တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

ဝီကီပီးဒီးယား မှ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်National Unity Party
ဥက္ကဋ္ဌဦးသန်းတင်
တည်ထောင်ခြင်း၁၉၈၈ (၁၉၈၈)
ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဌာနချုပ်အမှတ်၂၄၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့
သတင်းစာNational News Journal
အဖွဲ့ဝင်၅၀၀,၀၀၀[၁]
နိုင်ငံရေး သဘောတရားဆိုရှယ်လစ်ဝါဒ
အမျိုးသားလွှတ်တော် အမတ်နေရာ
၁ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party; အတိုကောက် တစည) ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏အမွေကို ဆက်ခံယူထားသော ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[၂] တစညပါတီအနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးရှိတဲ့ မြို့နယ်ပေါင်း ၂၉၀ ရှိသည်။ ၂၀၁ဝမှာပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်။[၃] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ ဦးသာကျော် နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် အမျိုးသားစာပေဆုရ စာရေးဆရာ ဦးသန်းတင် (လွတ်လပ်ရေး မော်ကွန်းဝင်)က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။

၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ်(၁၀)နေရာ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -

  1. တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီ
  2. အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ
  3. လူငယ်စည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဝင်ရောက်အရွေးခံခဲ့သည်။ ဒါပေမဲ့ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်တနေရာမှာပဲ အနိုင်ရခဲ့သည်။[၄]

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ကိုယ်စားလှယ်လောင်း ၄၀၀‌ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့  တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီ တာဝန်ရှိသူတွေက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည်မဟုတ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြားသည်။[၅][၆]

ရွေးကောက်ပွဲ ရလဒ်များ

အမျိုးသားလွှတ်တော်

ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ် ခေါင်းဆောင်သူ
၂၀၁၀
၅ / ၂၂၄
၄,၃၀၂,၀၈၂ Increase၅; Opposition ဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၅ / ၂၂၄
Steady; Opposition ဦးထွန်းရီ
၂၀၁၅
၁ / ၂၂၄
Decrease၄; Opposition ဦးသန်းတင်

ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ် ခေါင်းဆောင်သူ
၁၉၉၀
၁၀ / ၄၉၂
၂,၈၀၅,၅ ၂၁.၂% Increase၁၀; not recognised ဦးသာကျော်
၂၀၁၀
၁၂ / ၄၄၀
၄,၀၆၀,၈၀၂ ၁၉.၄၄% Increase၂; Opposition ဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၁၂ / ၄၄၀
Steady; Opposition ဦးထွန်းရီ
၂၀၁၅
၀ / ၄၄၀
Decrease၁၂; Extra-parliamentary Opposition ဦးသန်းတင်

ကြားဖြတ်ရွေးကောက်ပွဲ

ရွေးကောက်ပွဲ Seats up for election Seats contested by party Contested seats won Contested seats lost မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ်
၂၀၁၂ ၃၇ (ပြည်သူ့) / ၅ (အမျိုးသား) ၂၈ (ပြည်သူ့) / ၄ (အမျိုးသား) ၀ (ပြည်သူ့) / ၀ (အမျိုးသား) ၃၇ (ပြည်သူ့) / ၄ (အမျိုးသား) no seat gain or lost

ပါတီမူဝါဒ

လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္စျိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး။[၃]

ဖွဲ့စည်းပုံ

  • ဥက္ကဋ္ဌ - - ဦးသန်းတင်
  • အထွေထွေအတွင်းရေးမှူး -
  • တွဲဖက်အထွေထွေအတွင်းရေးမှူး - ဦးခင်မောင်ကြီး
  • ဒုဥက္ကဋ္ဌ
  • ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်များ
  • ဌာနကြီးမှူးများ
  • ဖွဲ့စည်းပုံအဆင့်ဆင့်
  • ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
  1. အမျိုးသားလွှတ်တော်
  2. ပြည့်သူ့လွှတ်တော်
  3. ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
  • ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၄-၉-၈၈
  • ပါတီအဖြစ်ဆက်လက်မှတ်ပုံတင် - ၂၅-၃-၂၀၁၀
  • ပါတီမှတ်ပုံတင်ခွင့်ရရက် - ၂၉-၄-၂၀၁၀
  • ၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီ

ဆက်လေ့လာရန်

ကိုးကား