ကယားပြည်နယ်‌

From Wikipedia

ကယားပြည်နယ်
Kayahstateflag.png
မြို့တော် လွိုင်ကော်မြို့
ဧရိယာ ၁၁,၆၇၀ km² km²
လူဦးရေ ၂၅၉,၀၀၀
လူမျိုးများ ကယားကရင်ပဒေါင်းဗမာရှမ်းပအိုဝ့်
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်၊ animism
MyanmarKayah.png

Contents

[ပြင်​ဆင်​ရန်​] တည်နေရာနှင့် အကျယ်အဝန်း

ကယားပြည်နယ်‌သည် ၄၅၃၀ စတုရန်းမိုင်ကျယ်ဝန်းပြီး ပြည်နယ် ၇ ခုတွင် ဧရီယာအားဖြင့် အငယ်ဆုံးလည်းဖြစ်သည်။ မြောက်လတ္တီကျု ၁၈ ံ ၃၀' နှင့် ၁၉ ံ ၅၅' ကြား ၊ အရှေ့လောင်ဂျီကျု ၉၄ ံ ၄၀' နှင့် ၉၇ ံ ၉၃' ကြားတွင် တည်ရှိသည်။ လူနေကျဲပါးသော တောင်ပေါ်ဒေသဖြစ်သည်။ ရှမ်းပြည်နယ်ကရင်ပြည်နယ်ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျှက်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိက လျှစ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ တည်ရှိသည်။

[ပြင်​ဆင်​ရန်​] ရာသီဥတု

ကုန်းမြှင့်ဒေသများတွင် ခြောက်သွေ့သော ရာသီဥတုနှင့် မြေပြန့်ဒေသများတွင် မုတ်သုံရာသီ တို့ကို ရရှိသည်။ဆောင်းရာသီ၏ ပျှမ်းမျှအပူချိန်မှာ ကုန်းမြှင့်ဒေသများတွင် ၄၀ဒီဂရီဖာရင်ဟိုက် ၊ မြေပြန့်ဒေသများတွင် ၆၂.၆ဒီဂရီဖာရင်ဟိုက် ရှိပြီး အပူဆုံးဖြစ်သည့် မေလတွင် ပျှမ်းမျှအပူချိန်မှာ ၇၇.၄ဒီဂရီဖာရင်ဟိုက်ရှိသည်။ ပျှမ်းမျှမိုးရေချိန်မှာ ၃၈.၄၃လက်မဖြစ်သည်။ [၁]

[ပြင်​ဆင်​ရန်​] မြို့တော်

ကယားပြည်နယ်၏ မြို့တော်မှာ လွိုင်ကော်မြို့ ဖြစ်သည်။

ကယားပြည်နယ်‌

[ပြင်​ဆင်​ရန်​] တွင်းထွက်များ

စီးပွားဖြစ်ထုတ်လုပ်နိုင်သော စကျင်ကျောက်များ ထွက်ရှိသည်။

[ပြင်​ဆင်​ရန်​] လူမျိုး

ကယား၊ ယင်းဘော်၊ ယင်းတလဲ၊ မနုမနော၊ ပရဲ၊ ဂေခို၊ ဂေဘား နှင့် ပဒေါင်း(ခေါ်)ကယမ်း လူမျိုးများ နေထိုင်သည်။ ကယားပြည်နယ်တွင် ကယားလူမျိုးများ သာမက ရှမ်း၊ ပကူးကရင်၊ ပအို့ဝ်နှင့် မြန်မာများပါ နေထိုင်ကြသည်။

[ပြင်​ဆင်​ရန်​] အုပ်ချုပ်ရေး

အိမ်ထောင်စုတွင် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားပြီး ဖခင်ကို ရိုသေ၍ သြဇာခံယူသည့် နည်းတူ ရပ်ရွာတွင်လည်း သက်ရွယ်ကြီးသူ ကျေးရွာလူကြီးတို့၏ သြဇာကို နာခံတတ်သည်။ ရပ်ရွာတွင်လည်း လူထုမှ လေးစားသော ကျေးရွာသက်ကြီးရွယ်အိုများက စီမံခန့်ခွဲ အုပ်ချုပ်မှုကို လိုက်နာသည်။ ယခုအခါတွင် ပြည်နယ်ဦးစီးအဖွဲ့နှင့် ကျေးရွာမြို့နယ် အဆင့်ဆင့် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မီတီများ ထားရှိသည်။ ဓလေ့ထုံးတမ်းများအရ လိုက်နာကြသည်။


