င်းကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်လည်း ထိုတာဝန် ဆက်လက်ခန့်အပ်ခံခဲ့ရသည်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း (၃)လကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး - ဗိုလ်မှူးချုပ် လွန်းမောင်၏ သားဖြစ်သည်။[၃]
ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင်လည်းကောင်း၊ စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် အမှုထမ်းခဲ့သည်။၂၀၁၆ ခုနှစ်မှစတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။[၃]
နိုင်ငံရေးတာဝန် ထမ်းဆောင်ခြင်း
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားယူသွားသည့်အခါ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၅]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးဌာနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ခဲ့သော ဝန်ကြီးများအနက် ယခင် NLD အစိုးရလက်ထက်က ဆက်လက်ခန့်အပ်ခြင်းခံရသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။[၆]၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြင့် ခန့်အပ်ခံရသည်။ [၇]
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။[၈] ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး အဖြစ်မှ ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဖယ်ရှားခံရပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီး ဖြစ်လာပြန်သည်။ ထိုတာဝန်ကိုလည်း ၅၄ရက်သာ ထမ်းဆောင်ရသည်။၂၀၂၃ စက်တင်ဘာလ ၂၅ ရက်တွင်မူ ပြည်ထောင်စုဝန်ကြီးအဖြစ်မှလည်းကောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှလည်းကောင်း ဖယ်ရှားခံရသည်။
ထောင်ဒဏ်ချမှတ်ခံရခြင်း
[ပြင်ဆင်ရန်]သူသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ရက် တွင် ရာထူးများမှ ရပ်ဆိုင်းခံရပြီးနောက် စစ်ကောင်စီ ၏ စစ်တရားရုံးဖြင့် ရုံးတင် စစ်ဆေးခြင်းကို ခံရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ထောင် ၅နှစ် ချမှတ်ခံရသည်။ စစ်ကောင်စီ စစ်တရားရုံးက ၎င်းကို မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာ အသုံးပြုခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ထောင်ဒဏ်ချသည်ဟု သတင်းထုတ်သည်။ [၉]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော “စည်သူဘွဲ့” ကို ချီးမြှင့်ခဲ့သည်။ [၁၀]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): စာ-၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
- ↑ "စစ်ကောင်စီဝန်ကြီးသားနဲ့ ရန်ဖြစ်ပြီး စားသောက်ဆိုင်ဝန်ထမ်းတွေ တရားစွဲခံရ"။
- 1 2 3 ပြည်ထဲရေးဝန်ကြီးအဖြစ် လက်ရှိ စရဖအရာရှိချုပ်ကို သမ္မတက အမည်စာရင်းတင် (in my)။ ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်လာ (in en)။ ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၀၆ / ၂၀၂၁။ CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"၊ မြဝတီသတင်း။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်အား စစ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်။ Eleven Media Group (၁၀ နိုဝင်ဘာ ၂၀၂၃)။ ၁၀ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
