မန္တလေးမြို့
From Wikipedia
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်း၏မြို့တော်ဖြစ်သည်။ ၂၀ဝ၅ ခုနှစ် စာရင်းအရ လူဦးရေ ၉၂၇၀ဝ၀ ရှိသည်။ ကုန်းဘောင် မင်းဆက် ၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သည်။
မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။ ရန်ကုန်မြို့နှင့် ၄၄၅ မိုင် (၇၁၆ ကီလိုမီတာ) ကွာဝေးသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်သည်။
Contents |
[ပြင်ဆင်ရန်] သမိုင်းကြောင်း
မန္တလေးမြို့ကို ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက်သည့်ကြားမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော် လည်းဖြစ်သည်။
[ပြင်ဆင်ရန်] မဟာမြတ်မုနိ
မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိ်သည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် အိမ်ရှေ့မင်းသား ဦးပေါ်ကရခိုင် မှပင့်ဆောင်ခဲ့သည်။
[ပြင်ဆင်ရန်] မန္တလေးတောင်
မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ တောင်ပေါ်မှ ကြည့်ပါက မန္တလေးမြို့၏ သဘာဝ ရှုမျှော်ခင်းကို ကောင်းစွာ မြင်နိုင်သည်။
[ပြင်ဆင်ရန်] မန္တလေး နန်းတော်
ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။
[ပြင်ဆင်ရန်] ပို့ဆောင်ဆက်သွယ်ရေး
ရန်ကုန်-မန္တလေး ရထားလမ်း ရှိပြီး မန္တလေးမြို့သည် အရှေ့ဘက်ရှမ်းကုန်းပြင်မြင့် ရှိ ပြင်ဦးလွင်၊ လားရှိုးနှင့် မြောက်ပိုင်း ရှိ မြစ်ကြီးနား မြို့များသို့သွားသော ရထားလမ်းခွဲများ စတင်ရာလည်း ဖြစ်သည်။မြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မကြီးမှ တဆင့်လည်း အဓိကစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး စသောလယ်ယာထွက်ကုန်များနှင့် အခြားကုန်ပစ္စည်း များကိုလည်း ရေလမ်းမှ တဆင့် တွင်ကျယ်စွာ ကူးသန်း ရောင်းဝယ်ကြသည်။ ရန်ကုန်-မန္တလေး အမှတ် (၁) နှင့် အမှတ်(၂)ကားလမ်းများဖြင့်လည်း ဆက်သွယ်သွားလာနိုင်သည်။မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို ဒေါ်လာသန်း ၁၅၀ အကုန်အကျခံ၍ ၂၀ဝ၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ ဖြင့် ပို့ဆောင် ဆက်သွယ် ပေးနေပါသည်။
[ပြင်ဆင်ရန်] စီးပွားရေး လုပ်ငန်းများ
မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၏ အဓိက စီးပွားရေး စင်တာ တစ်ခု ဖြစ်သည်။ တရုတ် နှင့် အိန္ဒိယ တို့ကဲ့သို့သော ပြည်ပ ကုန်သွယ်မှုများအတွက် လမ်းကြောင်းသည် မန္တလေးမြို.ကို ဖြတ်သွားရသည်။ အဓိက စီးပွားရေး လုပ်ငန်းများမှာ ပိုးလုပ်ငန်း၊ ကျောက်စိမ်း ဖြတ်တောက် အရည်တင်ခြင်း၊ ပရိဘောဂ လုပ်ငန်း၊ အလှဆင်ကျောက်လုပ်ငန်း၊ ကျောက်ဆင်းတုတော်များနှင့် သစ်သား ရုပ်ပွားတော်များ ထုလုပ်ခြင်း၊ ငွေပြားခတ်ခြင်း၊ ရွှေဆိုင်းခတ်ခြင်း၊ အစရှိသည်တို့ ဖြစ်ကြသည်။
[ပြင်ဆင်ရန်] တက္ကသိုလ် များနှင့် ကောလိပ်များ
[ပြင်ဆင်ရန်] ယဉ်ကျေးမှု နှင့် အနုပညာ
[ပြင်ဆင်ရန်] အကိုးအကားများ
|
||||||||||||||||||||||||||||||||
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |


