မြန်မာပြည်
| ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် | |||||
|
|||||
| နိုင်ငံတော်သီချင်း - ကမ္ဘာမကျေ |
|||||
| ပထဝီ |
|||||
| မြို့တော် | နေပြည်တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၆:၃၀ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | US $ ၅၉.၉၀၄ သိန်းကုဋေ (အဆင့် - ၇၉) | ||||
| GDP(PPP) | US $ ၁,၀၃၉ (အဆင့် - ၁၆၂) | ||||
| HDI | ၀.၅၈၃ (အလယ်) (အဆင့် - ၁၃၂) | ||||
| ငွေ | ကျပ် (MMK "K") | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| ISO 3166-1 | MM | ||||
| CCLTD | .mm | ||||
| Calling code | +၉၅ | ||||
မြန်မာအခေါ် တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် အရှေ့တောင်အာရှတွင် ဧရိယာအားဖြင့် ဒုတိယ အကျယ်ဝန်းဆုံး[၁] တိုင်းပြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ (အင်္ဂလိပ်လို "Myanmar" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင် လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား ("Burma") ဟုသာ အသိအမှတ်ပြု သုံးစွဲခဲ့သည်။ နိုင်ငံတော်အလံကိုလည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ ဖြင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အလံစတင်လွှင့်ထူခြင်း အခမ်းအနားများကို နိုင်ငံတဝှမ်း ကျင်းပကာ အစားထိုး၍ ပြောင်းလဲ အသုံးခဲ့ပြုသည်။ [၂]
ဝေါဟာရဗေဒ[ပြင်ဆင်ရန်]
- အဓိကဆောင်ပါး - ဗမာနှင့်မြန်မာ ဝေါဟာရများအားရှင်းလင်း ပြသခြင်း
မြန်မာဟူသော ဝေါဟာရစကားလုံးမှာ မြန်မာနိုင်ငံတော်ဟူသည့် တရားဝင်အမည်မှ ဆင်းသက်လာသော ဒေသသုံး အတိုကောက် စကားလုံးဖြစ်သည်။ မြန်မာသည် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား အားလုံးကို ရည်ရွယ်သည်။ ဤအမည်နာမကို လွန်ခဲ့သည့် ၁၂ ရာစုခန့်ကတည်းက သုံးစွဲလာခဲ့ကြသည်။ ဗမာမှာ လူများစုဗမာမျိုးနွယ်စု၏ ခေါ်ရာတွင် တရားဝင်ခေါ်သော အသုံးဖြစ်သည်။ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်က ဗမာကို အင်္ဂလိပ်အခေါ်ဘားမား (Burma) ဟုသုံးခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှု၍ နိုင်ငံကို မြန်မာ (Myanmar) ဟုလည်းကောင်း တိုင်းရင်းသား တစ်မျိုးချင်းကို ကချင်၊ကယား၊ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူ၍ လည်းကောင်း၊ တိုင်းရင်းသားအားလုံးကို ခြုံ၍ မြန်မာ ဟုလည်းကောင်း ခေါ်တွင်စေခဲ့သည်။ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tbeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်[၃][၄] ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရပါသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာပါသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်ပါသည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရပါသည်။မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့ပါသည်။မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။[၅][၆]
အနောက်နိုင်ငံများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက စစ်အစိုးရကို လက်မခံသည့်အတွက် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အား တရားဝင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်မရှိဟု ယူဆကြသည်။ အနောက်နိုင်ငံများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများကမူ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဟူ၍ ဖြစ်သည့်တိုင် ဘားမားဟု ဆက်လက်သုံးစွဲလျှက်ရှိပြီး ဤအမည်ပြောင်းလဲသုံးနှုန်းခြင်းကို နှေးကွေးစွာဖြင့် လက်ခံသည့်သဘောရှိသည်။ ဘားမီစ်း (Burmese) မှာလည်း သာမန်လက်ခံထား သောနာမဝိသေသနအဖြစ် ဆက်လက်ရှိနေသည်။
နိုင်ငံပြင်ပ သတင်းဌာနကြီးများ ဖြစ်သည့် ဘီဘီစီ (BBC)၊ ဝေါလ်စထရိဂျာနယ် (Wall Street Journal) နှင့် ဖိုင်နင်းရှယ်တိုင်မ်း (Financial Times) တို့အပြင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်အစိုးရများကပါ မြန်မာနိုင်ငံကို ဘားမားဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိပြီး စီအင်အင် (CNN)၊ အီကော်နော်မစ် (The Economist)၊ နှင့် နယူးယောက်တိုင်မ်း (New York Times) တို့ကမူ မြန်မာဟူသည့် အသုံးအနှုန်းကို တိုင်းပြည်အဖြစ်လည်း ကောင်း၊ ဘားမီစ်ဟူသည့် စကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း လက်ခံကျင့်သုံးနေပြီဖြစ်သည်။[၇] [၈]
ဂရိတ်ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနှင့် အမေရိကအစိုးရများသည် ဘားမား (Burma) ကို ဆက်လက်အသုံးပြုကြသည်။[၇][၉] သို့ပေမဲ့ ဥရောပသမဂ္ဂသည် ဘားမား/မြန်မာ (Burma/Myanmar) နှစ်မျိုးလုံးကို တွဲသုံးသည်။[၁၀]. တရုတ်ပြည်သည် မြန်မာအစိုးရ၏ နာမဘာသာပြန်မသုံးဘဲနှင် မြန်တျန့် (缅甸) သုံးသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား မြန်မာ (ミャンマー) ဟုခေါ်ပေမဲ့ မြန်မာလူများအား ဘားမိစ် (Burmese) (ビルマ人) ဟု ဆက်လက်သုံးစွဲလျက်ရှိသည်။ ပြင်သစ်နိုင်ငံသည် အခြားနိုင်ငံအများစုကဲ့သို့ပင် ယခင်သုံးစွဲနေကျ ဘာသာပြန်ကိုသုံးပြီး မြန်မာပြည်ကို ဗိရ်မနီ (Birmanie) ဟုခေါ်ကြသည်။[၁၁][၁၂]
ပထဝီဝင်[ပြင်ဆင်ရန်]
မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက်အရပ်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံနယ်နိမိတ်၏ သုံးပုံတစ်ပုံ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) မှာ တစ်ဆက်တစ်စပ်တည်းသော ကမ်းရိုးတန်းအဖြစ် တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် မြေဧရိယာအားဖြင့် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမှတ်စဉ် ၄၀ မြောက် မြေဧရိယာအကြီးဆုံး နိုင်ငံဖြစ်သည်။ [၁၃]ခေတ်သစ်ကာလအချိန်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော လူဦးရေမှ ယင်း၏ နိုင်ငံရေး၊ သမိုင်းကြောင်းနှင့် လူသားရင်းမြစ်များအား အဓိကအခန်းကဏ္ဍများမှ ဖော်ဆောင်လျက်ရှိသည်။ ၁၉၉၂ ခုနှစ်က အာဏာရယူခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှအင်ပါယာ အောက်တွင် ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ လူမျိုးရေးတင်းမာမှုနှင့် အာဏာသိမ်းရန် ကြိုးစားအားထုတ်မှုများကို ဆက်လက်ရင်ဆိုင်ရလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှု နက်ရှိုင်းစွာခံနေရသည့် နိုင်ငံ၏ ယဉ်ကျေးမှုတွင် ထူးခြားသည့် ဗုဒ္ဓယဉ်ကျေးမှုနှင့် တိုင်းရင်သားဓလေ့များ ရောနှောလျက်ရှိသည်။
တည်နေရာ[ပြင်ဆင်ရန်]
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အထိ ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။ ရန်ကုန်မြို့တော်ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ်မျဉ်းကြောင်းတို့ ဖြတ်သန်းသွားကြသည်။ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ မိနစ် ၃ဝ မျဉ်းကို မြန်မာစံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားရာ မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃ဝ စောသည်။
အကျယ်အဝန်း[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁,၂၂၈ စတုရန်းမိုင် (၆၇၇,ဝဝဝ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့နှင့်အနောက် ၅၈၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းပြီး တောင်နှင့်မြောက် ၁,၂၇၅ မိုင် (၂,ဝ၅၁ ကီလိုမီတာ) ရှည်လျားသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည် မိုင်ပေါင်း ၅,၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် မိုင်ပေါင်း ၃,၈ဝ၈ မိုင် ဆက်စပ်လျက်ရှိရာ မြန်မာ-တရုတ်နယ်နိမိတ် ၁,၃၅၇ မိုင်၊ မြန်မာ-ထိုင်း ၁,၃၁၄ မိုင်၊ မြန်မာအိန္ဒိယ ၈၅၇ မိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၅၂ မိုင်နှင့် မြန်မာ-လာအို ၁၂၈ မိုင် အသီးသီး ရှိကြသည်။ ရေမိုင်နယ်နိမိတ်မှာ နတ်မြစ်ဝမှ ကော့သောင်းအထိ အလျား ၁,၃၈၅ မိုင်ခန့်ရှိသည်။
မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အကြမ်းအားဖြင့် အနောက်ဘက်တောင်တန်းကြီးများဒေသ၊ အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်း လွင်ပြင်ဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံနှင့်ဆက်စပ်နေပြီး အနောက်ရိုးမတောင်တန်းအဖြစ် တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ အနောက်ရိုးမတောင်တန်းဒေသ၏ မြန်မာနိုင်ငံမြောက်စွန်းတွင်ရှိသော ခါကာ ဘိုရာဇီတောင်မှာ ၁၉၂၉၆ ပေမြင့်၍ စာရာမေတိတောင်ထိပ်သည် ၁၂၅၅၃ ပေမြင့်သည်။ အနောက်ရိုးမ တောင်တန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တံတိုင်းသဖွယ် ကာဆီးထားလျက်ရှိသည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသများတွင် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကျယ်ဆုံးဖြစ်၍ ပထမပိုင်းကို မြစ်ဖျားမှ မန္တလေးမြို့အထိ၊ ဒုတိယပိုင်းကို မန္တလေးမှ ပြည်မြို့အထိ၊ တတိယပိုင်းကို ပြည်မြို့မှ မြစ်ဝအထိ ပိုင်းခြားလေ့လာတွေ့ရှိနိုင်သည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသတွင် စစ်တောင်းမြစ်ဝှမ်း ဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့လည်း ပါဝင်သည်။အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ၌ ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။ အရှေ့ဘက် ကုန်းမြင့်ဒေသမှာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်၍ ပျှမ်းမျှ ပေပေါင်း ၃ဝဝဝ မှ ၄ဝဝဝ အထိ မြင့်သည်။ ကုန်းပြင်မြင့်ဆိုသော်လည်း ညီညာနေခြင်းမဟုတ်ဘဲ မြင့်မောက်သော တောင်တန်းကြီးများရှိပြီး သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ဒေသမှ တနင်္သာရီကမ်းမြောင်မြောက်ပိုင်း မြေညီလွင်ပြင်သို့ စီးဆင်းသည်။ ရှမ်းကုန်းပြင်မြင့်၌ မြစ်ဖျားခံသော ရွှေလီ၊ မြစ်ငယ်၊ ဇော်ဂျီနှင့် ပန်းလောင်မြစ်တို့သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။
လူဦးရေ[ပြင်ဆင်ရန်]
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော်နေထိုင်ပြီး အဓိကအား ဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့်ရှမ်းစသည့် မျိုးနွယ်စုများ မှီတင်းနေထိုင်ကြသည်။ ၁၉၉၈-၉၉ခုနှစ်စာရင်းများအရ လူဦးရေ ၄၇ ဒသမ ၂၅ သန်းရှိပြီး လူဦးရေတိုးနှုန်းမှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်သည်။ ၁-၁ဝ-၂ဝ၁ဝ ရက်နေ့ရှိ ခန့်မှန်းလူဦးရေမှာ ၅၉ ဒသမ ၇၈ သန်းရှိသည်။ အမျိုးသား ဦးရေ ၂၉ ဒသမ ၇၂ သန်းနှင့် အမျိုးသမီးဦးရေ ၃ဝ ဒသမ ဝ၆ သန်းရှိသည်။
ရာသီဥတု[ပြင်ဆင်ရန်]
အကြမ်းအားဖြင့် နွေ၊မိုး၊ဆောင်း ဟူ၍ သုံးရာသီ ပိုင်းခြားထားသည်။ မတ်လမှ မေလလယ်အထိ နွေဥတု၊ မေလလယ်မှ အောက်တိုဘာလကုန်အထိ မိုးဥတုနှင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိ ဆောင်းဥတုဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသော်လည်း မြေမျက်နှာပြင်အနေအထား ကွဲပြားခြားနားမှုကြောင့် တစ်နေရာနှင့်တစ်နေရာ ရာသီဥတု ကွဲပြားသွားသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တစ်နှစ်လျှင် စုစုပေါင်း မိုးရေချိန်လက်မ ၄ဝ အောက်သာ ရရှိပြီး ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂ဝဝ ခန့်ရရှိသည်။ နွေဥတုဖြစ်သော မတ်လနှင့်ဧပြီလများတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၁၁ဝ ဒီဂရီဖာရင်ဟိုက် (၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်) အထက်ဖြစ်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ၉၇ ဒီဂရီ ဖာရင်ဟိုက် (၃၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ်) ခန့်နှင့် ရှမ်းကုန်းပြင်မြင့်တွင် ၈၅ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် (စင်တီဂရိတ် ၂၉ ဒသမ ၄ နှင့် ၃၅ ဒီဂရီ) အတွင်းရှိသည်။ မြို့များ၏ တည်နေရာနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်ကိုလိုက်၍ အပူချိန်ကွာခြားသည်။ အပူချိန်မြင့်လွန်းခြင်း၊ နိမ့်ကျလွန်းခြင်းများ မရှိပေ။ တိုက်ခတ်သော လေကြောင်းနှင့် လေဖိအား အခြေအနေများကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်စေသည်။ အချို့နှစ်များတွင် မုန်တိုင်းပြင်းထန်စွာ ကျရောက် သဖြင့် ကမ်းရိုးတန်းဒေသများတွင် ရံဖန်ရံခါမုန်တိုင်းဒဏ်ခံရသည်။ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များတွင် အဆိုးရွား၊ အကြမ်းတမ်းဆုံးသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံသည် ၂ဝဝ၈ ခုနှစ် မေလ ၂ရက်နေ့၌ ကြုံတွေ့ခဲ့ရသည်။ ရာသီဥတု မှန်ကန်မျှတမှုကို အထောက်အကူပြုစေရန်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို နိုင်ငံတော်က ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည်။
ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]
၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေငြာခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု အပြည့်အဝရှိပြီး ခြားနားသော ဘာသာအယူ ဝါဒများ လွတ်လပ်စွာရှင်သန်ထွန်းကားနိုင်မှုသည် ရှေးအစဉ်အဆက်ကပင် တည်ရှိခဲ့သော အစဉ်အလာဖြစ် သည်။ ထို့ကြောင့် ဘာသာရေး အဆောက်အအုံများ၊ ဘာသာအယူဂိုဏ်းကွဲများ၊ ဘာသာရေးပွဲလမ်းများ၊ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ကြသည်။ ဘာသာဝင်အမျိုးအစားအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ ၈၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အများစု ဖြစ်သော်လည်း အခြားဘာသာဝင်များလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည်။ ယင်းတို့တွင် ခရစ်ယာန် ဘာသာဝင် ၅ ဒသမ ဝ၆ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ ဝ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝ ဒသမ ၂ ရာခိုင်နှုန်း ရှိကြသည်။[၁၄]
သမိုင်း[ပြင်ဆင်ရန်]
ခေတ်ဦး[ပြင်ဆင်ရန်]
ယနေ့ မြန်မာမှုအဖြစ် ပုံဖော်ပေးခဲ့သည့် ယဉ်ကျေးမှုမှာ နှစ်ပေါင်း အတော်အတန် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများက သက်သေထူနိုင်ပါသည်။ ရှမ်းပြည်နယ် ဗဒလင်းလိုဏ်ဂူအတွင်းရှိ ဂူနံရံပန်းချီများသည် ရှေးဟောင်းသုတေသီများ တွေ့ရှိထားသည့် ခေတ်ကာလ အစောဆုံး သမိုင်းသက်သေအထောက်အထားများ ဖြစ်သည်။
မွန်လူမျိုးများသည် အောက်ပိုင်းဧရာဝတီမြစ်ဝှမ်းဒေသသို့ အစောဆုံး ရွှေ့ပြောင်းခဲ့ကြသူများ ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြပြီး ၎င်းတို့သည် ဘီစီ ၉၀၀ ပြည့်လယ်ခေတ်တွင် မြန်မာနိုင်ငံတောင်ပိုင်း၌ ကြီးစိုးလွှမ်းမိုးလာကြသည်။ မွန်လူမျိုးများသည်လည်း အရှေ့တောင်အာရှဒေသတွင် ထေရဝါဒဗုဒ္ဓဘာသာကို အစောဆုံး ကိုးကွယ်ယုံကြည်ကြသည့် လူမျိုးဖြစ်သည်။ [၁၅] ပျူလူမျိုးတို့သည် ဘီစီ ပထမရာစုနှောင်းပိုင်းတွင် အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာကြပြီး မြို့ပြ၊ တိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြသည်။ အင်အားအတောင့်တင်းဆုံးပျူနိုင်ငံတော်မှာ သီရိခေတ္တရာဖြစ်သည်။ မွန်နှင့် ပျူတိုင်းပြည်တို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပျူလူမျိုးများသည် ၆၅၆ ခုနှစ်တွင် သီရိခေတ္တရာကို စွန့်ခွာပြီး မြောက်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ပျူတို့တစ်စခန်း ပြန်ထခဲ့ကြသော်လည်း ၈၀၀ ခုအလယ်ပိုင်းတွင် နန်ချောင်နိုင်ငံမှ (လက်ရှိ တရုတ်နိုင်ငံ ယွင်နန်ပြည်နယ်) သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။
ပုဂံခေတ် (၁၀၄၄–၁၂၈၇)[ပြင်ဆင်ရန်]
ဗမာတို့သည် ၇ ရာစုနှစ်ခန့်မှစ၍ ယနေ့တိဗက်ဒေသမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဆင်းသက်ခဲ့ကြသည်။ အေဒီ ၈၄၉ ခုနှစ်ခန့်တွင် ပုဂံကို အခြေပြု၍ အင်အားတောင့်တင်းသည့် မင်းနေပြည်တော်တစ်ခုကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်းတရားကြီး (၁၀၄၄ - ၁၀၇၇) နန်းတက်ခဲ့သည့်ကာလက ဗမာလူမျိုးများ၏ ဩဇာမှာ ယနေ့မြန်မာနိုင်ငံတစ်လွှားသက်ရောက်လွှမ်းမိုးခဲ့သည်။ ၁၁၀၀ ခုနှစ်တွင်မူ အရှေ့တောင်အာရှတိုက်၏ ဒေသအတော်များများကို ပုဂံမင်းနေပြည်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကို အများက ပထမမြန်မာအင်ပါယာအဖြစ်လက်ခံကြသည်။ ၁၂၀၀ ခုနှစ်အနှောင်းပိုင်းကာလတွင် ကုဗလိုင်ခန် ဦးဆောင်သော မွန်ဂိုတို့က ပုဂံနေပြည်တော်အား သိမ်းပိုက်ခဲ့ကြသည်။
ထီးပြိုင်နန်းပြိုင်ခေတ် (၁၂၈၇–၁၅၃၁)[ပြင်ဆင်ရန်]
သို့သော် ၁၃၆၄ ခုနှစ်တွင် မြန်မာများသည် အင်းဝဒေသတွင် မိမိတို့၏ မင်းနေပြည်တော်ကို တည်တောင်ခဲ့ကြပြီး မြန်မာ့ယဉ်ကျေးမှု၏ ရွှေရောင်လွှမ်းသော ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ သို့သော် ၁၅၂၇ ခုနှစ်တွင် ရှမ်းများက အင်းဝကို ဖျက်ဆီးပစ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် မွန်တို့သည် ပဲခူးကို အခြေပြုပြီးအဓိကကျသော ကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေးဗဟိုအချက်အခြာအဖြစ်ပြန်လည်ရပ်တည်ခဲ့သည်။
တောင်ငူခေတ် (၁၅၃၁–၁၇၅၂)[ပြင်ဆင်ရန်]
အင်းဝမှ ထွက်ပြေးခဲ့ကြသော ဗမာများသည် ၁၅၃၁ ခုနှစ်တွင် တောင်ငူ၌ တောင်ငူမင်းနေပြည်တော်ကို တပင်ရွှေထီးလက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည် မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည်လည်းကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ ဘုရင့်နောင် မင်းတရားကြီးသည် မဏိပူရ၊ ဇင်းမယ်နှင့် အယုဒ္ဓယတို့အား သိမ်းသွင်း၍ နိုင်ငံတော်ကြီးအား ချဲ့ထွင်ခဲ့သည်။
သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော အနောက်ဖက်လွန်မင်းတရားကြီးသည် ၁၆၁၃ ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင် ထူထောင်ခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သော မွန်တို့ကြောင့်နေပြည်တော်ကျဆုံးခဲ့သည်။
