ဟင်နရီဗန်ထီးယူ
ဟင်နရီဗန်ထီးယူ | |
---|---|
Henry Van Thio | |
![]() | |
မြန်မာနိုင်ငံ၏ တတိယမြောက် ဒုတိယ သမ္မတ (၂) | |
တာဝန်စတင် ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးထင်ကျော် ဦးဝင်းမြင့် |
ဆက်ခံခြင်း | ဦးဉာဏ်ထွန်း |
အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ | |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၀ မတ် ၂၀၁၆ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ထန်တလန်မြို့နယ်၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံ | ဩဂုတ် ၉၊ ၁၉၅၈
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါက်တာရွှေလွှမ်း |
သားသမီး | ၃ |
မိခင်ကျောင်း | မန္တလေးတက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်မှူး |
ဟင်နရီဗန်ထီးယူ (အင်္ဂလိပ်: Henry Van Thio; ၉ ဩဂုတ် ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ (၂) အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။[၁][၂][၃] ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အစောပိုင်းဘဝ[ပြင်ဆင်ရန်]
ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[၄]
ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရခြင်း[ပြင်ဆင်ရန်]
၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက ဦးဟင်နရီဗန်ထီးယူအား ဒုတိယသမ္မတလောင်းအဖြစ် တင်မြှောက်ခဲ့သည်။[၅][၆]
၂၀၁၆ မတ်လ ၁၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ ၁၄၈ မဲဖြင့် ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံခဲ့ရသည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် မဲအရေအတွက် ၃၅၂ မဲအနက် ၇၉ မဲရရှိကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်လာခဲ့သည်။
မိသားစုဘဝ[ပြင်ဆင်ရန်]
သူသည် ဒေါ်ရွှေလွှမ်းနှင့် လက်ထပ်ခဲ့ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ပထမဆုံးသော ဒုတိယသမ္မတ ဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Myanmar begins presidential selection as Aung San Suu Kyi ruled out။ BBC News။
- ↑ Ei Ei Toe Lwin။ NLD names U Htin Kyaw for president။
- ↑ National Parliament - Beta။ 11 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
- ↑ NLD in Pu Henry Van Thio vice president ah thun။ VCTH။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Aung San Suu Kyi aide nominated as Myanmar president။
- ↑ Aung San Suu Kyi will not be president of Myanmar, parliament confirms။ the Guardian။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က ဦးဉာဏ်ထွန်း |
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ၂၀၁၆–လက်ရှိ |
တာဝန်ထမ်းဆောင်ဆဲ |