အာမေးနီးယားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာမေးနီးယား သမ္မတနိုင်ငံ
Republic of Armenia
Հայաստանի Հանրապետություն
Hayastani Hanrapetut’yun
Flag of Armenia.svg Coat of arms of Armenia.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - "ငါတို့ အဖမြေ"
ပထဝီ
Armenia (orthographic projection).svg
မြို့တော် ယေရေဗန်မြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၁၁,၄၈၄ စတုရန်းမိုင် ( ၂၉,၇၄၃ km²) (အဆင့်: ၁၄၁)
  • ရေဖုံးလွှမ်းမှု - ၄.၇၁[၁]%
စံတော်ချိန်ဇုန် UTC +၄ (နွေရာသီ) +၅
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတနိုင်ငံ[၄]
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Serzh Sargsyan
  • ဝန်ကြီးချုပ် - Tigran Sargsyan
ထူထောင်မှု
  • လွတ်လပ်ရေး ကြေငြာခြင်း
    (ဆိုဗီယက်မှ) - ဩဂုတ် ၂၃၊ ၁၉၉၀
စီးပွားရေး
GDP(PPP) ၁၆.၈၅၈ ဘီလီယံ ဒေါ်လာ [၅] (အဆင့် - )
GDP(PPP) US $၅,၁၁၀ [၅] (အဆင့် - )
HDI ၀.၆၉၅ (အလယ်) [၆] (အဆင့် - ၇၆)
ငွေ ဒရမ်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .am
Calling code +၃၇၄


အာမေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ အာမေးနီးယားသမ္မတနိုင်ငံဖြစ်သည်။ ကော့ကေးဆပ် (Caucasus)နှင့် ယူရေးရှား (Eurasia) ဒေသမှ တောင်ထူထပ်သော ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။ အနောက်တောင်အာရှ နှင့် အရှေ့ဥရောပ တို့ကြားတွင်တည်ရှိသည်။ [၇] အနောက်ဘက်တွင် တူရကီနိုင်ငံ၊ မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အရှေ့ဘက်တွင် နာဂိုမို-ကရာဘက်သမ္မတနိုင်ငံ (Nagorno-Karabakh Republic) နှင့် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ တောင်ဘက်တွင် အီရန်နှင့် အဇာဘိုင်ဂျန်၏ နာ့ခ်ချီဗန်ပြည်နယ်(Nakhchivan) တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ယခင်‌ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်ဖြစ်ခဲ့သော အာမေးနီးယားသည် ရှေးကျသောဒီမိုကရေစီနိုင်ငံဖြစ်ခဲ့သည်။ ယဉ်ကျေးမှုမြင့်မားသည်။ [၈] အာမေးနီးယားနိုင်ငံသည် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပထမဆုံးပြဌာန်း ကိုးကွယ်သော တိုင်းပြည်ဖြစ်သည်။ ခရစ်နှစ် ၃၀၁ခုနှစ်မှစ၍ ကိုးကွယ်လာခဲ့သည်။ [၉] ခေတ်သစ်အာမေးနီးယားနိုင်ငံသည် အာမေးနီးယန်းအပေါ်စတော်လစ်ဂိုဏ်း ကို အသိအမှတ်ပြုကိုးကွယ်သည်။ [၁၀]

အာမေးနီးယားသည် ကမ္ဘာ့ကုလသမဂ္ဂဥရောပကောင်စီအာရှဖွံ့ဖြိုးရေးဘဏ်လွတ်လပ်သောနိုင်ငံများဓနသဟာယအဖွဲ့ (Commonwealth of Independent States)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကမ္ဘာ့အကောက်ခွန်အဖွဲ့ပင်လယ်နက်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of the Black Sea Economic Cooperation) စသော နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၄၀)ကျော်၏ အဖွဲ့ဝင်ဖြစ်သည်။ ယင်းသည် Collective Security Treaty Organisation|CSTO) ၏ အဖွဲ့ဝင်ဖြစ်သည်။ စစ်ရေးမဟာမိတ်လည်းဖြစ်သည်။ နေတိုး၏ Partnership for Peace(PfP) ဖြစ်သည်။ ၂၀၀၄ခုနှစ်တွင် နေတိုးဦးဆောင်သော ကိုဆိုဗိုငြိမ်းချမ်းရေးထိန်းသိမ်းရေးစစ်တပ်တွင် ပါဝင်ခဲ့သည်။ ယူရေးရှန်းစီးပွားရေးအဖွဲ့ (Eurasian Economic Community) နှင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement) တို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။

အာမီးနီးယန်းနိုင်ငံ[ပြင်​ဆင်​ရန်​]

