ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
နျူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခန်းမဆောင် |
|
| အမျိုးအစား | ဦးဆောင်အဖွဲ့အစည်း |
| အတိုကောက် | UNSC |
| ဦးဆောင်သူ | ပြင်သစ် ၂၀၀၉ ခုနှစ် မတ်လ |
| လက်ရှိအနေအထား | လုပ်ဆောင်ဆဲ |
| တည်ထောင်နှစ် | ၁၉၄၆ |
| ဝက်ဘ်ဆိုက် | www.un.org/sc |
| Wikimedia Commons |
|
| Portal | |
|---|---|
မာတိကာ |
လုံခြုံရေးကောင်စီ (The Security Council) [ပြင်ဆင်ရန်]
အခြေခံ တာဝန် [ပြင်ဆင်ရန်]
ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ဘောင်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရသည်။
တာဝန် [ပြင်ဆင်ရန်]
အဖွဲ့ဝင်များသည် ကောင်စီ၏ ဆုံးဖြတ်ချက်များကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိသည်။ နိုင်ငံတကာငြိမ်းချမ်ရေးအတွက် အန္တရာယ်ရှိသည့် အရေးကိစ္စ တစ်ခုခု ကောင်စီ၏ ရှေ့မှောက် ရောက်ရှိလာပါက ကောင်စီသည် ဦးစွာပထမ သက်ဆိုင်ရာတို့အား ငြိမ်းချမ်းသောနည်းဖြင့် သဘောတူညီမူရရန် တောင်းဆိုပြောကြားရသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာပါက ကောင်စီသည် အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းရသည်။ ပြဿနာဖြစ်နေသော နေရာများသို့ ငြိမ်းချမ်းမူထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ကောင်း စေလွှတ်ပေမည်။
အဖွဲ့ဝင် [ပြင်ဆင်ရန်]
အဖွဲ့ဝင်များမှာ အမြဲတန်းအဖွဲ့ဝင်နှင့် အလှည့်ကျအဖွဲ့ဝင် ဟူ၍ ရှိပါသည်။ လုံခြုံရေးကောင်စီတွင် အမြဲတန်းအဖွဲ့ဝင် (၁၅)နိုင်ငံရှိသည့်အနက် တရုတ်၊ ပြင်သစ်၊ ရုရှား ဖက်ဒရေးရှင်း၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် "ဗီတို"အာဏာ ကိုင်တွယ်သုံးစွဲနိုင်သော အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည်။ အခြားအဖွဲ့ဝင် ၁၀ နိုင်ငံကို ၂ နှစ် သက်တမ်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်ပေးသည်။ တနှစ်လျှင် ၅ နိုင်ငံကျစီ နှစ်စဉ်ရွေးချယ်ပေးသည်။
အစည်းအဝေး [ပြင်ဆင်ရန်]
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါက ကောင်စီ အစည်းအဝေးကို အချိန်မရွေးခေါ်ယူ ကျင်းပနိုင်သည်။ သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စများနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ဆုံးဖြတ်ချက်ကို ဆန္ဒမဲကိုးမဲဖြင့် ချမှတ်သည်။ [၁]
ကျမ်းကိုး [ပြင်ဆင်ရန်]
- ↑ ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်
|
||||||||||||||||||||||
|
||||||||||||||