ကုန်းဘောင်ခေတ် (၁၇၅၂–၁၈၈၅)[ပြင်ဆင်ရန်]
၁၇၅၂ ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ပြီး တတိယမြန်မာအင်ပါယာကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် မြေဒူးမင်းတရားကြီးက အယုဒ္ဓယနိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက ထိုင်းယဉ်ကျေးမှုအပေါ်အတော်လွှမ်းမိုးစေခဲ့သည်။ တရုတ်ပြည် ချင်မင်းဆက်သည် မြန်မာတို့၏ ကြီးထွားလာသော အင်အားကို စိုးရိမ်းသဖြင့်မြန်မာကို ၁၇၆၅ ၁၇၆၉ ခုနှစ်ကာလတွင်း လေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်မင်းဆက်များက အယုဒ္ဓယအား စွန့်လွှတ်ခဲ့ရသော်လည်း ရခိုင်နှင့် တနင်္သာရီတို့ကို ရရှိခဲ့သည်။
၁၈၂၄ ခုနှစ်ဘကြီးတော်မင်းတရားလက်ထက်တွင် စစ်သူကြီးမဟာဗန္ဓုလသည် အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏ နယ်မြေနှင့် ထိစပ်နေသော အာသံပြည်နယ်ကို သိမ်းပိုက်ရာမှ စစ်မီးပွားခဲ့သည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကို ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရန္တပိုတွင် စာချုပ်ချုပ်၍ ငြိမ်းစေခဲ့ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့် တနင်္သာရီဒေသများကို စွန့်လွှတ်ခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် သာယာဝတီမင်းတရားကြီးသည် နယ်စပ်ပြဿနာများမှ ပေါ်ပေါက်လာသည့် အခင်းများမှ အင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကို အကြောင်း ပြုပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖန်တီးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အင်္ဂလိပ်တို့သည် ကျန်ရှိနေသေးသည့် ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတို့အား သိမ်းပိုက်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာကောက်တော်များသည် ဘုရင့်အမိန့်တော်အရ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာမှ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီသည် သစ်များကို တရားမဝင်ခုတ်လှဲပြီး အခွန်တိမ်း ရှောင်ရန် ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ သီပေါမင်းသည် ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည် ကို ဗြိတိသျှတို့ဘက်မှ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် အခွင့်အရေးအဖြစ် ယူဆခဲ့ပြီး ၁၈၈၅ ခုနှစ်နိုဝင်ဘာတွင် ရက်သတ္တ နှစ်ပတ်တည်းနှင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကို ဆင်နွှဲခဲ့လေသည်။ သီပေါမင်းတရားကြီးနှင့် တကွ တော်ဝင်မိသားစုဝင်များအား ဖမ်းဆီးခဲ့ပြီး မဒြစ်သို့ ပြည်နှင် ဒဏ်ပေးခဲ့၍ နောက်ဆုံးတွင် ရတနာဂီရိသို့ ပို့ဆောင်ခဲ့ကြသည်။
ဗြိတိသျှအုပ်ချုပ်ရေး (၁၈၈၆–၁၉၄၈)[ပြင်ဆင်ရန်]
မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ် နိုဝင်ဘာကုန်ပိုင်းတွင် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုအဖြစ် ကျရောက်သွားခဲ့ပြီး ၁၈၈၆ ခုနှစါဇန်နဝါရီ ၁ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောက်အဖြစ် ဆက်သခဲ့ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသည် သီးခြားအုပ်ချုပ်နယ်မြေဖြစ်လာပြီး အိန္ဒယနိုင်ငံနှင့် ခွဲခဲ့သည်။ တိုင်းပြည်အတွင်းခွဲရေးတွဲရေး အရေးအခင်း ကြောင့် ပေါ်ပေါက်လာသော အက်ကွဲကြောင်းသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းဆက်ဖြစ်လာသည့် ပြည်တွင်းဆူပူသောင်းကျန်းမှုများ၏ မြစ်ဖျားခံရာအဖြစ် တွေ့ရှိရမည်ဖြစ်သည်။
၁၉၄၀ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်ခဲ့ကြသည်။[၁၆][၁၆] ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံတွင် စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။[၁၆]
ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစစ်မျက်နှာတွင် အရေးပါသည့် အခန်းကမှ ပါဝင်ခဲ့သည်။ စစ်ပွဲ၏ ကနဦးပိုင်း မြန်မာပြည်စစ်ဆင်ရေးတွင် ဂျပန်ဦးဆောင်မှုသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ဗြိတိသျှများအား မြန်မာပြည်အနှံ့မှ တိုက် ထုတ်နိုင်ခဲ့သည်။ သို့သော်မဟာမိတ်များက ပြန်လည်တုံ့ပြန်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်တွင် မဟာမိတ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ မြန်မာများသည် အစပိုင်းတွင် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း မြန်မာအချို့တို့သည် ၁၉၄၁-၁၉၄၂ ခုနှစ်များတွင် အင်္ဂလိပ်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၃ ခုနှစ်တွင် ချင်းတပ်နှင့် ကချင်တပ်များကို ဗြိတိသျှတို့ ထိန်းချုပ်သည့် နယ်စပ်ဒေသများတွင် ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် ၁၉၄၃-၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏ လက်အောက်၌ ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြားများစွာသော တပ်ဖွဲ့များမှာ ဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များ အောက်တွင် ပါဝင်ခဲ့ကြသည်။ ဗမာ့လွတ်မြောက်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရခိုင်အမျိုးသားတပ်မတော်နှင့် အတူဂျပန်တို့ဘက်မှ ပါဝင်၍ ၁၉၄၂-၁၉၄၄ ခုနှစ်များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အား ပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ ဒုတိယဥက္ကဌဖြစ်ခဲ့သည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁၉၄၇ ဇူလိုင်တွင် နိုင်ငံရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကက်ဘိနက်အဖွဲ့ဝင်အချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။[၁၆]
ဒီမိုကရက်တစ်သမ္မတနိုင်ငံ (၁၉၄၈–၁၉၆၂)[ပြင်ဆင်ရန်]
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ပထမဦးဆုံး သမ္မတနှင့် ဝန်ကြီးချုပ်အဖြစ် စဝ်ရွှေသိုက်နှင့် ဦးနုတို့ တာဝန်ယူခဲ့သော လွတ်လပ်သည့် သမ္မတနိုင်ငံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရပ်တည်ခဲ့လေသည်။ အခြားဗြိတိသျှကိုလိုနီနိုင်ငံများနှင့် မတူညီဘဲဓနသဟာရအဖွဲ့ဝင်အဖြစ်မပါဝင်ခဲ့ချေ။ အထက်လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန်စနစ်ကို ကျင့်သုံးခဲ့သည်။[၁၇]
ယနေ့မြင်တွေ့ရသော မြန်မာနိုင်ငံသည် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံတို့ ပါဝင်သည့်မြန်မာပြည်မနှင့် ဗြိတိသျှတို့သီးခြားအုပ်ချုပ်ခဲ့သည့် နယ်ခြားဒေသတို့ကို ပူးပေါင်း၍ ဖွဲ့စည်းထားပြီး ပင်လုံစာချုပ်အရဖြစ်လာသော နယ်မြေအဖြစ်ဇာစ်မြစ်လိုက်၍ ရလေသည်။[၁၈] ၁၉၆၁ ခုနှစ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်အဖြစ်နှင့် ယခင်ဝန်ကြီးပေး ခဲ့ဘူးသည့် ဦးသန့်သည် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။[၁၉]
စစ်အုပ်ချုပ်ရေး (၁၉၆၂–၂၀၁၁)[ပြင်ဆင်ရန်]
နိုင်ငံကို ၂၆ နှစ်တိုင်တိုင်အုပ်ချုပ်ခဲ့သည့် နေဝင်း ဦးဆောင်သော စစ်အစိုးရက အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရပ်စဲသွားပြီး မြန်မာ့ဆိုရှယ်လစ်စနစ်လမ်းစဉ်ကို စတင်ခဲ့သည်။[၂၀] ၁၉၇၄ ခုနှစ်တွင် ဦးသန့်၏ ဈာပနအခမ်းအနားမှ စတင်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်အတူ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့သည်။[၂၀] ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ (၈၈၈၈) တွင် တော်လှန်ရေးတစ်ရပ်၏ ဖြစ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တန်ပြန်အနေနှင့် ဗိုလ်ချုပ်စောမောင်မှ အာဏာသိမ်းယူခဲ့သည်။ ၄င်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို ပြဌာန်းခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ်များအား ရွေးချယ်တင်မြောက်မည့် စီမံချက်များကို ၁၉၈၉ ခုနှစ် မေ ၃၁ တွင် အပြီးသတ် ရေးဆွဲခဲ့ကြသည်။[၂၁]
၁၉၉ဝ ခုနှစ် မေတွင် လွတ်လပ်သော ရွေးကောက်တင်မြောက်ပွဲကို နှစ် ၃၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စုစုပေါင်း အမတ်နေရာ ၄၈၉ အနက် ၄၀၉ နေရာကို အနိုင်ရရှိခဲ့သည်။[၂၂] သို့သော်နဝတအစိုးရမှ ရွေးကောက်ပွဲ ရလဒ်များကို ငြင်းပယ်ခဲ့ပြီး ဆင်းပေးရန်ငြင်းဆိုခဲ့သည်။ နဝတအဖွဲ့သည် အင်္ဂလိပ်အခေါ် ဘားမား (Burma) အားမြန်မာ(Myanmar)ဟု ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နဝတအဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် ဖော်ထုတ်ခဲ့ပြီး အမျိုးသားညီလာခံတစ်ရပ်ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ခဲ့သည်။[၂၃] ၁၉၉၇ ခုနှစ်တွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများအဖွဲ့မှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့သည်။ အမျိုးသားညီလာခံသည် ဆက်လက် ကျင်းပလိုက် ရပ်နားလိုက်ဖြင့် စခန်းသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများစွာတို့မှာ ညီလာခံတွင် ပါဝင်ခြင်းမရှိဘဲ တိုးတက်မှုမှာလည်း မရှိသလောက်ဖြစ်သည်။[၂၃] ၂၀၀၆ ခုနှစ် မတ် ၁၇ ရက်တွင် နအဖစစ်အစိုးရသည် မြို့တော်ကို ပျဉ်းမနားအနီးရှိ ဒေသသို့ပြောင်းရွှေ့ခဲ့ကာ မင်းတို့၏ တည်နေရာ 'နေပြည်တော်' ဟုတရားဝင်ကြေညာခဲ့သည်။[၂၄] ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အမေရိကန်ဦးဆောင်သည့် မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအာဂျင်ဒါတွင် ထည့်တွင်းရေးကြိုးပမ်းမှုအောင်မြင်ခဲ့ပြီး လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သို့အရေးယူဆောင်ရွက်မည်ကို တရားဝင်ဆွေးနွေးရန် လမ်းစပေါ်ပေါက်ပြီဖြစ်သည်။[၂၅]