ရှေးခေတ် အာမီးနီးယန်းနိုင်ငံ၏ အရေးပါသော အစိတ်အပိုင်း အများဆုံးပါဝင်သည့် အာမီးနီးယန်းနိုင်ငံသည် ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံအတွင်း ပါဝင်သော သမ္မတနိုင်ငံငယ် တစ်ခုဖြစ်သည်။ အာမီးနီးယန်း ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံဟု ခေါ်သည်။

ကော့ကဆပ်တောင်တန်းဒေသ၏ တောင်ပိုင်းတွင် တည်ရှိ၍ အရှေ့ဘက်၌ အဇာဗိုင်ဂျန် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အနောက်ဘက်၌ တူရကီ နိုင်ငံ၊ မြောက်ဘက်၌ ဂျော်ဂျီယန် ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံ(နောင်အခါ အဇာဗိုင်ဂျန်၏ တစ်စိတ်တစ်ဒေသ ဖြစ်သွားသည်)နှင့် အီရန် (ပါးရှား)နိုင်ငံတို့ဖြင့် ဝန်းရံလျက် ရှိသည်။ နိုင်ငံ၏ အကျယ်အဝန်း သည် စတုရန်းမိုင် ၁၁၄၉ဝ ရှိ၍ ၁၉၇ဝ ပြည့်နှစ် လူဦးရေသည် ၂၄၉၃ဝဝဝ ဖြစ်သည်။ ပြည်နယ်၏ မြို့တော်သည် အီရီဗန်း(လူဦးရေ ၇၆၇ဝဝဝ) ဖြစ်၍ ဇန်ဂါမြစ်ပေါ်၌ တည်ရှိသည်။

အခြား အရေးပါသော မြို့ကြီးများမျာ လူဦးရေ ၁၆၄ဝဝဝ ယောက်ရှိသော လီနင်နကန် (ယခင်က အယ်လက်ဇန္ဒရိုပို မြို့)နှင့် ကီရိုဗကန် (ယခင်က ကာရာကလစ်မြို့)တို့ ဖြစ်ကြသည်။ အာမီးနီးယန်း ဆိုဗီယက်နိုင်ငံအတွင်း၌ အီရန်ကုန်းပြင်မြင့် မြောက်ဘက်စွန်း တစ်စိတ်တစ်ဒေသအပြင် အားရတ်မြစ်နှင့် ယင်း၏လက်တက် ဇန်ဂါမြစ်တို့၏ အလယ်ပိုင်းမြစ်ဝှမ်းဒေသ တို့ ပါဝင်သည်။ တောင် ထူထပ်၍ ပေ ၁ဝဝဝဝ ကျော်မြင့်သော တောင်ထွတ်များစွာရှိသည့်အနက် အမြင့်ဆုံးဖြစ်သော အာလာဂူး (အာရာဂတ်)တောင်ထွတ်သည် ၁၃၄၃၅ ပေ ကျော်မြင့်သည်။ ဗိုရိုတန်မြစ် စီးဆင်းရာ အရှေ့တောင်ပိုင်းဒေသ သည် မြေမျက်နှာပင် မညီမညာလှပေ။ အားရတ်မြစ် စီးဆင်းရာ အနောက်တောင်ပိုင်းဒေသသည် အတန်ငယ် ညီညာပြေပြစ် သော မြေမျက်နှာပြင်ရှိသည်။ အားရတ်မြစ်သည် တူရကီနှင့်အားမီးနီးယန်းနိုင်ငံတို့၏ နယ်နိမိတ်ကြောင်းလည်း ဖြစ်ပေ သည်။

နိုင်ငံ၏ အလယ်ဗဟို၌ ရှိ၍ ပင်လယ်ရေပြင်မှ ပေ ၆၃၄ဝ အမြင့်၌ရှိသော ဆီဗန်းရေအိုင်ကြီးသည် အလျားမိုင် ၄ဝ၊ အနံ ၁၅ မိုင်ရှိ၍ ကမ္ဘာပေါ်၌ အကြီးဆုံးသော တောင်ပေါ် ရေအိုင် ကြီးတစ်ခုပေတည်း။ မြေမျက်နှာပင်၏ အနိမ့်အမြင့် ထွေပြားမှုကြောင့် ရာသီဥတု သည် နေရာဒေသအလိုက် အမျိုးမျိုး အထွေထွေ ဖြစ်သည်။ ထို့ပြင် ပင်လယ်ရေပြင်နှင့် ဝေးကွာ၍ တောင်ရိုးတောင်တန်းများကလည်း ပတ်လည် ဝန်းရံကာဆီးလုမတတ်ရှိနေသဖြင့် နိုင်ငံတစ်ခုလုံးကို ချုံ၍ ပြောရလျှင် များသောအားဖြင့် ခြောက်သွေ့၍ ဆောင်းရာသီတို့သည် ရှည်လျားပြီးလျှင် နွေရာသီတို့သည် ပူပြင်းလေသည်။ နွေနှင့်ဆောင်း အပူချိန်သည် အလွန်ကွာခြားသည်။

မြစ်ဝှမ်းမြေနိမ့်ပိုင်းတို့၌ နှစ်စဉ်မိုးရေချိန် ရှစ်လက်မမှ ၁၂ လက်မခန့်သာ ရွာသွန်း၍ ကုန်းမြင့်ပိုင်းတို့၌မူ ၁၂ လက်မမှ ၂၄ လက်မအထိ ရွာသွန်းသည်။

အာမီးနီးယန်းနိုင်ငံ၏ နယ်မြေ ဧရိယာထက်ဝက်ကျော်ခန့်သည် သစ်ပင်ကင်းသော အယ်လပိုင်း စားကျက်များဖြစ်၍ ၁၃ ရာခိုင်နှုန်းခန့်တွင်သာ သစ်တောများ ရှိသည်။ မိုးနည်းပါးသဖြင့် လယ်ယာ စိုက်ပျိုးရေးကို ရေသွင်းစနစ်ဖြင့် လုပ်ကိုင် ရသည်။ တောင်ပေါ်မြစ်ချောင်းများမှ ရေသွယ်ယူရ၍ ယင်းတို့မှ လျှပ်စစ်ဓာတ်အားလည်း ထုတ်ယူရရှိသည်။ ဆီဗန်းရေအိုင်ကြီးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံကြီးသည် အချက်အချာ ဖြစ်၍ လယ်ယာများနှင့် မြို့ကြီးများသည် လျှပ်စစ်ဓာတ်အား ဖောဖောသီသီ ရရှိသည်။ အာမီးနီးယန်းနိုင်ငံ၏ စက်မှုလယ်ယာများမှ ထွက်ကုန်များမှာ ဂျု၊ ရိုင်း၊ စပါးနှင့် အခြားကောက် စပါး အမျိုးမျိုးတို့အပြင် သကြား၊ မုန်လာ၊ ဆေးရွက်၊ အာလူး စသည်တို့ ဖြစ်သည်။ ထိုနိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စု တွင် ပိုးမွေးမြူရေး၌ ကြီးကျယ်သော နိုင်ငံတစ်ခုဖြစ်သည့်ပြင် ချည်မျှင်ရှည် ဝါအထွက်ကောင်းသည်။ စပျစ်စိုက်ပျိုးရေးသည် လည်း ထိုနိုင်ငံတွင် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ မြင်း မွေးမြူရေးလုပ်ငန်းကို လည်း လုပ်ကိုင်ကြသည်။

ဆိုဗီယက်ပြည်ထောင်စုအတွင်း ပါဝင်လာစက အလွန်ခေတ်နောက်ကျ၍ မဖွံ့ဖြိုးမတိုးတက်သေးပဲ ရှိခဲ့လင့်ကစား ယခုအခါ တွင် စက်မှုလုပ်ငန်းဘက်၌လည်း တိုးတက်ထွန်းကားလျက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက စက်မှုပစ္စည်းသစ် အမျိုး ပေါင်း ၂၅ဝ ကျော်ကို ထုတ်လုပ်နိုင်ခဲ့သည်။ အာမီးနီးယန်း နိုင်ငံမှ ရော်ဘာတု ပြုလုပ်ခြင်းကို စထွင်ခဲ့၍ အခြားထုတ်လုပ် ခဲ့သော ပစ္စည်းများမှာ စက်ပစ္စည်းများ၊ ဘိလတ်မြေ၊ သားရေ၊ အထည်အလိပ်နှင့် အသားဗူတို့ ဖြစ်သည်၊ အရာရတ်တောင် ထွတ်ရှိရာ ခရိုင်နယ်မှထွက်သည့် ရို့တျူဖာခေါ် ကျောက်သား တစ်မျိုးသည်လှပ၍ ကိုင်တွယ်အသုံးပြုရန် လွယ်ကူပြီးလျှင် ကြာရှည်ခံသဖြင့် အဆောက်အအုံ ဆောက်လုပ်ရာ၌ အသုံးပြု ရန် အလွန်ကောင်းသည်။ အာမီးနီးယန်းနိုင်ငံ၏ အခြား မြေထွက် သယံဇာတ ပစ္စည်းများမှာ ကြေးနီ၊ ခဲ၊ သွပ်၊ ငွေ၊ ရွှေ နှင့် မိုလစ်ဒီနမ်တို့အပြင် ကျောက်မီးသွေးနှင့် အခြား သတ္တုရိုင်းများ ဖြစ်ကြသည်။ ထုံးကျောက်၊ ကျောက်ပွနှင့် စကျင်ကျောက်တို့လည်း ပေါပေါများများ ထွက်လေသည်။

