ရှမ်းပြည်နယ်
From Wikipedia
| ရှမ်းပြည်နယ် | |
| မြို့တော် | တောင်ကြီးမြို့ |
| ဧရိယာ | ၁၅၅,၈၀၀ km² |
| လူဦးရေ | ၄,၇၀၂,၀၀၀ (၁၉၉၉) |
| လူမျိုးများ | ရှမ်း၊ ဗမာ၊ တရုတ်၊ ဓနု၊ အင်းသား၊ ပလောင်း၊ ပအိုဝ့်၊ တောင်ရိုး၊ ကုလား |
| ဘာသာတရားများ | ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ |
ရှမ်းပြည်နယ်သည်မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များအနက် အကြီးဆုံး(ဧရိယာအကျယ်ဆုံး)သော ပြည်နယ်ဖြစ်သည်။
Contents |
[ပြင်ဆင်ရန်] တည်နေရာနှင့် အကျယ်အဝန်း
ရှမ်းပြည်နယ်သည် ၆၀၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိတည်ရှိပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီကျူဒ် ၁၉ ဒီဂရီ မှ ၂၂ဒီဂရီ ၁၅မိနစ် အတွင်း ၊ အရှေ့လောင်ဂျီကျူဒ် ၉၆ဒီဂရီ ၂၆မိနစ် မှ ၉၈ဒီဂရီ ၄၇မိနစ် အတွင်းတည်ရှိသည်။
[ပြင်ဆင်ရန်] ရာသီဥတု
တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။ မိုးဥတုတွင် မိုးရေချိန်များလေ့လည်းရှိသည်။ အပူချိန်မှာ အအေးဆုံးလများဖြစ်သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် ၇၀ဒီဂရီ ဖာရင်ဟိုက် နှင့် ၈၀ဒီဂရီ ဖာရင်ဟိုက် ကြားတွင်သာရှိသည်။ အပူဆုံးအချိန်များတွင် ၁၀ဝ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ရှိပါသည်။ ကပ္ပလီပင်လယ်မှ အနောက်တောင်မုတ်သုံလေကြောင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်မှ တ၃ခါတရံဝင်ရောက်လာတတ်သည့် မိုးသက်မုန်တိုင်းများ၊ လေကြောင်းများကြောင့် လည်းကောင်း မိုးများသည့် ဒေသအဖြစ် တည်ရှိပါသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၄၀လက်မ ဝန်းကျင်ရွာသွန်းလေ့ရှိသည်။
[ပြင်ဆင်ရန်] မြို့တော်
ရှမ်းပြည်နယ်သည်၏ မြို့တော်မှာ တောင်ကြီးမြို့ဖြစ်သည်။ သို့သော် စစ်အစိုးရလက်ထပ်တွင် အုပ်ချုပ်ရေး လွယ်ကူအဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ်ကို မြောက်ပိုင်း၊တောင်ပိုင်း နှင့် အရှေ့ပိုင်း ဟု စစ်တိုင်းဌာနချုပ်များရှိသည့် အတိုင်း ခွဲခြားလိုက်ပြီး မြောက်ပိုင်း၏ မြို့တော်အဖြစ် လားရှိုးမြို့ ၊ အရှေ့ပိုင်း၏မြို့တော်အဖြစ် ကျိုင်းတုံမြို့ နှင့် တောင်ပိုင်း၏ မြို့တော်အဖြစ် လက်ရှိမြို့တော် တောင်ကြီးမြို့ အဖြစ် အသီးသီ သတ်မှတ်ခဲ့သည်။ သို့သော် တရားဝင်အားဖြင့် မြို့တော်မှာ တောင်ကြီးမြို့သာဖြစ်သည်။
[ပြင်ဆင်ရန်] နေထိုင်သောလူမျိုးများ
ရှမ်း၊ ဓနု၊ အင်းသား၊ ပအိုဝ့်၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ဝ ၊ ကချင် ၊ ဗမာ
[ပြင်ဆင်ရန်] ဆက်သွယ်ရေး
ခရီးလမ်းပန်းဆက်သွယ်ရေးအနေဖြင့် မြို့ကြီးများအတွက် အဆင်ပြေလွယ်ကူ သကဲ့သို့ အတန်ငယ်ခက်ခဲသည့် အစွန်အဖျားဒေသများလည်းရှိသည်။ လေကြောင်းဖြင့်် တောင်ကြီးမြို့နှင့် ၂၄ မိုင်အကွာရှိ ဟဲဟိုးလေဆိပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်လေဆိပ်သို့ သွားရောက်နိုင်သည်။ ရထားဖြင့် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့သို့ သွားရောက်နိုင်သည်။
[ပြင်ဆင်ရန်] ပါဝင်သောမြို့နယ်များ
- ကလော
- ကျိုင်းတုံ
- ကျောက်မဲ
- ကွတ်ခိုင်
- ညောင်ရွှေ
- တာချီလိတ်
- တောင်ကြီး
- နမ္မတူ
- နမ့်ခမ်း
- နမ့်စမ်
- နောင်ချို
- ပင်လုံ
- ပင်းတယ
- မိုင်းကိုင်
- မိုင်းဆတ်
- မိုင်းပွန်
- မိုင်းရှူး
- မူစယ်
- ရွှေညောင်
- လာရှိုး
- လွိုင်လင်
- လင်းခေး
- သီပေါ
- အောင်ပန်း
[ပြင်ဆင်ရန်] စိတ်ဝင်စားဖွယ်နေရာများ
- အင်းလေးကန်
- အင်းလေး ဖောင်တော်ဦးဘုရား
- ဂုတ်ထိပ်တံတား
- သီပေါ ဘော်ကျိုဘုရား
- Kalaw Hill Station
- ပင်းတယဂူ
- ပဒါးလင်းဂူ(ပြဒါးလင်းဂူ)
- မွေတော်ကက္ကူဘုရားများ
[ပြင်ဆင်ရန်] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
ရှမ်းပြည်နယ်သည် ရှမ်းလူမျိုးများသာမက အခြားတိုင်းရင်းသားများ၊တရုတ်၊ကုလား ပါရောနှောနေထိုင်သည့်အတွက် ယဉ်ကျေးမှု ဓလေ့ထုံးတန်းများ များပြားသည်။သို့သော် တိုင်းရင်းသားအများစု မှာရှမ်းစကားကိုအသုံးပြုကာ ဆက်ဆံလေ့ရှိသည်။
[ပြင်ဆင်ရန်] ဒေသထွက်ကုန်များ
အဓိကအားဖြင့် သစ်၊ လက်ဖက်နှင့် ရာဘာ အပါအဝင် သီးနှံများဖြစ်သော ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးနှင့် လူကြိုက်များသည့် အခြားသီးနှံများလည်း ထွက်ရှိသည်။
[ပြင်ဆင်ရန်] တွင်းထွက်များ
နမ္မတူ သတ္တုတွင်းမှ ဘော်၊ခဲ၊ရွှေ နှင့် အခြားဓါတ်သတ္တုအနည်းငယ်တို့ထွက်ရှိသည်။တီကျစ် ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများထုတ်လုပ်ပြီး တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံကို လောင်စာကုန်ကြမ်း ထောက်ပံ့လျက်ရှိသည်။အထူးထင်ရှားသည့် မြန်မာ့ပတ္တမြား၊နီလာနှင့် ကျောက်မျက် ရတနာများကို မိုင်းရှူး နှင့် နမ့်ယားဆိမ့် ဒေသများမှ တူးဖော်ထုတ်ယူနိုင်သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
|
||||||||||||||||||||||||||||||||||||||||||||
|
||||||||