[ပြင်​ဆင်​ရန်​] ခရိုင်ရုံးစိုက်ရာမြို့များ

[ပြင်​ဆင်​ရန်​] ပါဝင်သောမြို့နယ်များ

[ပြင်​ဆင်​ရန်​] အခြား မြို့ရွာများ

  • ဒေါညေးခူ
  • ဒီမောဆိုး
  • ဟိုဂျစ်
  • ဟိုယာ
  • ဖားဆောင်း
  • ဖရူးဆိုး
  • ကန်နား
  • ကေကော
  • ကြယ်ဖိုးကြီး
  • လောပိတ
  • မော်ချီး
  • မယ်ဆဲ့
  • မယ်ဆည်နန်
  • နန်မား
  • နန်းမယ်ခုံ
  • ငွေတောင်
  • ရှားတော
  • ရွာသစ်


[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

[၂]

[ပြင်​ဆင်​ရန်​] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

[ပြင်​ဆင်​ရန်​] ကိုးကွယ်မှု

ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာ(ဘုရင်ဂျီ)ဝင်များ ရှိကြသည်။ ဗုဒ္ဓဘာသာဝင်တို့အိမ်များတွင် ဘုရားဆင်းတုရုပ်ပွားတော်များ ထားရှိ ကိုးကွယ်သည်။ နတ်စင်ကို ရွာအပြင်တွင် ထားလေ့ရှိပြီး နတ်ရုပ်မရှိဘဲ နတ်စင်သာရှိ်ကြသည်။ ခရစ်ယာန်ဘုရားကျောင်းများလည်း ရှိသည်။ မိမိကိုးကွယ်သော ဘာသာကို အထူးလေးစားကြသည်။ မည်သည့်ဘာသာဝင်ဖြစ်စေ စုန်းနတ် ကဝေ မှော်ပညာ စသည်တို့ကို ယုံကြည်ကြသည်။

[ပြင်​ဆင်​ရန်​] ဘာသာစကား၊စာပေ

လူမျိုးနွယ်အလိုက် မိမိပိုင်ဘာသာစကားများ ရှိသော်လည်း အနည်းငယ်မျှသာ ကွဲလွဲသည်။ ရှမ်းဘာသာ စကားကိုမူ အများအားဖြင့် နားလည်လေကြသည်။ ကိုယ်ပိုင်စာပေ မရှိပေ။ အချို့လူမျိုးနွယ်တို့တွင် ရောမအက္ခရာဖြင့် တီထွင်ထားသော စာပေရှိသော်လည်း အသုံးနည်းသည်။ မြန်မာအက္ခရာဖြင့် ကယားစာပေတီထွင်ပြီး ပြန့်ပွားရန် ဆောင်ရွက်လျှက် ရှိသည်။

[ပြင်​ဆင်​ရန်​] ဝတ်စားဆင်ယင်မှု

ကယားအမျိုးသားတို့က ဖျင်ကြမ်းဘောင်းဘီတို/ရှည် ခပ်ပွပွ အပေါ်အင်္ကျီခပ်ကြမ်းကြမ်းဝတ်သည်။ အမျိုးသမီးတို့က ခေါင်းပေါင်းအနီ/အနက် ပေါင်း၏။ ကိုယ်တွင် ရင်စည်းဖုံး သင်တိုင်းဝတ်ဆင်ပြီး အပေါ်မှ ခြုံထည်ရှည်နှင့် ခါးစည်းကြိုးအနီ ချည်နှောင်ပြီး ရှေ့သို့ချထားလေ့ရှိသည်။

ဂေခို၊ ဂေဘား အမျိုးသားတို့က ဖျင်စဘောင်းဘီတိုနှင့် အင်္ကျီဖြူ ရင်ခွဲ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ ဂျပ်ခုတ်ထမီ နှင့် အင်္ကျီများကို ဝတ်ဆင်သည်။

ပဒေါင်(ခေါ်)ကယမ်း အမျိုးသားတို့မှာ ဘောင်းဘီပွနှင့် အပေါ်အင်္ကျီ ဝတ်ဆင်ပြီး အမျိုးသမီးများက အတွင်းခံအင်္ကျီ လက်စက ရင်ညွန့်အထိ ဟိုက်ခွဲထားပြီး ပေါင်လည်ထိ ရှည်သော သင်တိုင်း ဖြစ်သည်။ အပေါ်မှ တိုက်ပုံအင်္ကျီအနက်ကို ထပ်ဝတ်ဆင်သည်။