မြစ်ချောင်းများသည် ရေစီးမြန်သဖြင့် ကူးသန်းသွားလာရေး နှင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးမဝင်ချေ။ အာမီးနီး ယန်းနိုင်ငံသည် ကုန်းတွင်းပြည်နယ်ဖြစ်သဖြင့် ပင်လယ် ဆိပ်ကမ်းမြို့များလည်း မရှိပေ။ နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် ကောင်းမွန်သော မီးရထားလမ်းရှိသည်။ ထိုမီးရထားလမ်းသည် ဂျော်ဂျီယာနိုင်ငံ၏ မြိုတော်တစ်ဖလစ (တပလီဆီ)မှ တောင်ဘက်သို့ ဆင်းလာကာ အားမီးနီးယန်း နိုင်ငံတွင်းသို့ ဝင်ရောက်လာပြီးလျှင် လီနင်နကန်မြို့သို့ အရောက်တွင် လမ်းသွယ်နှစ်ခုခွဲထွက်သည်။ ပထမလမ်းခွဲ သည် အနောက်ဘက်သို့သွားရာ တူရကီနိုင်ငံတွင်းရှိ ကားစမြို့သို့ ရောက်သည်။ ကားစမြို့သည် အန်ကာရာမြို့၊ အစ္စတန်ဗူမြို့တို့နှင့် မီးရထားလမ်း အဆက်အသွယ်ရှိသည်။ ဒုတိယလမ်းခွဲသည် ယခု အဇာဗိုင်ဂျန်နိုင်ငံ၏ တစ်စိတ် တစ်ဒေသဖြစ်သော ယခင် နခီရှီဗန်နိုင်ငံကိုဖြတ်၍ အီရန် နိုင်ငံတွင်းသို့ ရောက်သွားရာ တဗရီးမြို့၊ တဟီရန်မြို့၊ ပါးရှင်း ပင်လယ်ကွေ့တို့နှင့် ဆက်သွယ်နိုင်လေသည်။

ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဖြစ်လာပြီးနောက်တွင် ယခင်က စာမတတ်သူ လူဦးရေ အလွန်များခဲ့သော အာမီးနီးယန်းနိုင်ငံတွင် ၁၉၄ဝ ပြည့်နှစ် စစ်တမ်းများအရ အားလုံး လိုလို စာတတ်သူများဖြစ်လာကြ သည်ကို တွေ့ရသည်။ အီရီဗန်းတက္ကသိုလ် အပါအဝင် အထက်တန်းပညာရေး အဖွဲ့ အစည်း ၁ဝ ခုခန့်ရှိသည်။ ထိုပြင် ဆေးစိုက်ပျိုးရေးနှင့် ဗိသုကာအတတ်သင် ကောလိပ်များလည်း သီးသန့်ရှိသေးသည်။ သိပ္ပံနှင့် သုတေ သနဗိမာန်များလည်း အများအပြား ဖွဲ့စည်း ထားလေသည်။

၁၉ ရာစုနှစ် အလယ်ပိုင်းအထိ တူရကီပိုင် အာမီးနီးယန်း ပြည်၌ လူများစုဖြစ်ခဲ့သော အာမီးနီးယန်း အမျိုးသားတို့သည် တူရကီတို့၏ ညဉ်းဆဲသတ်ဖြတ်မှုကြောင့် သေဆုံးသူ အများ အပြား ရှိခဲ့၍ တိုင်းခြားနိုင်ငံများသို့ အမြောက်အမြား တိမ်းရှောင်ခဲ့ကြရသည်။ ထိုကြောင့် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စုဝင် နိုင်ငံအဖြစ် ကြေညာစဉ်က အာမီးနီးယန်း နိုင်ငံ၌ အာမီးနီးယန်းအမျိုးသား ၇၂ဝဝဝဝ ခန့်သာ ရှိသည်။ သို့သော် အနှစ် ၂ဝ ခန့်အတွင်း၌ တိုင်းတစ်ပါးမှ အာမီးနီး ယန်းအမျိုးသားတို့ ပြန်လာကြသဖြင့် လူဦးရေ နှစ်ဆတိုး သွားသည်။ ထိုကြောင့် အာမီးနီးယန်းတို့သည် နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းဖြစ်ခဲ့၍ ကျန်လူဦးရေမှာ အဇာဗိုင်ဂျန်၊ ရုရှ၊ ဂျော်ဂျီယန်း၊ ကတ်နှင့် ဂရိအမျိုးသားများ ဖြစ်ကြသည်။

