ကရင်ပြည်နယ်
From Wikipedia
| ကရင်ပြည်နယ် | |
| မြို့တော် | ဖားအံမြို့ |
| ဧရိယာ | ၃၀,၃၈၃ km² km² |
| လူဦးရေ | ၁,၄၃၁,၃၇၇ |
| လူမျိုးများ | ကရင်၊ ပဒေါင်း၊ ဗမာ၊ ရှမ်း၊ ပအိုဝ့် |
| ဘာသာတရားများ | ဗုဒ္ဓ၊ ခရစ်ယာန်၊ animism |
Contents |
[ပြင်ဆင်ရန်] တည်နေရာနှင့် အကျယ်အဝန်း
ကရင်ပြည်နယ်သည် ၁၁၇၃၁ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိတည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီကျူဒ် ၁၅ဒီဂရီ ၄၅မိနစ် မှ ၁၉ဒီဂရီ ၂၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီကျူဒ် ၉၆ဒီဂရီ ၁၀မိနစ် မှ ၉၈ဒီဂရီ ၂၈မိနစ် အတွင်း တည်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၁ စတုရန်းမိုင်း ကျယ်ဝန်းသည်။
[ပြင်ဆင်ရန်] ရာသီဥတု
ပူးပြင်းစိုစွတ်သည့် ရာသီဥတုမျိုးရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။
[ပြင်ဆင်ရန်] လူမျိုး
စကောကရင်(သို့) မြန်မာကရင် နှင့် ပိုးကရင်(သို့) မွန်ကရင် ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးကွဲပြားသည်။
[ပြင်ဆင်ရန်] မြို့တော်
ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀ဝ၀)ကျော်က သံလွင်မြစ်ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀ဝ)ခန့်ရှိ ရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။ ရွာကလေးတည်ရာသံလွင် မြစ်၏ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟုအမည် တွင်လာသည်။ ၁၉၀၇ခုနှစ်တွင်မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင်ဖြစ်သည်။ ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ထားသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိ်ုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိ်ုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရ သည်။ right | frame| ကရင်ပြည်နယ်
[ပြင်ဆင်ရန်] ခရိုင်ရုံးစိုက်ရာမြို့များ
[ပြင်ဆင်ရန်] အခြား မြို့ရွာများ
- ဘောဂလိကြီး
- ချောင်နှစ်ခွ
- ဒါးကွင်း
- ဒေါ်လမ်း
- အိန္ဒု
- လှိုင်းဘွဲ့
- ဖာပွန်
- ထီလုံ
- ထုံးအိုင်
- ကတိုင်တိ
- ကတိုး
- ကမမောင်း
- ကော့ဘိန်း
- ကော့လ္လိူး
- ကျိုက်ဒုံ
- ကြာအင်းဆိပ်ကြီး
- ကျောက်ညှပ်
- ကျုံဒိုး
- ကျွန်းချောင်း
- လဂွန်းပျို
- လိပ်သို
- မက်သရော
- မဝိုင်း
- မယ်ပလဲ
- မိကျောင်း
- မြိုင်ကလေး
- မြိုင်ကြီးငူ
- နဘူး
- နတ်တောင်
- နောင်လုံ
- ပိုင်ကျုံ
- ဖအိုးထ
- ရွှေဂွန်း
- တောင်ကလေး
- တောင်ဝိုင်း
- သံတောင်
- သံတောင်ကြီး
- ဝင်းက
- ဝင်းကနား
- ယာဒို
- ရေပူ
- ယင်းပိုင်
- ဇာသပြင်
[ပြင်ဆင်ရန်] စိတ်ဝင်စားဖွယ်နေရာများ
[ပြင်ဆင်ရန်] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
[ပြင်ဆင်ရန်] ဘာသာစကား၊စာပေ
ဘာသာစကားမှာ ကရင်စကား တစ်မျိုးတည်း သာရှိ၍ စကောကရင်၊ ပို့ကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးရိုးစုအလိုက် အသံအလေးအပေါ့ အနည်းငယ်စီ ကွာခြားကြသည်။ မြန်မာအက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားလာရန် မြှင့်တင်နေသည်။
[ပြင်ဆင်ရန်] ဝတ်စားဆင်ယင်မှု
[ပြင်ဆင်ရန်] ဘာသာကိုးကွယ်မှု
[ပြင်ဆင်ရန်] ရိုးရာယဉ်ကျေးမှု
[ပြင်ဆင်ရန်] ဒေသထွက်ကုန်များ
[ပြင်ဆင်ရန်] တွင်းထွက်များ
[ပြင်ဆင်ရန်] ကိုးကား
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၀၄၊ ၂၂ ဧပြီ ၂၀၀၉ (UTC)
|
||||||||