ပရဲအမျိုးသားများက အင်္ကျီ လက်တို အဖြူခံပေါ်တွင် အနီစင်း စိပ်စိပ်နှင့် ဘောင်းဘီတို အနီခံအစင်း ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ အင်္ကျီ အဖြူခံအနီစင်း လက်စက အမြိတ်နှင့်ဝတ်၍ ထမီကို အနက်ခံ အနီကန့်လန့်စင်း ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။

ယင်းဘော် အမျိုးသားများက ဘောင်းဘီတို နှင့် အင်္ကျီလက်စက ဝတ်၍ အမျိုးသမီးတို့က ထမီအနက်တို့ကို ဒူးဆစ်အထိ ဝတ်ဆင်ပြီး အင်္ကျီမှာ လက်စကလည်ဟိုက် ဖြစ်၏။ အတွင်းတွင် သင်တိုင်းတစကို လည်ပင်းနှင့် ပခုံးသိုင်း၍ ခါးပတ်ကြိုးတစ်ခုနှင့် ရစ်ပတ်ထားသည်။ အပေါ်မှ ခြုံသင်တိုင်း လွှမ်းသည်။

ယင်းတလဲ အမျိုးသားများမှာ ဘောင်းဘီအဖြူ အနီစကွပ်သော အင်္ကျီအဖြူဝတ်၍ အမျိုးသမီးက အဖြူရောင်အင်္ကျီ၊ အနီရောင်ကွက်ကျား ထမီဝတ်ဆင်သည်။(မှတ်ချက်။ ။အမျိုးသားများမှာ အများဖြင့် ခေါင်းပေါင်း ပေါင်းထားလေ့ရှိပြီး အမျိုးသမီးများကလည်း ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်တွင် ဝတ်ဆင်လေ့ရှိကြသည်။ အပျိုအအိုခွဲသော ဝတ်ဆင်မှု ဒေသအလိုက် ကွဲပြားမှုရှိသည်။)

ဇယိမ်ခေါ် ခေါင်းတို အမျိုးသားမှာ ရင်ခွဲအပေါ်အင်္ကျီနှင့် ဘောင်းဘီတို ကျပ်ကို ဝတ်ဆင်၍ အမျိုးသမီးများက ခေါင်းစွပ်ကို ကိုယ်ပွအင်္ကျီ ဂျပ်ခုတ်ထမီ ဝတ်ပြီး ကျားမအားလုံး တိရစ္ဆာန်အစွယ်များ၊ သစ်သားပုတီးများကို လည်ဆွဲ၊ နားဝတ်များ အဖြစ် ဝတ်ဆင်လေ့ ရှိသည်။

[ပြင်​ဆင်​ရန်​] ရိုးရာယဉ်ကျေးမှု

စုပေါင်းဆောင်ရွက်တတ်သော အလေ့အထရှိသည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရပ်ရွာစည်ပင်ရေး တို့ကို ပူးပေါင်းဝိုင်းဝန်း လုပ်ဆောင်တတ်သည့် အလေ့ရှိသည်။ လူမှုရေးနှင့် ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများရှိ၍ ရပ်ရွာမှ ဝိုင်းဝန်း လုပ်ဆောင်ကြသည်။ ရပ်ရွာစည်ပင်ရေးအတွက် နတ်ဆိုးများ တောထုတ်သည့် အလေ့ရှိသည်။ ဘာသာရေးနှင့်ပတ်သက်သော ပွဲများအဖြစ် တံခွန်တိုင်ပွဲတော်၊ ကောက်ညှင်းထုပ်ပွဲတော်၊ လိပ်ပြာခေါ်ပွဲများကို ကျင်းပ၍ ရွာသူရွာသားများက စုပေါင်းလုပ်ဆောင်လေ့ရှိသည်။ ပရောဂဆရာ နတ်ထိန်းများ၊ ဗိန္ဓောဆရာများမှာ သြဇာရှိသူများ ဖြစ်ကြသည်။

[ပြင်​ဆင်​ရန်​] ဒေသထွက်ကုန်များ

[ပြင်​ဆင်​ရန်​] တွင်းထွက်များ

[ပြင်​ဆင်​ရန်​] ကိုးကား

  1. http://www.modins.net/myanmarInfo/state_division/kayah.htm
  2. D.P.S. MYANMAR GUIDE MAP. 2000.

မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၃၆၊ ၂၂ ဧ​ပြီ​ ၂၀၀၉ (UTC)