အာမီးနီးယန်း လူမျိုးတို့သည် အင်ဒိုဥရောပလူမျိုးကြီးများမှ ဆင်းသက်လာ၍ အင်ဒို-ဥရောပ ဘာသာ စကားကို ပြောဆိုကြ ပြီးလျှင် အက္ခရာ ၃၈ လုံးပါဝင်သော ကိုယ်ပိုင်စာပေရှိသည်။ တိုင်းခြား စိုးမိုးသူများ၏ အညဉ်းဆဲကို မရှုမလှ ခံခဲ့ရလင့် ကစား၊ မိမိတို့၏ မျိုးရိုးဇာတိမာန်နှင့် ယဉ်ကျေးမှုတို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သဖြင့် လူမျိုး မပျောက် ခဲ့ပေ။ အာမီးနီးယန်းတို့သည် များသောအားဖြင့် အရည်အသွေး ပြည့်ဝသူများ ဖြစ်ကြ၍ အခွင့်သာသည့်အခါ ယင်းတို့သည် ဘဏ်လုပ်ငန်း၊ ကုန်သည်လုပ်ငန်းတို့၌ ကျွမ်းကျင်သူများအဖြစ် လူစွမ်းလူစ ပြသခဲ့ကြသည်။ ထိုကြောင့်ပင် စိုးမိုးသူ တူရကီ များက မျက်မှောင်ညိုးကာ အလွန် ဖိနှိပ်ခဲ့သည်။ အေးချမ်း တည်ငြိမ်စွာ နေရသော ခေတ်ကောင်းနှင့် ရှည်ကြာစွာ မကြုံခဲ့ ကြရသဖြင့် အာမီးနီးယန်းတို့၏ လက‡ာရသမြောက်သော ကျမ်း ကြီးကျမ်းခိုင်များ မပေါ်ထွက်နိုင်ခဲ့စေကာမူ ယင်းတို့၏ သမိုင်း အစဉ်အဆက်ကိုမူ ၁၈ ရာစုနှစ်တိုင်အောင် မပျက်မကွက် မှတ်တမ်းတင်ခဲ့ကြလေသည်။

သမိုင်းစဉ်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ရှေးအာမီးနီးယန်း နိုင်ငံသည် ဘီစီ ခုနစ်ရာစုခန့်က ပေါ်ထွန်းခဲ့ကြောင်း တွေ့ရ သည်။ အာရှမိုင်းနား၏ အရှေ့မြောက်ပိုင်း၊ ကောကဆပ်တောင် တန်းနှင့် ဗန်းရေအိုင်အကြား၌ တည်ရှိခဲ့သော ထိုနိုင်ငံသည် မူလက ဗန်းနစ်လူမျိုးများ နေထိုင်ရာ ဒေသဖြစ်၍ ဗန်းနိုင်ငံဟု ခေါ်သည်။ ထိုနိုင်ငံကို မကြာခဏ လာရောက်တိုက်ခိုက်သော အဆီးရီးယန်းလူမျိုးတို့ကမူ အူရားတူးဟုခေါ်သည်။ အဆီးရီးယန်းတို့၏ တိုက်ခိုက်မှုကြောင့် ဘီစီခုနစ်ရာစုနှစ် နောက်ပိုင်း တွင် ဗန်းနိုင်ငံ ပျက်သုဉ်းသောအခါ အာမီးနီးယန်းလူမျိုးတို့ သည် ထိုဒေသတွင် ဝင်ရောက်ကြီးစိုးခဲ့ကြသည်။ အာမီးနီးယန်း တို့သည် မြင့်မားသောယဉ်ကျေးမှုအဆင့်အတန်း ရှိခဲ့ကြကြောင်း ကို ထိုစဉ်က ခံတပ်မြို့ရိုးရှိသော မြို့ပြများ၌ နေထိုင်ပုံ၊ လယ် ယာများကို ရေသွင်းစိုက်ပျိုးပုံ၊ ကောင်းစွာပြုပြင်ထားသော လယ်ယာနှင့် စပျစ်ခင်းများကို လုပ်ကိုင်ခဲ့ပုံ အထောက်အထား များအရ သိရပေသည်။