၂ဝဝ၆ ခုနှစ် နိုဝင်ဘာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်မှ မြန်မာနိုင်ငံ၏ ဆက်တိုက်ကျူးလွန်ဖောက်ဖျက်နေသည့် စစ်တပ်မှ အဓမ္မလုပ်အား ပေးခိုင်းမှုများအား အပြည်ပြည်ဆိုင်ရာတရားရုံးချုပ်တွင် တိုင်တန်းအရေးယူနိုင်ရန် ကြေညာခဲ့သည်။[၂၆]
၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။
ဒီမိုကရေစီအစိုးရ (၂၀၁၁ – ယနေ့)[ပြင်ဆင်ရန်]
မြို့တော်များစာရင်း[ပြင်ဆင်ရန်]
- သရေခေတ္တရာ အေဒီ ၃ ရာစု-အေဒီ ၉ ရာစု
- ပုဂံ ၁ဝ၄၄-၁၂၈၇
- စစ်ကိုင်းမြို့ ၁၃၁၅-၁၃၆၄၊ ၁၇၆ဝ-၁၇၆၄
- အင်းဝမြို့ ၁၃၆၄-၁၇၅ဝ၊ ၁၇၆၄-၁၇၈၁
- ပြည် ၁၄၈၅-၁၅၄၂၊ ၁၅၄၂-၁၆၀၈
- တောင်ငူမြို့ ၁၄၈၅-၁၆၁၀
- ရွှေဘိုမြို့ ၁၇၅ဝ-၁၇၅၃
- ရန်ကုန်မြို့ ၁၇၅၃-၁၇၆ဝ၊ ၁၉၃၇-၂ဝဝ၆
- အမရပူရမြို့ ၁၇၈၂-၁၈၂၃၊ ၁၈၄၁-၁၈၅၇
- မင်းကွန်းမြို့ ၁၈၅၇-၁၈၆၁
- မန္တလေးမြို့ ၁၈၆၁-၁၈၈၆
- နေပြည်တော် ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်
နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]
အဓိကဆောင်ပါး - မြန်မာနိုင်ငံ၏ နိုင်ငံရေး
ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင်ရှိခဲ့သည်။ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ခံရသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ကို မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးဆောင်ပုဒ်ဖြင့် ၁၉၉၀ ခုနှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ မောင်ဝမ်းကွဲတော်သူ ဦးစိန်ဝင်း သည် ယင်းအဖွဲ့၏ လက်ရှိဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့သည် လုပ်ပိုင်ခွင့်မရှိသလောက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားမဝင်သော အသင်းအဖွဲ့အဖြစ် ကြေညာထားခြင်းခံရသည်။[၂၇]
ထိုစဉ်က နိုင်ငံတော်အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကရာထူးကိုလည်း ရယူထားသူဖြစ်သည်။ သူသည် လုပ်ပိုင်ခွင့်အာဏာများစွာကို ပိုင်ဆိုင်ထားပြီး ဝန်ကြီးများနှင့် ကက်ဘိနက်အဖွဲ့ဝင်များအားပြောင်းရွှေ့ခြင်း၊ နိုင်ငံတကာရေးရာများတွင် အဓိကျသော ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ခြင်းများလည်း ပြုလုပ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာအထိ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် အစားထိုးပြောင်းလဲခဲ့သည်။ ၄င်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်မှုရှိသူဟုသိရှိရသည်။ ဝန်ကြီးနေရာအများစုနှင့် ကက်ဘိနက်နေရာ အများစုမှာ တပ်မတော်အရာရှိကြီးများက ရယူထားပြီး ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ စီမံကိန်းရေးဆွဲရေးနှင့် စီးပွားရေးဝန်ကြီးနေရာများကို အရပ်သားများက ရယူထားရှိသည်။[၂၈]
မြန်မာနိုင်ငံတွင် အဓိကပါတီကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။ ယင်းတို့၏လှုပ်ရှားမှုများကိုမူ အစိုးရမှ တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ အခြားတိုင်းရင်းသားလူမျိုးစုများအား ကိုယ်စားပြုသော ပါတီငယ်များလည်းရှိသည်။ နိုင်ငံရေး အတိုက်အခံပြုလုပ်ခြင်းကို ခွင့်ပြုခြင်းမရှိသလောက်ဖြစ်ပြီး ပါတီများစွာမှာ တရားမဝင်အသင်း အဖြစ်ကြေညာထားခြင်ခံရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် တပ်မတော်ကို ကိုယ်စားပြုပြီး လူထုအစည်းအရုံးကြီးတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းက ပံ့ပိုးထားပါသည်။[၂၉]
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ (Amnesty International) အပါအဝင် အချို့အဖွဲ့အစည်းများ၏ အဆိုအရ စစ်အစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းများမှာ လွန်စွာဆိုးဝါးကြောင်းသိရှိရသည်။ [၃၀][၃၁] လွတ်လပ်သည့် တရားစီရင်ခွင့်မရှိသည့်အပြင် စစ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးအတိုက်အခံမှန်သမျှအားလည်း ခွင့်မပြုချေ။ အင်တာနက်အသုံးအပြုမှုမှာလည်း များစွာကန့်သတ်ထားပြီး ပြည်သူများဝင်ရောက်ကြည့်ရှု နိုင်သည့် ဝက်ဘ်စာမျက်နှာများ အထူးသဖြင့် နိုင်ငံရေးအတိုက်အခံနှင့် ဒီမိုကရေစီအရေး ဝက်ဘ်စာမျက်နှာများအား ပြည်သူတို့ ဝင်ရောက်ကြည့်ရှုနိုင်မှုကို ကန့်သတ်ချုပ်ချယ်ထားသည်။[၃၂][၃၃] အဓမ္မလုပ်အားပေးစေမှု၊ လူကုန်ကူးခြင်းနှင့် ကလေးအလုပ်သမားကိစ္စများမှာ နေ့စဉ်ဖြစ်ပျက်လျက်ရှိပြီး နိုင်ငံရေးဆန်ကျင်မှုမှန်သမျှကို ခွင့်မပြုချေ။[၃၄]
၁၉၈၈ ခုနှစ်တွင် တပ်မတော်သည် စီးပွားရေးချုတ်ခြုံကျမှုနှင့် နိုင်ငံရေးဖိနှိပ်မှုများအား ဆန္ဒပြသည်ကို ရက်စက်ကြမ်း ကြုတ်စွာ နှိမ်နင်းခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်၊ ရှစ်လေးလုံးအရေး တော်ပုံဟု လူသိများသည့်နေ့တွင် ဆန္ဒပြသူပြည်သူများအား ပစ်ခတ်ခဲ့သည်။ သို့သော် ယင်းဆန္ဒပြမှုများက ၁၉၉ဝ ပြည့်ရွေးကောက်ပွဲများအား လမ်းပွင့်စေခဲ့သည်။ ရလဒ်များကိုမူ စစ်အစိုးရက အသိအမှတ်မပြုခဲ့ချေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မဲအားလုံး၏ ၆၀ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်အား နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးချယ်တင်မြောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့သည်။ သူမသည် အကြိမ်ပေါင်းများစွာ နေအိမ်တွင် အကျယ်ချုပ်ကျခံခဲ့ရသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် တောင်းဆိုထားခြင်းပြုခဲ့သော်လည်း ၂၀၀၆ ခုနှစ် မေ ၂၇ ရက်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အိမ်တွင်းအကျယ်ချုပ်ခြင်းကို နောက်တစ်နှစ်ထပ်မံတိုးလိုက်သည်။ ၁၉၇၅ ခုနှစ်နိုင်ငံကာကွယ်ရေးဥပဒေအရ နိုင်ငံတော်၏ တရားဝင်လုပ်ပိုင်ခွင့်ဖြင့် ခွင့်ပြုထားခြင်းကိုကျင့်သုံးခဲ့ခြင်းဖြစ်သည်။[၃၅][၃၆] စစ်အစိုးရသည် နိုင်ငံတကာ မျက်နှာစာတွင် ဝိုင်းပယ်ခြင်းတိုးမြင့်၍ခံနေရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ၂၀၀၆-ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်ကုလသမဂ္ဂတွင် အလွတ်သဘောဆွေးနွေးရန်တင်သွင်းခဲ့ကြသည်။ ၂ဝဝ၆-ခုနှစ် စက်တင်ဘာလတွင် လုံးခြုံရေးကောင်စီဝင် ၁၅ နိုင်ငံအနက် ၁၀ နိုင်ငံတို့က မြန်မာပြည်အရေးကို ကောင်စီ၏ တရားဝင်အဂျင်ဒါတွင် လက်ခံရန်ဆုံးဖြတ်ခဲ့ကြသည်။[၃၇] အာဆီယံသည်လည်း မြန်မာအစိုးရနှင့် ပတ်သက်၍ များစွာစိတ်အနှောင့်ယှက်ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကိစ္စကို ကိုင်တွယ်ဆုံးဖြတ်ရန် အာဆီယံနိုင်ငံရေး ပါလီမန်တွင်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။[၃၈] တရုတ်ကဲ့သို့သော အဓိကနိုင်ငံကြီးက ထောက်ခံအားပေးနေသ၍ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ပြောင်းလဲမှုဖြစ်ပေါ်ရန် အလားအလာနည်းပါးလျက်ရှိသည်။[၃၉][၄၀]
နိုင်ငံခြားဆက်ဆံရေးနှင့်စစ်ရေးကိစ္စများ[ပြင်ဆင်ရန်]
အဓိကဆောင်ပါး - မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒနှင့် ဆက်ဆံရေး
မြန်မာနိုင်ငံ၏ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တင်းမာလျက်ရှိသော အခြေအနေမှ ယခု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း လာသောအခါ ယခင်ကထက် ဆက်ဆံရေး အဆင်ပြေလာပြီဖြစ်သည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား ကျယ်ပြန့်သော ပိတ်ဆို့ဒဏ်ခတ်မှုများကို ၁၉၈၈ ခုနှဏ်အရေးတော်ပုံအပြီးနှင့် ၁၉၉၀ ပြည့်ရွေးကောင်ပွဲများအပြီးတွင် ကျင့်သုံးခဲ့သော်လည်း ယခုအခါ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့လာနေပြီဖြစ်သည်။[၄၁] အလားတူပင် ဥရောပသမဂ္ဂ (အီးယူ) သည်လည်း ပိတ်ဆို့မှုတွင် လက်နက်ရောင်းချခြင်း ပိတ်ဆို့မှု၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးပိတ်ဆို့မှုနှင့် အတူလူသားချင်းစာနာ ထောင်ထားမှုကူညီပံ့ပိုးမှုမှ လွဲ၍ အခြားကူညီထောက်ပံ့မှုအားလုံးကို ပိတ်ဆို့ထားရှိခဲ့သော်လည်း ယခုအခါ လက်နက်ရောင်းချခြင်းမှလွဲ၍ အခြားပိတ်ဆို့မှု အများအပြားကို ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။[၄၂] အမေရိကန်နှင့် ဥရောပအစိုးရတို့၏ ပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုနှင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများအား ပံ့ပိုးပေးကြသည့်အဖွဲ့များ၏ တိုက်ရိုက်ဖိအားပေးမှုများကြောင့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ဟာကွက် ပျော့ကွက်များ ကြောင့် အနောက်နိုင်ငံ ကုမ္ပဏီအချို့ ကျန်ရှိသေးလျက်ရှိသည်။ သို့သော် အာရှကုမ္ပဏီများကမူ သဘာဝသယံဇာတထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမူအသစ်များပါ ထပ်ပံတိုးချဲ့ကြပြီး ဆက်လက်၍ လုပ်ငန်းများလုပ်ကိုင်ကြရန် သာမန်အားဖြင့် ဆန္ဒရှိကြဆဲဖြစ်သည်။ ပြင်သစ်ရေနံကုမ္ပဏီတိုတယ်သည် မြန်မာနိုင်ငံအား အားယူမှ ပိတ်ဆို့သည့်ကြားထဲက မြန်မာပြည်နှင့် ထိုင်းနိုင်ငံကို သွယ်တန်းထားသော ရတနာဓာတ်ငွေ့ပိုက်လိုင်းကို အောင်မြင်စွာ လည်ပတ်စေနိုင်ခဲ့သည်။ တိုတယ်ကုမ္ပဏီသည် ယခုအခါတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတရားရုံးများတွင် မြန်မာနိုင်ငံတွင် ရတနာဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်စဉ်အခါက မြန်မာအရပ်သားများအား အဓမ္မအသုံးချခဲ့သည် ကိုမသိကျိုးကျွန် ပြုလုပ်ခဲ့မှုများ ကြောင့် အမှုရင်ဆိုင်ရလျက်ရှိသည်။ နားလည်တတ်သူများက ပိုက်လိုင်းတစ်လျှောက်ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုများသည် တပ်မတော်မှ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးခဲ့ပြီး တိုတယ်ကုမ္ပဏီနှင့် ယင်း၏ လုပ်ငန်း ဆောင်ရွက်ရာတွင် အမေရိကန်အကျိုးတူလုပ်ငန်း ဆောင်ရွက်ဘက် ချက်ဗရွန်ကုမ္ပဏီတို့၌ တိုက်ရိုက်တာဝန်ရှိသည်ဟု ဆိုပါသည်။ ချယ်ဗရွန်မှ မဝယ်ယူမီ ရှေ့က ယူနိုကယ်ကုမ္ပဏီသည်လည်း ဒေါ်လာ သန်းနှင့် ချီ၍လျော်ကြေးပေးခဲ့ရပြီး ဖြစ်သည်။[၄၃] အမေရိကန်ဦးဆောင်သည့် ဒဏ်ခတ်အရေးယူမှုများသည် စစ်ခေါင်းဆောင်များနှင့် အရပ်သားများ မည်သူ့အား ထိခိုက်သည် ဆိုသည်မှာ အငြင်းပွားစရာမလိုပဲ ထင်သာမြင်သာရှိလှသည်။ အဘယ့်ကြောင့်ဆိုသော် ပိတ်ဆို့အရေးယူမှုကြောင့် ယခင်စစ်ခေါင်းဆောင်များမှာ ထိခိုက်မှုမရှိသည့်အပြင် ချမ်းသာမြဲဖြစ်ပြီး၊ ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာပြည်သူလူထုကြီးသာ ဆင်းရဲကျပ်တည်းလျှက်ရှိပြီး အလုပ်အကိုင်နှင့် လခကောင်းကောင်းရသော ပြည်ပနိုင်ငံများသို့သာ သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။
မြန်မာစစ်တပ်ကို တပ်မတော်ဟု သိရှိကြပြီး မြန်မာ့ကြည်းတပ်တွင် စစ်သည်အင်အား ၄၉၂,၀၀၀ ကျော်ရှိသည်။[၄၄] မြန်မာတပ်မတော်တွင် တပ်မတော် (ကြည်း) ၊ တပ်မတော် (ရေ)၊ တပ်မတော် (လေ) တပ်ဖွဲ့များပါဝင်ကြသည်။[၄၄] မြန်မာနိုင်ငံသည် ၄င်း၏ တပ်သားအရေအတွက်အရ ကမ္ဘာ့အဆင့် ၁၂ တွင် ရှိသည်။[၄၅] စစ်တပ်သည် တိုင်းပြည်တွင် အထူးပင် အရှိန်အဝါကြီးမားသည်။ ယခုလက်ရှိအချိန်တွင် တပ်မတော်အရာရှိကြီးများသည် ကက်ဘိနက်နေရာများနှင့် ဝန်ကြီးချုပ်နေရာအချို့ကို ရရှိထားကြသည်။[၄၆] မြန်မာ့စစ်အသုံးစရိတ်မှာ ၂၀၁၂−၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ၁၄.၄ ရာခိုင်နှုန်း ဖြစ်သည်။[၄၇]
တိုင်းဒေသကြီးနှင့်ပြည်နယ်များ[ပြင်ဆင်ရန်]
မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနှစ်တိုင်းတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။[၄၈] တိုင်းဒေသကြီးများတွင် ဗမာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ နေထိုင်ကြသည်။ အုပ်ချုပ်ရေးအရမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအဖြစ် ထပ်မံခွဲထားသည်။ အဓိကမြို့ကြီးများ အားခရိုင်နှင့် မြို့နယ်များအဖြစ် ထပ်မံခွဲထားသည်။
တိုင်းဒေသကြီးများ[ပြင်ဆင်ရန်]
- ဧရာဝတီတိုင်းဒေသကြီး
- ပဲခူးတိုင်းဒေသကြီး
- မကွေးတိုင်းဒေသကြီး
- မန္တလေးတိုင်းဒေသကြီး
- စစ်ကိုင်းတိုင်းဒေသကြီး
- တနင်္သာရီတိုင်းဒေသကြီး
- ရန်ကုန်တိုင်းဒေသကြီး
ပြည်နယ်များ[ပြင်ဆင်ရန်]
တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စသည်တို့ ခွဲခြားထားပုံ[ပြင်ဆင်ရန်]
| စဉ် | တိုင်းဒေသကြီး/ပြည်နယ် | ခရိုင် | မြို့နယ် | မြို့နယ်ခွဲ | ရပ်ကွက် | ကျေးရွာအုပ်စု | ရွာ |
|---|---|---|---|---|---|---|---|
| ၁ | ကချင်ပြည်နယ် | ၄ | ၁၈ | ၉ | ၁၄၃ | ၅၉၇ | ၂၅၈၃ |
| ၂ | ကယားပြည်နယ် | ၂ | ၇ | ၁ | ၃၁ | ၇၉ | ၆၂၀ |
| ၃ | ကရင်ပြည်နယ် | ၃ | ၇ | ၆ | ၇၄ | ၃၇၄ | ၂၁၆၁ |
| ၄ | ချင်းပြည်နယ် | ၂ | ၉ | ၃ | ၃၇ | ၄၇၁ | ၁၃၅၂ |
| ၅ | မွန်ပြည်နယ် | ၂ | ၁၀ | ၂ | ၈၀ | ၃၈၃ | ၁၂၀၀ |
| ၆ | ရခိုင်ပြည်နယ် | ၄ | ၁၇ | ၃ | ၁၃၃ | ၁၀၄၀ | ၃၈၆၀ |
| ၇ | ရှမ်းပြည်နယ် | ၁၂ | ၅၅ | ၂၀ | ၄၃၂ | ၁၆၂၉ | ၁၅၃၈၇ |
| ၈ | ပဲခူးတိုင်းဒေသကြီး | ၄ | ၂၈ | - | ၂၅၄ | ၁၄၂၃ | ၆၄၅၂ |
| ၉ | စစ်ကိုင်းတိုင်းဒေသကြီး | ၈ | ၃၇ | ၃ | ၁၈၇ | ၁၇၆၈ | ၆၀၈၇ |
| ၁၀ | တနင်္သာရီတိုင်းဒေသကြီး | ၃ | ၁၀ | ၆ | ၈၃ | ၂၆၄ | ၁၂၃၀ |
| ၁၁ | မကွေးတိုင်းဒေသကြီး | ၅ | ၂၅ | ၁ | ၁၆၃ | ၁၅၄၁ | ၄၇၇၁ |
| ၁၂ | မန္တလေးတိုင်းဒေသကြီး | ၈ | ၃၆ | ၂ | ၂၉၇ | ၁၅၉၇ | ၅၄၂၄ |
| ၁၃ | ရန်ကုန်တိုင်းဒေသကြီး | ၄ | ၄၅ | ၁ | ၇၄၂ | ၆၂၀ | ၂၀၈၉ |
| ၁၄ | ဧရာဝတီတိုင်းဒေသကြီး | ၆ | ၂၆ | ၇ | ၂၃၅ | ၁၉၁၂ | ၁၁၇၀၁ |
| စုစုပေါင်း | ၁၇ | ၃၃၀ | ၆၄ | ၂၈၉၁ | ၁၃၆၉၈ | ၆၄၉၁၇ |
ပထဝီအနေအထား[ပြင်ဆင်ရန်]
မြန်မာနိုင်ငံသည် အကျယ်ဧရိယာ စတုရန်းကီလိုမီတာ ၆၇၈,၅ဝဝ (စတုရန်းမိုင် ၂၆၁,၂၂၇) ရှိ၍ အရှေ့တောင်အာရှတိုက်တွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်. အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ မြန်မာနိုင်ငံသည် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းခရိုင်၊ အိန္ဒိယနိုင်ငံ၏ အာသံ၊ နာဂလင်းနှင့် မဏိပူရပြည်နယ်တို့ ဆက်စပ်လျက်ရှိသည်။ မြန်နိုင်ငံ၏ မြောက်ဘက်တွင် တိဗက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်ပြည်၏ ယွင်နန်ပြည်နယ် တည်ရှိသည်။ တရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁၃၅၈ မိုင်) ရှည်လျားသည်။ [၄၄]မြန်မာသည် အရှေ့တောင်ဘက်တွင် လောနှင့် ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘဂင်္လားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ [၄၄]
မြောက်ဘက်တွင် တရုတ်နိုင်ငံ၏ ဟန်တွမ့်ရိုးမတောင်တန်းဖြင့် ထိစပ်လျက်ရှိသည်။ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်ထိပ်သည် ၅၈၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[၅၀] မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[၅၁] ဤတောင်တန်းကြီးများက မြစ်ကြီးသုံးသွယ်ဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့ကိုပိုင်းခြားထားသည်။ ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[၅၁] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက် နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၄င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။[၅၂]
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၄င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[၅၃] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်၊ ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[၅၃] မိုးနည်းရပ်ဝန်းဒေသတွင် မူအပင်များမှာ ကြဲပြီးလှီကြသည်။
တောင်တွင်းသားရဲတိရစ္ဆာန်များအနက်ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်း၊ တောဝက်၊ သမင်၊ ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီးမျောက်လွှဲကျော်နှင့် မျောက်များမှအစရှူးပျံနှင့် ကြံ့သူတော်များအဆုံးတွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀၀ ကျော်ခန့်တွင် ကြက်တူရွေး၊ ရစ်၊ ဥဒေါင်း၊ ကျီးကန်း၊ ငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်ပါသည်။ တွားသွားသတ္တဝါတွင်မူ မိချောင်း၊ တောက်တဲ့၊ မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်း ရာနှင့်ချီ၍ တွေ့မြင်ရပြီး လွန်စွာမှ ပေါများကာ အရေးပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။[၅၄]
စီးပွားရေး[ပြင်ဆင်ရန်]
အဓိကဆောင်ပါး - မြန်မာနိုင်ငံ၏စီးပွားရေး
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် နိုင်ငံတစ်ခုဖြစ်သည်။ ဆယ်စုနှစ်များစွာစီးပွားဆုတ်ယုတ်မှု၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့မှုဒဏ် ခံနေရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်နှုန်း (GDP) မှာ နှစ်စဉ် ၂.၉ ရာခိုင်းနှုန်းသာရှိသည်။[၄၄] မဟာမဲခေါင်မြစ်ဝှမ်း ဒေသခွဲနိုင်ငံများတွင် တိုးတက်မှု အနိမ့်ဆုံးဖြစ်သည်။
၁၉၄၈ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းပြီးနောက်ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံကို သာယာဝပြောသည့် ပြည်တော်သာနိုင်ငံတော်အဖြစ် ထူထောင်ရန် အားထုတ်ခဲ့သည်။ ဦးနု အစိုးရသည် နှစ်နှစ်တာ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်အစိုးရက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူအပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။[၅၅] လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ စက်မှုလက်မှုကဏ္ဍအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရသည် စီးပွားရေးချုပ်ကိုင်မှုများကို လျှော့ချခဲ့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းများအား အတင့်အသင့် တိုးချဲ့ခွင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သောကြောင့် နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့သည်။ [၅၆] သို့သော်လည်း အမြတ်စွန်းများသော ကျောက်မျက်ရတနာ၊ ရေနံနှင့် သစ်လုပ်ငန်းကိုမူ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများမှာ မြန်မာ့သယံဇာတများအားထုတ်လုပ်နိုင်ရန် အစိုးရနှင့် အကျိုးတူဖက်စပ်လုပ်ငန်းများ ထူထောင်ကာဝင်ရောက်နေရာယူကြသည်။
မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်များစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။[၅၇] ၁၉၉၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော်အကြီးအကဲဖြစ်လာပြီး နောက်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးခဲ့သည်။ သို့သော်နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သွားရောက်လည်ပတ်မှုမှာ ဦးရေ ၇၅ဝ,ဝဝဝ ပင် မပြည့်ပါ။ မကြာမီနှစ်များက တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးအကျိုးအတွက်ငှာ စစ်အစိုးရနှင့်ဆက်နွယ်မှုများကို အားဖြည့်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် အမေရိကန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပိတ်ပင်မှုများကို ချမှတ်လာကြသည်။ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းတို့မှဖြစ်သည်။[၅၈]
ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့သည်။။[၅၉] ထစ်ချိန်က မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါက ရေနံကို ဘီအိုစီကုမ္ပဏီမှတစ်ဆင့် တင်ပို့ရောင်းချခဲ့သည်။ မြန်မာပြည်အနေနှင့် လူအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများကို ပါ ပိုင်ဆိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စာတတ်မြောက်သည့် လူဦးရေမှာလည်း မြင့်မားလှသည်။[၅၉] ထိုအချိန်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ဦးတည်လျှောက်လှမ်းလျက်ရှိခဲ့သည်ဟု အများက ယုံကြည်လက်ခံခဲ့ကြသည်။
ယနေ့မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံ လုံလောက်မှု မရှိသေးပေ။ ကုန်စည်များကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားကြပြီး နယ်စပ်လမ်းကြောင်းမှပင် တရားမဝင်မူးယစ်ဆေးဝါးများအား ပြည်ပသို့ မှောင်ခိုတင်ပို့ကြသည်။ ရထားသံလမ်းများမှာလည်း ဟောင်းနွမ်း၊ ဆွေးမြေ့လျက်ရှိပြီး ၁၉၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ချိန်မှစ၍ မွန်းမံပြင်တင်မှု မရှိသလောက်ပင် ဖြစ်သည်။ [၆၀] အဝေးပြေးလမ်းမကြီးများမှာလည်း မြို့ကြီးများမှလွဲ၍ သေချာခင်းထားခြင်းမရှိချေ။ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။ [၆၀] မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းထုတ်လုပ်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အမ်ဖက်တမင်း စိတ်ကြွဆေးပြား အပါအဝင်မူးယစ်ဆေးဝါးအဓိက မြစ်ဖျားခံရာလည်း ဖြစ်သည်။[၆၁] အခြားစီးပွားရေးလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ယက္ကန်းနှင့် အထည်အလိပ်၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ပါဝင်သည်။
အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး နိုင်ငံ၏ စိုက်ပျိုးမြေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးသည်။ ဆန်စပါးသည် စုစုပေါင်းသီးနှံထုတ်လုပ်မှု အလေးချိန်အားဖြင့် ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၆၆ နှင့် ၁၉၉၇ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအရ ခေတ်မီဆန်မျိုးရင်းပေါင်း ၅၂ မျိုးအား ဖြန့်ဖြူးခဲ့သည်။ ဤသို့ဖြင့် ဆန်စပါးထုတ်လုပ်မှုကို ၁၉၈၇ ခုနှစ်တွင် တန်ချိန် ၁၄ သန်းနှင့် ၁၉၉၆ ခုနှစ်တွင် ခေတ်မီမျိုးစပါးများကို နိုင်ငံ၏ ထက်ဝက်ရှိ လယ်ကွင်းများစီသို့ ဖြန့်ကျက်စိုက်ပျိုးနိုင်ခဲ့ပြီး ရေသွင်းစိုက်ပျိုးမြေ၏ ၉၈ ရာခိုင်နှုန်းထိစိုက်ပျိုးနိုင်ခဲ့သည်။[၆၂] မြန်မာ့စီးပွားရေးကဏ္ဍတွင် ခေတ်မှီနည်းပညာ ကျွမ်းကျင်သူ ပညာတတ်လုပ်သားအင်အားချို့တဲ့ခြင်းမှာ ကြီးထွားလျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်သည်။[၆၃]
လူဦးရေပျံ့နှံ့နေထိုင်မှု[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ မှ ၅၅ သန်းခန့်ရှိသည်။[၆၄] လက်ရှိလူဦးရေစစ်တမ်းမှာ ခန့်မှန်းခြေမျှသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် မပြီးပြည့်စုံသော စစ်တမ်းပေါ်တွင် အခြေခံထားသောကြောင့် ဖြစ်သည်။[၆၅] ၁၉၃ဝ ခုနှစ်မှစ၍ တိကျခိုင်လုံသော ပြည်လုံးကျွတ်စစ်တမ်း ကောက်ယူခဲ့ခြင်း မရှိချေ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်သည်။[၆၆] မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းနှုန်းမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၅ ရာခိုင်နှုန်းဖြစ်ပြီး အရှေ့တောင်အာရှတွင် လူဦးရေထူထပ်မှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယမြန်မာနယ်စပ်၊ ဘင်္ဂလားဒေရှ်မြန်မာနယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်များတစ်လျှောက်တွင် ဒုက္ခသည်စခန်းများရှိနေပြီး ထောင်ပေါင်းများစွာမှာလည်း မလေးရှားနိုင်ငံတွင် ရှိလေသည်။ လျှော့လျှော့ပေါ့ပေါ့ တွက်သည်ဆိုဦးတော့၊ တိုင်းတစ်ပါးရောက် မြန်မာဒုက္ခသည်ဦးရေ ၂၉၅,၈ဝဝ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး အများစုမှာ ကရင်နှင့် ကရင်နီများဖြစ်ကြလေသည်။[၆၇]
မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများမှာ များစွာကွဲပြားခြားနားကြသည်။ အစိုးရက လူမျိုးပေါင်း ၁၃၅ မျိုးအား တရားဝင် အသိအမှတ်ပြုထားသော်လည်း လက်တွေ့မှာမူ အနည်းဆုံး ၁၀၈ မျိုးရှိနိုင်သည်ဟု ခန့်မှန်းရသည်။ [၆၈] ဗမာလူမျိုးသည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းရှိသည်။ ၁၀ ရာခိုင်နှုန်းသည် ရှမ်းလူမျိုးဖြစ်ပြီ၊ ကရင်လူမျိုးသည် ၇ ရာခိုင်နှုန်းရှိသည်။[၇] ရခိုင်လူမျိုးသည် ၄ ရာခိုင်နှုန်းရှိသည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးမှာ ၃ ရာခိုင်နှုန်းနီးပါးရှိသည်။[၆၉][၇] မွန်လူမျိုးများမှာ ၂ ရာခိုင်နှုန်းရှိသည်။[၇]ကျန်မျိုးနွယ်စုများမှာ ကချင်၊ ချင်း၊ အိန္ဒိယနွယ်ဖွားနှင့် အခြားသော လူနည်းစု အုပ်စုများဖြစ်ကြသည်။[၇]
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဘာသာစကားအုပ်စုကြီး လေးမျိုးရှိသည်။[၇၀] ၎င်းတို့မှာ တရုတ်-တိဗက်၊ ဩစတြိုနီးရှန်း၊ တိုင်းကဒိုင်နှင့် အင်ဒို-ဥရောပတို့ဖြစ်ကြသည်။[၇၁] တရုတ်-တိဗက်သည် အကျယ်ပြန့်ဆုံးအသုံးပြုသော ဘာသာစကားဖြစ်သည်။ ယင်းတွင် ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် တရုတ်ဘာသာများ ပါဝင်သည်။ တိုင်-ကဒိုင်ဘာသာတွင် အဓိကမှာ ရှမ်းဘာသာဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကပြောဆိုသည့် ဩစတြိုနီးရှန်းစကားမှာ မွန်ဘာသာဖြစ်သည်။ အဓိကကျသော အင်ဒို-ဥရောပဘာသာစကားနှစ်မျိုးမှာ ဗုဒ္ဓဘာသာ စာပေသုံးပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြစ်သည်။
ယူနက်စ်ကို (UNESCO) စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ တရားဝင်စာတတ်မြောက်နှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၈၉.၉ ရာခိုင်နှုန်းဖြစ်သည်။[၇၂] မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက်ကတည်းက စာတတ်မြောက်နှုန်း မြင့်မားခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်နိုင်ပြီး ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် စစ်အစိုးရက ၁၉၈၇ ခုနှစ် စာတတ်မြောက်နှုန်းကို ၇၈.၆ ရာခိုင်နှုန်းမှ ၁၈.၇ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။[၇၃] သို့သော်အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာနကမူ အလုပ်ဖြစ်ရန် စာတတ်မြောက်နှုန်းကို ၃၀ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။[၇]
ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် ထွန်းကားသော ဗုဒ္ဓဘာသာမှာ ဒေသခံတိုင်းရင်းသားယုံကြည်မှုများနှင့် ရောပြွမ်း နေသည့် ထေရဝါဒဗုဒ္ဓဘာသာဖြစ်သည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ၈၉ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ယုံကြည်ကြပြီး အထူးသဖြင့် ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်နှင့် တရုတ်လူမျိုးအများစုဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို ၄ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ပြီး အထူးသဖြင့် ကချင်၊ ချင်းနှင့် ကရင်အပြင် သာသနာပြုလုပ်ငန်းများ ထွန်းကားခဲ့သည့် ဒေသအသီးသီးရှိ ဥရောပ-အာရှမျိုးနွယ်စုများဖြစ်သည်။[၄၄]မြန်မာနိုင်ငံ၏ ခရစ်ယာန်ဘာသာဝင်များအနက် ငါးပုံလေးပုံမှာ ပရိုတက်စတင့်များ (Protestants) ဖြစ်ကြပြီး အဓိကအားဖြင့် မြန်မာနှစ်ခြင်းကွန်ဗင်ရှင်းအသင်းဝင် နှစ်ခြင်းခရစ်ယာန်များ ဖြစ်ကြသည်။ ကျန်သူများမှာ ရိုမန်ကက်သလစ်ဘာသာဝင် (Roman Catholics) များဖြစ်ကြသည်။
လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာ ကို ကိုးကွယ်ကြပြီး အများစုမှာ ဆူနီများဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့တွင် အိန္ဒိယတိုင်းရင်းသား၊ အိန္ဒိယ-မြန်မာ၊ ပါရှန်း၊ အာရပ်နှင့် ပန်းသေးများ ပါဝင်ကြသည်။[၇၄][၇၅][၇၆] ဟိန္ဒူဘာသာကို ကိုးကွယ်သူ အနည်းငယ်မျှသာ ရှိသည်။
ယဉ်ကျေးမှု[ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် ကွဲပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည်။ ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံ၏ယဉ်ကျေးမှုများက လွှမ်းမိုး လေသည်။ ဤသည်ကို ယင်း၏ဘာသာစကား၊ အစားအသောက်၊ ဂီတ၊ ပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည်။ အနုပညာတွင် အထူးသဖြင့် စာပေကို မြန်မာ့ဟန်ဝင်နေသော ထေရဝါဒဗုဒ္ဓဘာသာက လွှမ်းမိုးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မော်ကွန်းတစ်ရပ်အဖြစ် ယူဆထားသော ရာမဇာတ်တော်ကြီး မှာ ရမ္မာရန မူရင်းမှ ကူးယူထားခြင်းဖြစ်ပြီး ထိုင်း၊ မွန်၊ အိန္ဒယမူများ လွှမ်းမိုးခြင်းကို ကောင်းစွာခံထားရသည်။[၇၇] ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ရောထွေးလျက်ရှိပြီး နတ်ကိုးကွယ်မှုတွင် ၃၇ မင်းအနက် တစ်ပါးပါးကို ခမ်းနားကြီးကျယ်စွာ ပူဇော်ပသကြလေ့ရှိသည်။[၇၈][၇၉]
ရိုးရာဓလေ့ထွန်းကားသော မြန်မာ့ရွာတစ်ရွာတွင် ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာယဉ်းကျေးမှုဘဝ၏ ဗဟိုချက်ဖြစ်သည်။[၈၀] ဘုန်းတော်ကြီးများအား ဘာသာဝင်များက ရိုသေလေးစားပြီး ပစ္စည်းလေးပါးကို ထောက်ပံ့ကြသည်။ အရွယ်ရောက်လာသည့်ယောက်ျားကလေးတစ်ယောက်၏ ဘဝတွင် ရှင်ပြုမင်္ဂလာမှာ အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမိသားစုတိုင်းမှ ယောက်ျားကလေး မှန်သမျှသည် အသက် ၂၀ မတိုင်မီ ကိုရင်အဖြစ်ကိုလည်းကောင်း၊ အသက် ၂၀ ပြည့်လျှင် ရဟန်းအဖြစ်ကိုလည်းကောင်း ခံယူကြရသည်။ ရဟန်းအဖြစ် အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်လေ့ရှိတတ်သည်။ မိန်းကလေးများမှာမူ နားထွင်းနားသခြင်း မင်္ဂလာကို ခံယူကြရသည်။[၈၀] မြန်မာ့ယဉ်ကျေးမှုကို အဓိကမြင်တွေ့ရသည့် နေရာမှာ ကျေးရွာများတွင် နှစ်လုံးပေါက်ကျင်းပလေ့ရှိသည့် ဘုရားပွဲများတွင်ဖြစ်သည်[၈၁][၈၂] ရွာများတွင် ရွာစောင့်နတ်များရှိကြပြီး မြန်မာ့လူနေမှုဘဝတွင် အယူသည်းခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်းများမှာလည်း မနည်းပေ။
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ အနောက်တိုင်းဓလေ့များ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ပညာရေးစနစ်ကို ဗြိတိသျှ ပုံစံအတိုင်း ပုံတူကူးယူထားသည်။ ရန်ကုန်ကဲ့သို့သော မြို့များတွင် ကိုလိုနီပိုင်ဗိသုကာပုံစံများ လွှမ်းမိုးနေသည်ကိုတွှေ့ရှိရသည်။[၈၃] တိုင်းရင်းသားမျိုးနွယ်စုများအနက် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို အရှေ့တောင်ဒေသရှိ ကရင်များတွင်လည်းကောင်း၊ မြောက်ဘက်အရပ်နှင့် အနောက်မြောက်ဒေသ၌ ကချင်နှင့် ချင်းတိုင်းရင်းသားများတွင်လည်းကောင်း မြင်တွေ့နိုင်သည်။[၈၄]
ဘာသာစကား[ပြင်ဆင်ရန်]
မြန်မာဘာသာစကားသည် ဗမာတို့၏ မိခင်ဘာသာစကားနှင့် ရုံးသုံးဘာသာစကားများ ဖြစ်ပြီး တိဗက်နှင့် တရုတ်ဘာသာစကားများနှင့်လည်း နီးစပ်လေသည်။[၈၅][၇၀] ဗြည်းအက္ခရာ ရေးသားပုံစနစ်မှာ လခြမ်းပုံနှင့် စက်ဝိုင်းပုံများကို အခြေထားသော မွန်အက္ခရာစနစ်မှ ဆင်းသက်လာသည်။ မြန်မာအက္ခရာအရေးအသားတွင် မွန်ပုံစံကို အခြေခံထားပြီး မွန်အက္ခရာစနစ်သည် ၇၀၀ ပြည့်နှစ်က တောင်ပိုင်းဗြဟ္မိအက္ခရာစနစ်ပေါ်တွင် အခြေခံထားလေသည်။ ရှေးအကျဆုံးမြန်မာအရေးအသားကို လွန်ခဲ့သည့် နှစ် ၁၀၀၀ ကျော်လောက်က တွေ့ရှိခဲ့သည်။ ဤအရေးအသားစနစ်ကို ထေရဝါဒဗုဒ္ဓဘာသာ၏ ကျမ်းဂံများ ရေးသားရာတွင် သုံးသည်။ ပါဠိစာပေရေးသားရာတွင်လည်း အသုံးပြုသည်။ ရှမ်း၊ ကရင်နှင့် ကယားစာပေများ ရေးသားရာတွင်လည်း မြန်မာအက္ခရာများနှင့်အတူ သီးခြားတီထွင်ထားသော ဗြည်းအက္ခရာများ၊ အသံထွက်ပြ သင်္ကေတများကိုလည်း အသုံးပြုထားသည်။[၈၆] မြန်မာစကားသည် အရိုအသေပြုသုံးနှုန်းခြင်းနှင့် အသက်အရွယ်အလိုက်ပြောဆိုသုံးနှုန်းရခြင်းများပါဝင်သည်။[၈၁] မြန်မာလူမှုရေးစနစ်သည် ပညာရေးကိုအလေးပေးသည်။ ကျေးရွာများတွင် လောကီပညာများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူကြရသည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် အစိုးရ ကျောင်းများက အလယ်တန်းများနှင့် အထက်တန်းပညာများအား တာဝန်ယူသင်ကြားပေးသည်။
အစားအစာ[ပြင်ဆင်ရန်]
မြန်မာ့အစားအစာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားလူမျိုးစုများ၏ လွှမ်းမိုးမှုကို တွေ့ရှိနိုင်သည်။ ဆန်မှာ မြန်မာ၏ အဓိကအစားအစာဖြစ်သည်။[၈၇] ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ကိုလည်း စားသောက်သည်။[၈၇] ဗမာ့အစားအစာတွင် မပါမဖြစ်သည်မှာ ငါး၊ ပုစွန်၊ ငါးပိငံပြာရည်နှင့် ဝက်သား၊ ဆိတ်သားများ ဖြစ်သည်။ အမဲသားကိုမူ တချို့က ရှောင်ကြသည်။ ဟင်းချက်ရာတွင် မဆလာနှင့် ငရုတ်သီးတို့ကို အသုံးပြုသည်။[၈၈][၈၉] မြန်မာ့အမျိုးသား အစားအစာဟုကျယ်ပျံ့စွာ ယူဆထားသည့် မုန့်ဟင်းခါးချက်ရာတွင် ငါးခူဟင်းရည်တွင် ကုလားပဲမှုန့်၊ ဆန်ကြာဆံနှင့် ငံပြာရည်များ ရော၍ ချက်ကြသည်။[၉၀] အပူပိုင်း အသီးအနှံများကို အချိုပွဲအဖြစ် တည်ခင်းသည်။ မြို့ကြီးပြကြီးများတွင် ရှမ်းစာ၊ တရုတ်စာနှင့် အိန္ဒိယအစားအစာများကိုပါ စုံလင်စွာ ရရှိနိုင်သည်။
တေးဂီတ[ပြင်ဆင်ရန်]
မြန်မာ့တေးဂီတကို ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ္တလားနှင့် လေမှုတ်တူရိယာများဖြစ်သည့် နှဲ၊ နှဲကြီး၊ ပလွေ၊ ဝါးလက်ခုပ်နှင့် ကြိုးတတ်တူရိယာများအား ဆိုင်းဝိုင်းခေါ် သံစုံတီးဝိုင်းဖွဲ့၍ တီးခတ်ကြသည်။[၈၂][၈၀] မြန်မာ့ယဉ်ကျေးမှုတွင် လှေပုံသဏ္ဌာန် ကိုယ်ထည်တွင် ပိုးကြိုးသွယ်တန်းထားပြီး လည်တိုင်တွင် မှန်စီရွှေချထားသော စောင်းကောက်မှာ နှစ်ပေါင်းများစွာကတည်းကပင် ရှိခဲ့သည်။[၉၁] ၁၉၅၀ ပြည့်လွန်နှစ်မှစ၍ မြို့ကြီးပြကြီးများတွင် အနောက်တိုင်းတေးဂီတများ စတင်ရေပန်းစားလာသည်။[၉၂]
ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]
ရည်ညွှန်းချက်များ[ပြင်ဆင်ရန်]
- ↑ http://www.seasite.niu.edu/crossroads/russell/seageog.htm
- ↑ အလံတော်သစ် လွှင့်တင်တဲ့ အခမ်းအနားတွေလုပ် (ဘီဘီစီ)
- ↑ http://dictionary.infoplease.com/mongoloid
- ↑ http://robertlindsay.wordpress.com/category/raceethnicity/asians/se-asians/burmese/
- ↑ https://www.myanmarisp.com/History/General_Hsitory/his0011/
- ↑ http://en.wikipedia.org/wiki/Mongoloid
- ↑ ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ၇.၅ ၇.၆ Background Note: Burma. Bureau of East Asian and Pacific Affairs. U.S. Department of State (August 2005). Retrieved on 2006-07-07။
- ↑ Country Profile: Burma. Foreign and Commonwealth Office. Retrieved on 2006-07-07။
- ↑ Country Profile: Burma. Foreign and Commonwealth Office. Retrieved on 2006-07-07။
- ↑ The EU's relations with Burma / Myanmar. External relations. European Union (November 2006). Retrieved on 2007-01-11။
- ↑ Should it be Burma or Myanmar?, BBC News
- ↑ Burma and Divestiture. External relations. The Dominion (November 2005). Retrieved on 2007-10-01။
- ↑ http://en.wikipedia.org/wiki/Burma
- ↑ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုမှတ်တမ်း(၂၀၁၀)
- ↑ George Aaron Broadwell. Mon history. Dept. of Anthropology; University at Albany, Albany, NY. Retrieved on 2006-07-11။
- ↑ ၁၆.၀ ၁၆.၁ ၁၆.၂ ၁၆.၃ Houtman, Gustaaf (1999). Mental Culture in Burmese Crisis Politics: Aung San Suu Kyi and the National League for Democracy. ISBN 4-87297-748-3.
- ↑ The Constitution of the Union of Burma. DVB (1947). Retrieved on 2006-07-07။
- ↑ Smith, Martin (1991). Burma -Insurgency and the Politics of Ethnicity. London and New Jersey: Zed Books, 42–43.
- ↑ Aung Zaw. Can Another Asian Fill U Thant’s Shoes?. The Irrawaddy Sep 2006. Retrieved on 2006-09-12။
- ↑ ၂၀.၀ ၂၀.၁ Fink, Christina (2001). Living Silence:Burma under Military Rule. ISBN 1-85649-926-X.
