မွန်ပြည်နယ်

From Wikipedia

မွန်ပြည်နယ်
Monstateflag.png
မြို့တော် မော်လမြိုင်မြို့
ဧရိယာ ၁၂,၁၅၅ km²
လူဦးရေ ၂,၄၆၆,၀၀၀
လူမျိုးများ မွန်ဗမာကရင်
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်
MyanmarMon.png

Contents

[ပြင်​ဆင်​ရန်​] တည်နေရာ နှင့် အကျယ်အဝန်း

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျှက်ရှိသည်။ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့်လည်း နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။အနောက်ဖက်တွင် မုတ္တမကွေ့ ဖြင့် ထိစပ်နေသည်။ မြောက်လတီကျူဒ် ၁၄ဒီဂရီ ၅၂မိနစ် နှင့် ၁၇ဒီဂရီ ၃၂မိနစ်ကြား၊ အရှေ့လောင်ဂျီကျူဒ် ၉၆ဒီဂရီ ၅၁မိနစ် နှင့် ၉၈ဒီဂရီ ၁၃မိနစ်ကြားတွင် တည်ရှိသည်။ ဧရိယာစုစုပေါင်း ၄၇၄၇.၈ စတုရန်းမိုင်ကျယ်ဝန်းသည်။ [၁]

[ပြင်​ဆင်​ရန်​] မြို့တော်

မွန်ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။

[ပြင်​ဆင်​ရန်​] စီးပွားရေး

ပင်လယ်ပြင် ငါးဖမ်းခြင်း၊ နေလှန်းဆားလုပ်ငန်း၊ငါးပိငါးခြောက်လုပ်ငန်းများ နှင့် သစ်တောထွက် ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းတို့ဖြင့် စီးပွားဖြစ်ထွန်းပါသည်။

ထို့ပြင် နိုင်ငံပိုင် စစ်တောင်းစက္ကူစက်၊ ဘီးလင်းသကြားစက်၊သံဖြူဇရပ်ရာဘာစက်ရုံ၊သထုံ တာယာစက်ရုံ တို့လည်း ရှိသည်။

[ပြင်​ဆင်​ရန်​] ပညာေရး

  • မော်လမြိုင်တက္ကသိုလ်
  • မော်လမြိုင်နည်းပညာတက္ကသိုလ်

(ဆက်လက် ဖြည့်စွပ်ပေးစေလိုပါသည်။)

[ပြင်​ဆင်​ရန်​] ဆက်သွယ်ရေး

နာမည်ကျော် စစ်တောင်းတံတားမှ ကားလမ်းခရီးဖြင့် လည်းကောင်း၊ သံလွင်တံတား(မော်လမြိုင်)မှ ရထားခရီးဖြင့်လည်းကောင်း မြန်မာနိုင်ငံအနှံအပြားသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။

မော်လမြိုင်တွင် ရုပ်မြင်သံကြားထပ်ဆင့်လွင့် ဌာနခွဲတစ်ခုရှိကာ GSM ဖုံးများကိုလည်း သုံးစွဲနိုင်ပြီဖြစ်သည်။ မွန်ပြည်နယ်တစ်ဝှမ်း တွင် မိုက်ခရိုဝေ့ဖ် စခန်း ၉ခုတိတိရှိသည်။

[ပြင်​ဆင်​ရန်​] တွင်းထွက်များ

ပေါင်မြို့နယ်ရှိ ကာဒိုက်သတ္တုမိုင်း နှင့် မုဒုံရှိ နတ်စိမ်းသတ္တုမိုင်း တို့မှ ခဲမဖြူ ကိုလည်းကောင်း မုပ္ပလင်နှင့် ဇင်းကျိုက်တို့မှ ဂရက်နိုက် ကိုလည်းကောင်း တူးဖေါ်ရရှိသည်။

[ပြင်​ဆင်​ရန်​] ပါဝင်သောမြို့နယ်များ

မွန်ပြည်နယ်

[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

[ပြင်​ဆင်​ရန်​] ကိုးကား

  1. www.modins.net/myanmarinfo/state_division/mon.htm
Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။