သို့သော် အာမီးနီးယန်းတို့သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို ကြာရှည်စွာ ထိန်းသိမ်းမထားနိုင်ခဲ့ကြချေ။ ရှေးအာမီးနီး ယန်းနိုင်ငံသည် ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံတို့ အကူးအသန်းပြုရာ လမ်းကြောင်းပေါ် ကျရောက်ခဲ့ပေသည်။ ထိုကြောင့် နယ်ချဲ့လိုသော ဥရောပနိုင်ငံကြီးများသည် အာမီးနီးယန်းကို ပိုင်ဆိုင်လိုကြသဖြင့် ထိုနိုင်ငံအား မကြာခဏ တိုက်ခိုက်ကြရာ တိုင်းခြားတို့၏ လက်အောက် အကြိမ်ကြိမ် ရောက်ခဲ့ရ၍ ရှေးအာမီးနီးယန်းနိုင်ငံ၏ နယ်နိမိတ်သည်လည်း အကြိမ်ကြိမ် ပြောင်းခဲ့ရလေသည်။

အာမီးနီးယန်းနိုင်ငံသည် တိုင်းတစ်ပါးတို့၏လက်သို့ အကြိမ်ကြိမ် ကျရောက်ခဲ့သည်ဟုဆိုခဲ့ရာ ရှေးဦးစွာ မီးဒီး လူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ နောင်အခါ ပါးရှင်း(အီရန်)တို့၏ လက်အောက်သို့ လည်းကောင်း ရောက်ခဲ့ ပြန်သည်။ ထိုနောက် တိုင်းခြားတို့၏ လက်အောက်မှ လွတ် မြောက်ပြန်သည့်အခါ ပြည်တွင်းအာဏာလုမှုများကြောင့် နိုင်ငံ နှစ်ပိုင်းဖြစ်သွားပြီးလျှင် အာမီးနီယန်းအကြီးနှင့် အာမီးနီးယန်း အငယ် ဟူ၍ နှစ်ခြမ်းကွဲခဲ့ရပြန်သည်။ ဘီစီ ၉၅ ခုနှစ်မှ ၅၅ ခုနှစ်အထိ အုပ်စိုးခဲ့သော အာမီးနီးယန်းဘုရင် တိုက်ဂရေနီ -သ-ဂရိတ် လက်ထက်တွင် နိုင်ငံကိုပြန်လည် ပူးပေါင်းခဲ့ သည်။ ထိုစဉ်က အာမီးနီးယန်းနိုင်ငံသည် စည်ပင်ဝပြောသော နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။

သို့တစေ အင်အားကြီးနိုင်ငံများဖြစ်သော ရောမနှင့် ပါးရှားနိုင်ငံတို့၏ အကြား၌ ရှိနေသဖြင့် တစ်စတစ်စနှင့် ထိုနိုင်ငံကြီးများ၏ ဗိုလ်လုပွဲ ကျင်းပရာ မြေဇာပင်နိုင်ငံ ဖြစ် လာသည်။ ဘီစီ ၆၆ ခုနှစ်ခန့်တွင် ရောမ၏ လက်အောက်ခံ ဖြစ်သွားပြီးလျှင် ခရစ်ယာန် အယူဝါဒသည်လည်း နိုင်ငံတွင်း၌ စည်ပင်ပြန့်သွားလာသည်။ ခရစ် ၃ဝ၃ ခုနှစ်တွင် ခရစ်ယာန် အယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ် အာမီးနီးယန်းနိုင်ငံက ပြဋ္ဌာန်းခဲ့လေသည်။

ခရစ်သုံးရာစုနှစ်မှ ခုနစ်ရာစုနှစ်အတွင်း၌လည်း အာမီးနီး ယန်းနိုင်ငံသည် ရောမနှင့် ပါးရှားဘက်တော်သား နိုင်ငံများ၏ စစ်တလင်းဖြစ်ခဲ့သည်။ ၁၂၄၂ ခုနှစ်တွင် မွန်ဂိုတို့က တိုက်ခိုက် သိမ်းပိုက်၍ လုယက်ဖျက်ဆီးခဲ့သည်။ ဥရောပအလယ်ခေတ်တွင် ခရစ်ယာန်နိုင်ငံများနှင့် အစ္စလာမ်နိုင်ငံများ၏ ပဋိပက္ခ၌လည်း အာမီး နီးယန်းနိုင်ငံသည် မြေဇာပင် ဖြစ်ခဲ့ရပြန်သည်။ ၁၅ ရာစုနှစ်မှ ၁၉ ရာစုနှစ်အစပိုင်းအထိ အာမီးနီးယား၌ တူရကီ နှင့် ပါးရှားတို့ အင်အားပြိုင်ခဲ့ကြပြန်သည်။ ၁၅၁၄ ခုနှစ်၌ အာမီးနီးယန်းနိုင်ငံကို တူရကီတို့က သိမ်းပိုက်၍ အော့တိုမန် အင်ပိုင်ယာအတွင်း သွတ်သွင်းခဲ့သည်။ သို့သော် ၁၆၃၉ ခုနှစ် တွင် ပါးရှားနိုင်ငံက နိုင်ငံ အရှေ့ပိုင်းကို တိုက်ခိုက်သိမ်းယူ လိုက်ပြန်သည်။ ၁၈ဝ၂ ခုနှစ်တွင် ရုရှနိုင်ငံက ဂျော်ဂျီယာကို သိမ်းယူလိုက်သောအခါ အာမီးနီးယားပြည်နယ်နှင့် ရုရှနိုင်ငံတို့ သည် နယ်နိမိတ်ချင်း ဆက်စပ်သွားသည်။ ထိုအခါ ရုရှနိုင်ငံ ကလည်း အာမီးနီးယားပြည်နယ်၏ ခရိုင်နှစ်ခုကို ၁၈၂၈ ခုနှစ် နှင့် ၁၈၂၉ ခုနှစ်များတွင် သိမ်းယူလိုက် ပြန်သည်။ ထိုအတွင်း ဂရိတ်ဗြိတိန်နိုင်ငံကလည်း အရှေ့ဖျားမှ မိမိ၏ပိုင်နက် နယ်ပယ် များကို စောင့်ထိန်းနိုင်ရေးအတွက် ခရီးလမ်းကြောင်းကျနေသော အာမီးနီးယားအပေါ် 0x100သဇာလွှမ်းမိုးလိုလာပြန်လေသည်။

