အင်္ဂလိပ်-မြန်မာ စစ်ပွဲများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးသည် မြန်မာ့သမိုင်း
တစိတ်တဒေသဖြစ်သည်။
WikiProject Burma (Myanmar) peacock.svg
ခေတ်ဦးမြန်မာ့သမိုင်း
ပျူမြို့ပြနိုင်ငံများ ( ဘီစီ ၁၀၀ - အေဒီ ၈၄၀)
မွန်တိုင်းပြည်များ (၉ ရာစု - ၁၁ ရာစု၊ ၁၃ရာစု - ၁၆ ရာစု၊ ၁၈ ရာစု)
ပုဂံခေတ် (၈၄၉-၁၂၈၇ ပထမမြန်မာနိုင်ငံတော်)
အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပဲခူး (၁၂၈၇-၁၃၅၉၊ ၁၇၄၇-၁၇၅၇)
မြောက်ဦး (၁၄၃၄-၁၇၈၄)
တောင်ငူ-ဟံသာဝတီခေတ် (၁၄၈၆-၁၇၅၂ ဒုတိယမြန်မာနိုင်ငံတော်)
ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅ တတိယမြန်မာနိုင်ငံတော်)
အင်္ဂလိပ်မြန်မာစစ်ပွဲများ (၁၈၂၄-၁၈၂၆, ၁၈၅၂, ၁၈၈၅)
British Arakan (1824–1852)
British Tenasserim (1824–1852)
British Lower Burma (1852–1886)
British Upper Burma (1885–1886)
ကိုလိုနီခေတ် (၁၈၂၄–၁၉၄၂, ၁၉၄၅-၁၉၄၈)
တို့ဗမာအစည်းအရုံး (၁၈၈၆ နောက်ပိုင်း)
ဒေါက်တာဘမော်
ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅)
လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂)
ဦးနုနှင့် ဦးသန့်
မဆလခေတ် (၁၉၆၂-၁၉၈၉)
ဗိုလ်ချုပ်ကြီးနေဝင်း
ရှစ်လေးလုံးအရေးအခင်း (၁၉၈၈)
ဒေါ်အောင်ဆန်းစုကြည်
နအဖခေတ် (၁၉၈၉–ယခု)
ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇)
နာဂစ်မုန်တိုင်း (၂၀၀၈)
[ဤဇယားအားပြင်ဆင်ရန်]

မြန်မာစစ်ပွဲများ သို့မဟုတ် အင်္ဂလိပ်-မြန်မာ စစ်ပွဲများ သုံးကြိမ် ဖြစ်ပွားခဲ့ပါသည်-

  • ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၃ မှ ၁၈၂၆)
  • ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၅၂ မှ ၁၈၅၃)
  • တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၈၅ မှ ၁၈၈၆)

မာတိကာ

မြန်မာနှင့် ဗြိတိသျှ စစ်မက်ဖြစ်ပွားခြင်းနှင့် မြန်မာနိုင်ငံ ကျဆုံးခြင်း [ပြင်​ဆင်​ရန်​]

မြန်မာတို့ နယ်မြေချဲ့ထွင်ရာ၌ ၎င်း၏ နယ်စပ်ဒေသများတစ်လျှောက်တွင် အကျိုးဆက်များ ရှိခဲ့သည်။ ထိုနယ်စပ် ဒေသများသည် ဗြိတိသျှပိုင် အိန္ဒိယသို့ ပိုမို နီးကပ်စွာ ရွေ့သွားခဲ့သည့်အတွက် စစ်ပြေးဒုက္ခသည်များ ပြဿနာနှင့်၊ စစ်တပ်မှ စစ်ဆင်ရေးပြုလုပ်မှုများသည် အလွယ်တကူ ခွဲခြား၍မရနိုင်သော နယ်စပ်နယ်မြေများသို့ ပျံ့နှံ့ခဲ့သည့် ပြဿနာ နှစ်မျိုးလုံး ရှိခဲ့သည်။ မြန်မာတို့၏ ဆက်လက်၍ နယ်မြေချဲ့ထွင်ခြင်းနှင့် တိုက်ရိုက်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေနှင့် ၎င်းကို တန်ပြန်ရန် ဗြိတိသျှနှင့် ထိုင်းတို့သည် ၁၈၂၄ ခုနှစ်တွင် ပူးပေါင်းခဲ့သည်။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ [ပြင်​ဆင်​ရန်​]

