မာတိကာသို့ ခုန်သွားရန်

စိုင်းမောက်ခမ်း

ဝီကီပီးဒီးယား မှ
(မောက်ခမ်း၊ စိုင်း (ဒေါက်တာ) မှ ပြန်ညွှန်းထားသည်)
ဒေါက်တာ

စိုင်းမောက်ခမ်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆  ၁ ဖေဖော်ဝါရီ ၂၀၂၁
ဒုတိယမြောက် ဒုတိယသမ္မတ (၁)
တာဝန်သက်တမ်း
၁ ဇူလိုင် ၂၀၁၂  ၃၀ မတ် ၂၀၁၆
သမ္မတသိန်းစိန်
ယခင်လူတင်အောင်မြင့်ဦး
ဆက်ခံသူမြင့်ဆွေ
ပထမမြောက် ဒုတိယသမ္မတ (၂)
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၁ ဇူလိုင် ၂၀၁၂
သမ္မတသိန်းစိန်
ယခင်လူရာထူးစတင်
ဆက်ခံသူဉာဏ်ထွန်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၀ မတ် ၂၀၁၁
ယခင်လူဖွဲ့စည်းပုံအခြေခံဥပဒေစတင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၀ (အသက် ၇၅၇၆)
မူဆယ်မြို့မြန်မာနိုင်ငံ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်ရွှေမှုန်
မိခင်ကျောင်းဆေးတက္ကသိုလ် (မန္တလေး)
အစိုးရအဖွဲ့ဦးသိန်းစိန်အစိုးရ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါက်တာ စိုင်းမောက်ခမ်း ( ရှမ်း: ၸၢႆးမွၵ်ႇၶမ်း ) (၁၉၅၀ မွေးဖွား) သည် ရှမ်းလူမျိုး နိုင်ငံရေးသမားဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[][]

ငယ်စဉ်ကာလ

[ပြင်ဆင်ရန်]

၁၉၅ဝ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားခဲ့သည်။ အခြေခံပညာကို မူဆယ်မြို့တွင် သင်ကြားပြီး မန္တလေး ဆေးတက္ကသိုလ်သို့ ၁၉၆၈ ခုနှစ်တွင် တက်ရောက်သင်ကြားကာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ နန်းရွှေမှုန်နှင့် အိမ်ထောင်ကျခဲ့ပြီး (၁) နန်းအေနွမ် (၂) နန်းမွန်းမွန်ခမ်း (၃) စိုင်းစည်တွမ်ခမ်း ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။

အလုပ်အကိုင်

[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း ဖွင့်လှစ်ထားသည်။ လက်ရှိ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူထားဆဲဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှုနှင့် ပါဝင်လှုပ်ရှားခဲ့သည့် အသင်းအဖွဲ့များ

[ပြင်ဆင်ရန်]

ဒေါက်တာစိုင်းမောင်ခမ်းသည် ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနေ၍ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)တွင် ဝင်ပြိုင်ခဲ့ရာ အမျိုးသား လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ဒုတိယသမ္မတ

[ပြင်ဆင်ရန်]

ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း ၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ အထိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လားရှိုးမြို့၌ အနိုင်ရကာ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း​ဆောင်လျက်ရှိသည်။

နှစ်အလိုက် ကိုယ်ရေးအကျဉ်း

[ပြင်ဆင်ရန်]

၁၉၅၀ ခုနှစ် - မွေးဖွား ။

၁၉၆၈ ခုနှစ် - မန္တလေး ဆေး တက္ကသိုလ်သို့ စတင် တက်ရောက်။
၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်မှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်အထိ - ပထမမြောက် ဒုတိယ သမ္မတ (၂)အဖြစ် တင်မြှောက်ခံရ။

ကိုးကား

[ပြင်ဆင်ရန်]
  1. Liu (February 4, 2011)။ PM U Thein Sein wins presidency of Myanmar Xinhua Online Xinhua News Agency။ July 10, 2011 တွင် ပြန်စစ်ပြီး။
  2. Thein Sein and Sai Mauk Kham elected as vice presidents Mizzima News (February 3, 2011)။ 17 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 10, 2011 တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ
ရုံးအသစ် မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
၂၀၁၁-၂၀၁၂
ဆက်ခံသူ
ဦးဉာဏ်ထွန်း
ယခင်က
ဦးတင်အောင်မြင့်ဦး
မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
၂၀၁၂-၂၀၁၆
ဆက်ခံသူ
ဦးမြင့်ဆွေ