အာမီးနီးယားပြည်၏ အခြေအနေသည် ရှုပ်ထွေးနေခဲ့၏။ တိုင်းပြည်မှာလည်း စိတ်ပိုင်းခွဲဝေ စိုးမိုးခြင်းကို ခံနေရသည်။ ထိုအခါ အာမီးနီးယားအမျိုးသားတို့သည် နိုးကြားထကြွလာကြ သည်။ ယင်းသည်ကို တူရကီတို့က မလိုလားချေ။ ထိုကြောင့် အာမီးနီးယန်းတို့ကို အလွန် ည|ဉ်းပန်းနှိပ်စက်လေသည်။ ထိုအခါ အခွင့်သင့်သည့်အခါ အာမီးနီးယားတို့အထဲမှ အရည် အချင်းနှင့် ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွက်နိုင်ခဲ့ သည်ကို တူရကီတို့က မရှုဆိတ်ချေ။ ရုရှတို့က ကူညီမည်ကို လည်း အလွန်စိုးရိမ်သည်။ ထိုကြောင့် လူမျိုး ပြုတ်လောက် အောင် သတ်ဖြတ်ည|ဉ်းဆဲမှုများ ပြုသည်။ ပထမကမ္ဘာစစ်ကြီး အတွင်းက အာမီးနီးယားတို့ အများအပြား သေကျေ ပျက်စီး ရသည်။ မဟာမိတ်တို့ဘက်မှ ပါဝင် တိုက်ခိုက်ခဲ့ခြင်းကြောင့် လည်းကောင်း၊ တူရကီတို့၏ ည|ဉ်းဆဲ နှိပ်စက်သတ်ဖြတ်မှု ကြောင့်လည်းကောင်း အာမီးနီးယား တစ်သန်းကျော်မျှ သေကျေ ပျက်စီးခဲ့ရသည်။ ထိုပြင် အာမီးနီးယား အများအပြားသည် တိုင်းခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရလေသည်။