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) သည် ဗြိတိသျှတို့ အောင်ပွဲဆင်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ စစ်ပြေငြိမ်းရေး ရန္တပိုစာချုပ်(Treaty of Yandabo) ချုပ်ဆိုခြင်းဖြင့် မြန်မာတို့ သည် ယခင် သိမ်းပိုက်အောင်မြင်ထားသော အာသံ၊ မဏိပူရနှင့် ရခိုင်ဒေသများကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ဗြိတိသျှတို့သည် အနာဂါတ်တွင် မြန်မာသို့မဟုတ် ထိုင်းနှင့် ညှိနှိုင်းရေးလုပ်ရန်အတွက် အပေးအယူပစ္စည်းအဖြစ် အသုံးပြုရန် ရည်ရွယ်၍ တနင်္သာရီဒေသကိုလည်း သိမ်းပိုက်ခဲ့သည်။ နှစ်ပေါင်းတစ်ရာ ကျော်သွားသောအခါ၊ အိန္ဒိယနို်င်ငံရှိ ဗြိတိသျှတို့သည် နယ်မြေဒေသများကို အကြီးအကျယ် ချဲ့ထွင်သည့် ကာလတွင် မြန်မာနိုင်ငံ၏ သယံဇာတများနှင့် အဓိက နယ်မြေဒေသကြီးကို တပ်မက်လာသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ [ပြင်​ဆင်​ရန်​]

၁၈၅၂ ခုနှစ်တွင် လော့ဒ် ဒါလ်ဟိုဆီ (Lord Dalhousie) သည် ယခင်က ချုပ်ဆိုခဲ့သော စာချုပ်နှင့် ဆက်နွယ်သည့် အသေးအမွှား အချက်အလက်များကို အကြောင်းပြု၍ ရေတပ်ဗိုလ်ချုပ် လင်းဘတ်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ မြန်မာတို့သည် မဆိုင်းမတွ သဘောတူ ဆောင်ရွက်ပေးရာ ဗြိတိသျှတို့အတွက် စစ်ပွဲဖြစ်ပွားရခြင်း အကြောင်းရင်း ဖြစ်စေသည့် မြို့တော်ဝန်ကို ဖယ်ရှားခြင်းလည်း ပါဝင်လေသည်။ လင်းဘတ်သည် အစွန်းရောက် မေးခွန်းများ ထုတ်နိုင်သော အခြေအနေတွင် ရေတပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သည်။ ဤနည်းအားဖြင့် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး အောက်မြန်မာနိုင်ငံဟု ပြန်လည်အမည်ပေးခေါ်ဆိုသော ပဲခူးဒေသကို ဗြိတိသျှတို့ သိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ စစ်ပွဲကြောင့် မြန်မာနိုင်ငံတွင် နန်းတွင်း ပုန်ကန်မှု ဖြစ်ခဲ့ပြီး ပုဂံမင်း (၁၈၄၆-၁၈၅၂) ၏နေရာတွင် အဖေတူအမေကွဲ ညီအစ်ကိုတော်သူ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) က နန်းတက်ခဲ့သည်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ [ပြင်​ဆင်​ရန်​]

မင်းတုန်းမင်းသည် ဗြိတိသျှတို့၏ ကျူးကျော်မှုကို ခုခံရန်အတွက် မြန်မာနိုင်ငံ အခြေအနေနှင့် စီးပွားရေးကို ခေတ်မီအောင် ကြိုးစားခဲ့သည်။ မြို့တော်သစ် မန္တလေးကို တည်ထောင်ခဲ့ပြီး ဆက်လက်၍ ခိုင်ခံ့အောင်လည်း ပြုလုပ်ခဲ့သည်။ ဤနည်းသည် ဗြိတိသျှတို့၏ စစ်ရေးကျူးကျော်မှုကို ရပ်တန့်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။ သို့သော် မင်းတုန်းမင်းကြီး၏ သားတော် သီပေါမင်း (၁၈၇၈-၁၈၈၅ တွင် ထီးနန်းစိုးစံသည်) သည် အရည်အချင်းမပြည့်ဝသော မင်းဖြစ်ခဲ့ပြီး ပြင်သစ်တို့နှင့် ပူးပေါင်းရန် ရည်ရွယ်ခဲ့ကာ တိုင်းပြည်ကို ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ နယ်စပ်ဒေသများတွင် ပြဿနာများ ဖြစ်ပွားစေခဲ့သဖြင့် ခမည်းတော် လက်ထက်က ချုပ်ဆိုခဲ့သော စာချုပ်ကို ချိုးဖောက်ရာ ရောက်ခဲ့သည်။ ဗြိတိသျှတို့သည် ၁၈၈၅ တွင် ထပ်မံ၍ စစ်ကြေညာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် မြန်မာနိုင်ငံ၏ ကျန်ရှိနေသောဒေသများကို သိမ်းပိုက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ဗြိတိသျှတို့ လက်အောက်သို့ လုံးလုံးလျားလျား ကျရောက်ခဲ့သည်။ [၁]

ရည်ညွှန်းကိုးကား [ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Anglo-Burmese_Wars