ဒုတိယအင်္ဂလိပ်မြန်မာစစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ
Second Anglo-Burmese War
ရက်စွဲ ၅ ဧပြီ ၁၈၅၁ - ၂၀ ဒီဇင်ဘာ ၁၈၅၂
နေရာ မြန်မာ–အိန္ဒိယ
ရလာဒ် ဗြိတိသျှစစ်နိုင်
စစ်ရင်ဆိုင်သည့်နိုင်ငံများ
ဗြိတိသျှအင်ပါယာ၏ အလံတော် ဗြိတိသျှအင်ပါယာ Flag of the Alaungpaya Dynasty of Myanmar.svg မြန်မာ
တပ်မှူးများ
Lieutenant-General Sir Henry Godwin မဟာဗန္ဓုလ၏ သားတော်

ဒုတိယအင်္ဂလိပ်မြန်မာစစ် သည် ၁၈၅၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃ ခုနှစ် ပုဂံမင်းလက်ထက်တွင် ပြီးဆုံးသည်။

စစ်ဖြစ်ရသည့်အကြောင်းရင်း[ပြင်​ဆင်​ရန်​]

အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။