ရန်ကုန်မြို့
| ရန်ကုန်မြို့ | |||
|
|||
| နိုင်ငံ | မြန်မာနိုင်ငံ | ||
|---|---|---|---|
| ဒေသ | အောက်မြန်မာပြည် | ||
| တည်ထောင် | ၆ ရာစု | ||
| အစိုးရ | |||
| - အမျိုးအစား | ရန်ကုန်မြို့တော်စည်ပင်သာယာရေး | ||
| - မြို့တော်ဝန် | U Hla Myint | ||
| ဧရိယာ | |||
| - စုစုပေါင်း | ၅၉၈.၇၅ km² (၂၃၁.၂ sq mi) | ||
| လူဦးရေ (၂၀၀၇) | |||
| - စုစုပေါင်း | ၄,၀၈၈,၀၀၀ | ||
| - လူမျိုးများ | ဗမာ၊ မွန်၊ ကရင်၊ တရုတ်၊ ကုလား၊ | ||
| - ကိုးကွယ် ယုံကြည်မှု |
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ | ||
| အချိန်ဇုန် | မြန်မာစံတော်ချိန် MST (UTC+6:30) | ||
| Area code(s) | 1, 80, 99 | ||
| Website | www.yangoncity.com.mm | ||
ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ မတ်လမှ စတင်၍ စစ်အစိုးရသည် နေပြည်တော်ကို မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊ လူဦးရေ လေးသန်းကျော်ရှိသော ရန်ကုန်မြို့သည် နိုင်ငံ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေပါသည်။
ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အအုံ အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] တည်နေရာ
မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ လတ္တီတွဒ် မြောက် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်ထောင်ချောင်း၊ ပဲခူးချောင်းတို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ် ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာဌာနလည်း ဖြစ်လေသည်။
[ပြင်ဆင်ရန်] သမိုင်း
[ပြင်ဆင်ရန်] မြို့ရွှေဂုန်
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ဝဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားဖူးစခန်းအဖြစ်သာ တည်ရှိခဲ့ရာမှ အစိုးရရုံးစိုက် မြို့တော်ကြီးအဖြစ်သို့ ရောက်ရှိလာကာ ကမ္ဘာ့အရှေ့ဖျားတွင် ထင်ရှားသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်။[၁]
ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်-ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံ-က မွန် ဝေါဟာရ ဒဂုင်၊ လွုင်-တို့က ဆင်းသက်ပြီး ဒဂုံ-ဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။ မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျပ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့-လို့ အဓိပ္ပါယ်ရသော တိကုမ္ဘနဂရ-ဆိုသည့် ပါဠိဝေါဟာရ-က ဆင်းသက်ကြောင်း၊ တိကုမ္ဘ-က တိကုမ်၊ တကုမ်၊ ဒဂုံ-လို့ ပြောင်းလဲလာကြောင်း ဆိုကြပါသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရပါသည်။ [၂]

[ပြင်ဆင်ရန်] ၁၈၂၄ ခုနှစ် ရန်ကုန်
ရန်ကုန်မြို့ကို အေဒီ ၆ ရာစုနှစ်က အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ဒဂုံမြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့ပါသည်။ ၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင်အလောင်းဘုရားသည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်ပြန်လည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့ပါသည်။ ဗြိတိသျှတို့သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၂၆) တွင် ရန်ကုန်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် အုပ်ချုပ်ရေးအာဏာကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့ပါသည်။ ၁၈၄၁ ခုနှစ်တွင် မြို့တော်သည် မီးသင့်ပြီး ပျက်စီးခဲ့ပါသည်။
ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါသည်။ စစ်တပ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့ပါ သည်။
၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့ပါသည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွါးလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန် (ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့ပါသည်။ ဗြိတိသျှတို့သည် ရန်ကုန် အထွေထွေရောဂါကုဆေးရုံနှင့် ရန်ကုန်တက္ကသိုလ် အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့ပါသည်။ ကိုလိုနီခေတ် ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြပါသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်း ခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် ဗမာ(ဗမာလူမျိုး)၊ ကရင်၊ တရုတ်၊ အင်္ဂလို-ဗမာနှင့် အခြားလူမျိုးများ ဖြစ်ကြပါသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အခြာနေရာ ဖြစ်လာခဲ့ပါသည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ - ၄၅) တွင် ဂျပန်လက်အောက် ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့ပါသည်။
၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် ဗမာအမည်များသို့ ပြောင်းလဲလာခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် လက်ရှိ အာဏာသိမ်း စစ်အစိုးရသည် မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း ဗမာအမည်များသို့ ပြောင်းလဲခဲ့ပါသည်။ (စစ်အာဏာရှင် အစိုးရအနေဖြင့် ဤသို့ပြုလုပ်ရန်မသင့်ဟူ၍ ယူဆသူ မြန်မာအများစုက ယင်းသို့ပြောင်းလဲမှုများကို လက်မခံနိုင်ခဲ့ကြသကဲ့သို့၊ များစွာသော ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းများ၊ ဘီဘီစီ အပါအဝင် သတင်းထုတ်ပြန်သူများနှင့် ယူကေ (ဗြိတိန်) နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံခြား တိုင်းပြည်များကလည်း လက်မခံခဲ့ကြပါ။)
လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့ပါသည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြပါသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။
ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ - ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များတွင် လက်ရှိစစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့ပါသည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့ပါသည်။ များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ပျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော် အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့ပါသည်။အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့ပါသည်။သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓါတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့ပါသည်။
ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ ဗမာများ ပိုမိုရှိလာခဲ့ ပါသည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလို-ဗမာများ ထွက်ခွါသွားခဲ့ကြပါသည်။၁၉၆၀ခုနှစ်များအတွင်းဗိုလ်ချုပ်နေဝင်း၏နိုင်ငံခြားသားများကိုကြောက်ရွံ့သောအစိုးရမှဖိအားပေး၍ပိုမိုများပြားသောတောင်အာရှသားများကိုထွက်ခွါ သွားစေခဲ့ပါသည်။သို့သော်လည်း အတော်အတန်ကြီးမားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေပါသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော ဗမာအုပ်စုတို့ဖြင့် မျိုးမတူသူများ လက်ထပ်မှုပြုခြင်းတို့ကြောင့် အင်္ဂလို-ဗမာများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြပါသည်။
ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟို အချက်အခြာဖြစ်ခဲ့ပါသည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများက မြင်တွေ့ခဲ့ရပါသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ် သည် ရန်ကုန်မြို့ သို့ ကျရောက်ခဲ့ပါသည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ)အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တစ်ပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် အကြီးမားဆုံးမြို့တော်နှင့် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေးဗဟိုအချက်အခြာဖြစ် ဆက်လက်တည်ရှိနေပါသည်။
[ပြင်ဆင်ရန်] မြို့တော်မြင်ကွင်း
၁၉၉၀ ခုနှစ် အလယ်နှစ်များတိုင်အောင် ရန်ကုန်သည် ပဲခူး၊ ရန်ကုန်နှင့် လှိုင်မြစ်တို့အကြား ရှေးရိုးကျွန်းဆွယ် နှင့်တူသော အသွင်သဏ္ဍာန်ဖြင့် ပင်ကိုယ်အတိုင်း တည်ရှိနေခဲ့ပါသည်။ လူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာ ကြသော်လည်း မြို့တော်မှ အပြင်ဘက်သို့ အနည်းငယ်မျှသာ ပြောင်းရွှေ့မှုရှိပါသည်။ ၁၉၄၄ ခုနှစ်၏ မြေပုံအနေအထားအရ အင်းယားကန်၏ မြောက်ဘက်တွင် အနည်းငယ်မျှသော ဖွံ့ဖြိုးတိုးးတက်မှုသာရှိခဲ့ပြီး၊ ယခုဘိလပ်မြေဖြင့် ဖုံးလွှမ်းထားသော ဧရိယာများ၊ ပြည့်သိပ်နေသော နေအိမ်များသည် ယခင်က ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့် ရှိနေခဲ့ပါသည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြို့တော်သည် မြောက်ဘက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိနေသည့် နေရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာပါသည်။ သို့ရာတွင် ထွက်ပေါ်လာသည့် အဖြေမှာ မြို့တော်ကို နောက်ပိုင်းသို့ ဖြန့်ချခြင်းဖြစ်၍၊ မြို့လယ်ခေါင် ဧရိယာကို ပထဝီဝင်အရ ဗဟိုနေရာမှ ရွှေ့ပြောင်းယူခြင်း ဖြစ်ပါသည်။ မြို့တော်၏ ဧရိယာအကျယ်အဝန်းသည် ၁၉၀၁ ခုနှစ်တွင် ရ၂.၅၂ စတုရန်းကီလိုမီတာမှ ၁၉၄၀ ခုနှစ်တွင် ၈၆.၂ စတုရန်းကီလိုမီတာ၊ ၁၉၇၄ ခုနှစ်တွင် ၂၀၈.၅၁ စတုရန်းကီလိုမီတာ ၁၉၈၅ ခုနှစ်တွင် ၃၄၆.၁၃ စတုရန်းကီလိုမီတာနှင့် ၂၀၀၈ ခုနှစ်တွင် ၅၉၈.၇၅ စတုရန်းကီလိုမီတာသို့ တစ်ဖြည်းဖြည်း တိုးမြှင့်လာပါသည်။
နှစ်အလိုက်ပြောင်းလဲလာသည့် ရန်ကုန်မြို့ပြဧရိယာ အနေအထား ခုနှစ် ခေတ် ဧရိယာ(စတုရန်းမိုင်) ၁၇၅၅ ရန်ကုန်မြို့စတင်တည်ထောင်စဉ်(အလောင်းမင်းတရားလက်ထက်) နှစ်မိုင်ခန့်(စတုရန်းမိုင်၏ ရှစ်ပုံတစ်ပုံ) ၁၈၅၃ အင်္ဂလိပ်လက်အောက်ကျရောက်စဉ် ၀ ဒသမ ၈ ၁၉၅၃ ဖဆပလအစိုးရ ၄၇ ဒသမ ၅၇ ၁၉၇၃ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၈၀ ဒသမ ၅၅ ၂၀၀၇ - ၃၅၂ လက်ရှိ - ၃၅၀ ကျော်
[ပြင်ဆင်ရန်] ရန်ကုန်မြို့ပြလူဦးရေ
| ခုနှစ် | ခေတ် | လူဦးရေ |
|---|---|---|
| ၁၇၅၅ | ရန်ကုန်မြို့ကိုစတင်တည်ထောင်စဉ်(အလောင်းမင်းတရားလက်ထက်) | တစ်သောင်း |
| ၁၈၅၃ | အင်္ဂလိပ်လက်အောက်ကျရောက်စဉ် | လေးသောင်း |
| ၁၉၅၃ | ဖဆပလအစိုးရ | ၈၂၅၀၀၀ |
| ၁၉၇၃ | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | ၂၀၁၅၂၃၀ |
| ၂၀၀၈ | State Peace and Development Council | ၆ ဒသမ ၆သန်း |
| လက်ရှိ | President U Thein Sein's government | ၇သန်းနီးပါး |
[ပြင်ဆင်ရန်] ပါဝင်သောမြို့နယ်များ
- ကမာရွတ်မြို့နယ်
- ကော့မှူးမြို့နယ်
- ကျောက်တံတားမြို့နယ်
- ကြည့်မြင်တိုင်းမြို့နယ်
- ကွမ်းခြံကုန်းမြို့နယ်
- စမ်းချောင်းမြို့နယ်
- ဆိပ်ကြီးခနောင်တိုမြို့နယ်
- တောင်ဥက္ကလာပမြို့နယ်
- ဒဂုံမြို့နယ်
- ဒဂုံမြို့သစ်
- ဒလမြို့နယ်
- ဒေါပုံမြို့နယ်
- ပုဇွန်တောင်မြို့နယ်
- ပန်းဘဲတန်းမြို့နယ်
- ဗိုလ်တထောင်မြို့နယ်
- ဗဟန်းမြို့နယ်
- မရမ်းကုန်းမြို့နယ်
- မင်္ဂလာတောင်ညွန့်မြို့နယ်
- Tarmwe မြို့နယ်
- မှော်ဘီမြို့နယ်
- မြောက်ဥက္ကလာပမြို့နယ်
- ရန်ကင်းမြို့နယ်
- ရွှေပြည်သာမြို့နယ်
- လှော်ကားမြို့နယ်
- လှိုင်မြို့နယ်
- လသာမြို့နယ်
- လမ်းမတော်မြို့နယ်
- သင်္ဃန်းကျွန်းမြို့နယ်
- သကေတမြို့နယ်
- သန်လျင်မြို့နယ်
- အလုံမြို့နယ်
- အင်းစိန်မြို့နယ်
[ပြင်ဆင်ရန်] ဓာတ်ပုံများ
-
ဒုတိယကမ္ဘာစစ်မှဓါတ်ပုံ
-
စိန့်မေရီဝတ်ပြုကျောင်းကြီး (St. Mary's Cathedral)
[ပြင်ဆင်ရန်] အခြားကြည့်ရန်
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
- ↑ မောင်ခင်မင် (ဓနုဖြူ)
- ↑ www.news-eleven.com
- ↑ http://en.wikipedia.org/wiki/Yangon
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
|
|||||||||||||||||||