- ↑ PYITHU HLUTTAW ELECTION LAW. State Law and Order Restoration Council. iBiblio.org (1989-05-31). Retrieved on 2006-07-11။
- ↑ Khin Kyaw Han (2003-02-01). 1990 MULTI-PARTY DEMOCRACY GENERAL ELECTIONS. National League for Democracy. iBiblio.org. Retrieved on 2006-07-11။
- ↑ ၂၃.၀ ၂၃.၁ "The National Convention", The Irrawaddy, 2004-03-31. Retrieved on 2006-07-14.
- ↑ "Burma’s new capital stages parade", BBC News, 2006-03-27. Retrieved on 2006-06-24.
- ↑ Template:UN document
- ↑ "ILO seeks to charge Myanmar junta with atrocities", Reuters, 2006-11-16. Retrieved on 2006-11-17.
- ↑ The Birth Of The NCGUB. National Coalition Government of the Union of Burma. Retrieved on 2006-07-19။
- ↑ Chiefs of State and Cabinet Members of Foreign Governments: Burma. Central Intelligence Agency (2006-06-02). Retrieved on 2006-07-11။
- ↑ McCain, John (2003-05-11). Crisis in Rangoon. National Review Online. Retrieved on 2006-07-14။
- ↑ Brad Adams. Statement to the EU Development Committee. Human Rights Watch. Retrieved on 2006-07-11။
- ↑ Satellite Images Verify Myanmar Forced Relocations, Mounting Military Presence. ScienceMode. Retrieved on 2007-10-01။
- ↑ "Internet Filtering in Burma in 2005: A Country Study", OpenNet Initiative.
- ↑ "Burma bans Google and gmail", BurmaNet News, 2006-06-27. Retrieved on 2006-06-28.
- ↑ Myanmar: 10th anniversary of military repression. Amnesty International (1998-08-07). Retrieved on 2006-07-14။
- ↑ The Irrawaddy. "Suu Kyi's Detention Extended, Supporters likely to Protest", The Irrawaddy, 2006-05-27. Retrieved on 2006-05-27.
- ↑ The Irrawaddy. "Opposition Condemns Extension of Suu Kyi's Detention", The Irrawaddy, 2006-05-27. Retrieved on 2006-05-27.
- ↑ Gamel, Kim. "UN Security Council Puts Burma on Agenda", The Irrawaddy, 2006-09-16. Retrieved on 2006-10-11.
- ↑ About Us. ASEAN Inter-Parliamentary Myanmar Caucus. Retrieved on 2006-07-09။
- ↑ Poon, Khim Shee (2002). The Political Economy of China-Myanmar Relations: Strategic and Economic Dimensions (PDF). Ritsumeikan University. Retrieved on 2006-07-14။
- ↑ Selth, Andrew (Spring 2002). Burma and Superpower Rivalries in the Asia-Pacific. Naval War College Review. Retrieved on 2006-07-16။
- ↑ Burma Freedom and Democracy Act of 2003. United States Library of Congress (2003-06-04). Retrieved on 2007-02-04။
- ↑ The EU’s relations with Burma / Myanmar. European Union. Retrieved on 2006-07-13။
- ↑ "Dilemma of dealing with Burma", BBC News, 2004-10-20. Retrieved on 2004-11-02.
- ↑ ၄၄.၀ ၄၄.၁ ၄၄.၂ ၄၄.၃ ၄၄.၄ ၄၄.၅ CIA Factbook
- ↑ Starck, Peter (2005-06-07). World Military Spending Topped US$1 trillion in 2004. Reuters. Common Dreams NewsCenter. Retrieved on 2006-07-19။
- ↑ Chiefs of State and Cabinet Members of Foreign Governments: Burma. Central Intelligence Agency (2006-06-02). Retrieved on 2006-07-11။
- ↑ http://articles.janes.com/articles/Janes-Sentinel-Security-Assessment-Southeast-Asia/Defence-budget-Myanmar.html
- ↑ Administrative divisions. The World Factbook. Central Intelligence Agency (2006-06-29). Retrieved on 2006-07-09။
- ↑ Bi Weekly Eleven Journal Vol3 No 43
- ↑ (2000) in Dr. Patrick Hesp et al.: Geographica’s World Reference. Random House Australia, 738, 741.
- ↑ ၅၁.၀ ၅၁.၁ Than, Mya (2005). Myanmar in ASEAN: Regional Co-operation Experience. ISBN 981-230-210-7.
- ↑ Cite error: Invalid
<ref>tag; no text was provided for refs namedmyatthein - ↑ ၅၃.၀ ၅၃.၁ Myanmar’s Forest Law and Rules. BurmaLibrary.org. Retrieved on 2006-07-15။
- ↑ "Flora and Fauna" at Myanmars.net
- ↑ Watkins, Thayer. Political and Economic History of Myanmar (Burma) Economics. San José State University. Retrieved on 2006-07-08။
- ↑ Stephen Codrington (2005). Planet geography. Solid Star Press, 559.
- ↑ List of Least Developed Countries. UN-OHRLLS (2005).
- ↑ Fullbrook, David. "So long US, hello China, India", Asia Times, 2004-11-04. Retrieved on 2006-07-14.
- ↑ Cite error: Invalid
<ref>tag; no text was provided for refs namedsteinberg - ↑ ၆၀.၀ ၆၀.၁ Challenges to Democratization in Burma (PDF). International IDEA (November 2001). Retrieved on 2006-07-12။
- ↑ Myanmar Country Profile (PDF). Office on Drugs and Crime 5–6. United Nations (December 2005). Retrieved on 2006-07-09။
- ↑ Myanmar and IRRI|21.2 KiB, Facts About Cooperation, International Rice Research Institute. Retrieved on 2007-09-25.
- ↑ Brown, Ian (2005). A Colonial Economy In Crisis. Routledge. ISBN 0-415-30580-2.
- ↑ POPULATION AND SOCIAL INTEGRATION SECTION (PSIS). UN Economic and Social Commission for Asia and the Pacific.
- ↑ Conflict and Displacement in Karenni: The Need for Considered Responses (PDF). Burma Ethnic Research Group (May 2000). Retrieved on 2006-07-13။
- ↑ Thailand: The Plight of Burmese Migrant Workers. Amnesty International (2006-06-08). Retrieved on 2006-07-13။
- ↑ Myanmar Refugees in South East Asia (PDF). UNHCR (April 2006). Retrieved on 2006-07-13။
- ↑ Gordon, Raymond G., Jr. (2005). Languages of Myanmar. SIL International. Retrieved on 2006-07-14။
- ↑ Mya Than (1997). in Leo Suryadinata: Ethnic Chinese As Southeast Asians. ISBN.
- ↑ ၇၀.၀ ၇၀.၁ Gordon, Raymond G., Jr. (2005). Language Family Trees: Sino-Tibetan. Ethnologue: Languages of the World, Fifteenth edition. SIL International. Retrieved on 2006-07-09။
- ↑ Gordon, Raymond G., Jr. (2005). Languages of Myanmar. Ethnologue: Languages of the World, Fifteenth edition. SIL International. Retrieved on 2007-01-13။
- ↑ Adult (15+) Literacy Rates and Illiterate Population by Region and Gender for (XLS). UNESCO Institute of Statistics (April 2006). Retrieved on 2006-07-13။
- ↑ (1998) in Robert I Rotberg: Burma: Prospects for a Democratic Future.
- ↑ Thailand Burma Border Consortium (2007). Internal Displacement in Eastern Burma 2006 Survey. Retrieved on 2207-02-04။
- ↑ Priestly, Harry. "The Outsiders", The Irrawaddy, 2006-01-17. Retrieved on 2006-07-07.
- ↑ Samuel Ngun Ling (2003). The Encounter of Missionary Christianity and Resurgent Buddhism in Post-colonial Myanmar (PDF). Payap University. Retrieved on 2006-07-14။
- ↑ Ramayana in Myanmar’s heart. Goldenland Pages (2003-09-13). Retrieved on 2006-07-13။
- ↑ Temple, R.C. (1906). The Thirty-seven Nats-A Phase of Spirit-Worship prevailing in Burma.
- ↑ The Worshipping of Nats — The Special Festival of Mount Popa.
- ↑ ၈၀.၀ ၈၀.၁ ၈၀.၂ Khin Myo Chit (1980). Flowers and Festivals Round the Burmese Year.
- ↑ ၈၁.၀ ၈၁.၁ Tsaya (1886). Myam-ma, the home of the Burman. Calcutta: Thacker, Spink and Co., 36–37.
- ↑ ၈၂.၀ ၈၂.၁ Shway Yoe (1882). The Burman — His Life and Notions. New York: Norton Library 1963, 211–216,317–319.
- ↑ Martin, Steven. "Burma maintains bygone buildings", BBC News, 2004-03-30. Retrieved on 2006-07-09.
- ↑ Scott O'Connor, V. C. (1904). The Silken East — A Record of Life and Travel in Burma. Scotland 1993: Kiscadale, 32.
- ↑ Gordon, Raymond G., Jr. (2005). Languages of Myanmar. SIL International. Retrieved on 2006-07-14။
- ↑ Proposal for encoding characters for Myanmar minority languages in the UCS (PDF). International Organization for Standardization (2006-04-02). Retrieved on 2006-07-09။
- ↑ ၈၇.၀ ၈၇.၁ Kong, Foong Ling (2002). Food of Asia. Tuttle Publishing. ISBN.
- ↑ Saw Myat Yin (1990). Burma. M. Cavendish. ISBN ISBN.
- ↑ D. N. Jha (2004). The Myth of the Holy Cow. Verso. ISBN ISBN.
- ↑ "Get a taste of Myanmar’s national dish", Indo-Asian News Service, PlanetGuru.
- ↑ Postcard of Saung Gauk (arched harp). National Music Museum. University of South Dakota (2004-10-18). Retrieved on 2006-07-15။
- ↑ "Myanmar worries as rappers upstage traditional xylophones", Agence France Presse, BurmaNet News, 2005-09-28. Retrieved on 2006-07-15.
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
- နိုင်ငံတော်သမ္မတရုံး
- ပြန်ကြားရေးဝန်ကြီးဌာန
- ၀န်ကြီးဌာန Website များ
- တရားဝင်မြန်မာအစိုးရ ဝက်ဘ်စာမျက်နှာ
- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- စာတိုက်၊ ကြေးနန်းနှင့် ဆက်သွက်ရေးဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- စီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
- သာသနာရေးဝန်ကြီးဌာန
- အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့
- မဇ္ဈိမသတင်း
- အွန်လိုင်းမြန်မာစာကြည့်တိုက်
- တရားဝင် ရှမ်းအစိုးရကြား ဖြတ်ဝဘ်ဆိုက်
- အမေရိက မြန်မာသံရိုး
- အမေရိကန်သံရုံး၊ မြန်မာနိုင်ငံ
- မြန်မာနိုင်ငံအတွက် တိုက်ပွဲတင်အဖွဲ့ အမေရိက
- မြန်မာနိုင်ငံတိုက်ပွဲဝင် ယူကေ
- ကမ္ဘာ့နိုင်ငံရေးသမားများ - မြန်မာ
|
||||||||