တူရကီတို့ ည|ဉ်းပန်းနှိပ်စက်သည့် အကြားမှပင် အာမီးနီး ယား မျိုးချစ်တစ်စု (ဒက်ရှနက်)တို့သည် ပထမ ကမ္ဘာစစ် အတွင်းက ရုရှကိုကုူညီ၍ တူရကီတို့အား တိုက်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် တူရကီပိုင် အာမီးနီးယား ဒေသကို ရုရှတို့က သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ရုရှတော်လှန်ရေးကြီး (၁၉၁၇ ခုနှစ်) ဖြစ်ပွားသဖြင့် ရုရှ- တူရကီနယ်နိမိတ်သည် ယခင် အတိုင်းပင် ပြန်ဖြစ်သွားပြန်လေသည်။ထိုအတောအတွင်း အာမီးနီးယန်းမျိုးချစ် ဒက်ရှန်တို့က ဦးစီး၍ ရုရှပိုင် အာမီးနီးယားကို ဂျော်ဂျီယာ၊ အဇာဗိုင်ဂျန် တို့နှင့် တွဲပြီးလျှင် ထရန်စကော့ကဆပ် ပြည်ထောင်စု သမ္မတ နိုင်ငံဟူ၍ ထူထောင်လိုက်သည်။ ၁၉၁၈ ခုနှစ်တွင်မူ ထို နိုင်ငံကို ဖျက်သိမ်းလိုက်၍ သီးခြားလွတ်လပ်သော သမ္မတ နိုင်ငံငယ်သုံးခု တည်ထောင် ခဲ့ပြန်သည်။ သို့သော် မကြာမီ တူရကီတို့သည် အာမီးနီးယားသမ္မတနိုင်ငံငယ်ကို တိုက်၍ အရေးပါသော ကားဗန်းနှင့် မောင့်အရာရတ် ခရိုင်များကို သိမ်းပိုက်လိုက်သည်။ ဆိုဗီယက်ရုရှကသာ ကြားမဝင်ခဲ့ပါက ထိုအာမီးနီးယန်းသမ္မတနိုင်ငံငယ်သည် တူရကီတို့၏0x100သဇာခံ ဖြစ်သွားဖွယ်ရာ ရှိလေသည်။ ထိုဒေသအတွင်း၌ အခြေအနေ သည် မတည်မငြိမ် ဖြစ်နေသေးသော်လည်း ဆိုဗီယက် အုပ်ချုပ် ရေးမျိုးကို တည်ထောင်၍ ဒက်ရှနက်တို့က ဝင်ရောက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင်မူ အာမီးနီးယန်းနိုင်ငံကို ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်လေသည်။

အကျယ်အဝန်း စတုရန်းမိုင် ၅၇ဝဝဝ ရှိသော တူရကီပိုင် အာမီးနီးယန်းနယ်သည်မူ ဆိုဗီယက် အာမီးနီးယန်းနိုင်ငံကဲ့သို့ နိုင်ငံရေးရာ အဆင့်အတန်း မရှိချေ။ ထိုဒေသတွင် ရှေးအာမီး နီးယန်းနိုင်ငံ အပိုင်း အခြား၏ အမြင့်ဆုံးပိုင်းဖြစ်သော အရာ ရတ်တောင်ရှိ၍ တိုင်းဂရစ်၊ ယူဖရေးတီးနှင့် အားရတ်မြစ်တို့ သည် ထိုဒေသအတွင်း၌ မြစ်ဖျားခံကြလေသည်။[၁၁]

ဝေါဟာရရင်းမြစ်[ပြင်​ဆင်​ရန်​]

ပထဝီဝင်အနေအထား[ပြင်​ဆင်​ရန်​]

ရာသီဥတု[ပြင်​ဆင်​ရန်​]

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ပြည်နယ်များ[ပြင်​ဆင်​ရန်​]

အစိုးရအဖွဲ့[ပြင်​ဆင်​ရန်​]

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

နိုင်ငံခြားဆက်ဆံရေး[ပြင်​ဆင်​ရန်​]

စစ်တပ်[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

လူဦးရေနှင့်လူမျိုးများ[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. The World Fact Book – Armenia. Central Intelligence Agency. Retrieved on 2010-07-17
  2. Statistical Service of Armenia. World Economic Outlook Database, October 2009. IMF. Retrieved on 2 September 2010
  3. News.am. World Economic Outlook Database, October 2009. IMF. Retrieved on 1 January 2011
  4. The Constitution of the Republic of Armenia, Article 55.
  5. ၅.၀ ၅.၁ Armenia. International Monetary Fund. Retrieved on 2010-04-12
  6. Human Development Report 2010. United Nations (2010). Retrieved on 5 November 2010
  7. Armenia may be considered to be in Asia and/or Europe. The UN classification of world regions places Armenia in Western Asia; the CIA World Factbook Armenia. The World Factbook. CIA. Retrieved on September 2, 2010Armenia. National Geographic. and Armenia. Encyclopædia Britannica. also place Armenia in Asia. Conversely, some sources place Armenia in Europe such as Oxford Reference Online Homepage. Oxford Reference Online. Retrieved on September 2, 2010။ and Europe. Worldatlas. Retrieved on September 2, 2010Template:Verify credibility
  8. "The conversion of Armenia to Christianity was probably the most crucial step in its history. It turned Armenia sharply away from its Iranian past and stamped it for centuries with an intrinsic character as clear to the native population as to those outside its borders, who identified Armenia almost at once as the first state to adopt Christianity". (Garsoïan, Nina (1997). in ed. R.G. Hovannisian: Armenian People from Ancient to Modern Times. Palgrave Macmillan, Volume 1, p.81. ).
  9. Grousset, René (1947). Histoire de l'Arménie, 1984, Payot, 122. . Estimated dates vary from 284 to 314. Garsoïan (op.cit. p.82), following the research of Ananian, favours the latter.
  10. The Constitution of the Republic of Armenia, Article 8.1
  11. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)