ခါကာဘိုရာဇီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ခါကာဘိုရာဇီ
Hkakabo Razi
ခါကာဘိုရာဇီHkakabo Razi is located in မြန်မာ
ခါကာဘိုရာဇီ
Hkakabo Razi
ခါကာဘိုရာဇီတောင်၏ တည်နေရာပြ မြေပုံ
Coordinates: [http://toolserver.org/~geohack/geohack.php?pagename=%E1%80%81%E1%80%AB%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%AF%E1%80%9B%E1%80%AC%E1%80%87%E1%80%AE&params=28_19_59_N_97_28_00_E_type:city_region:
Ambox warning pn.svg This page has been nominated for speedy deletion.

If you disagree with its speedy deletion, remove the template and discuss it on its talk page.
Administrators: Please check the page history, especially the last diff, before deleting.
28°19′59″N 97°28′00″E / 28.33306°N 97.4666667°E / 28.33306; 97.4666667]
နိုင်ငံ Flag of Myanmar.svg မြန်မာနိုင်ငံ
ပြည်နယ်၊ တိုင်း ကချင်ပြည်နယ်
ခရိုင် ပူတာအို
မြို့နယ် မချမ်းဘောမြို့
လူဦးရေ (၂၀၀၅)
 - လူမျိုးများ တိဗက်လူမျိုးကချင်လူမျိုးထလုလူမျိုးထရုန်လူမျိုး

ခါကာဘိုရာဇီ သည် အ​ရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တိဗက်-မြန်မာ နယ်စပ်အနီးတွင် ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျှက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ) မြင့်သည်။ အမြင့်ပေ ၁၉၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈° ၁၈¢ အရှေ့လောင်ဂျီတွဒ် ၉၇° ၃၂¢ အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။


[ပြင်​ဆင်​ရန်​] အမည်ရင်းမြစ်

  • ခါခါဘိုရာဇီ ဆိုသည်မှာ တိဗက်အမည် ဖြစ်သည်။ တိဗက်ဘာသာစကားအရ ခါ ဆိုသည်မှာ နှင်း ဖြစ်ပြီး ခါဘို ဆိုသည်မှာ အဖြူဟု အဓိပ္ပါယ် ကောက်ယူနိုင်သည်။
  • ခါကာဘိုရာဇီ ဆိုသည်မှာ ကချင်ပြည်နယ်ရှိ ရဝမ်လူမျိုးများ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံများထွက်ခြင်း၊ ပြောခြင်း ရာဇီ ဆီသည်မှာ တောင် ဟု အဓိပ္ပာယ်ရ၍ အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရပါသည်။

[ပြင်​ဆင်​ရန်​] တောင်ထိပ်သို့ တက်ရောက်ခြင်း

ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးသည်။

၁၉၂၃ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ တစ်ဖွဲ့ ပူတာအိုမြို့ မြောက်ပိုင်းသို့ လုပ်ငန်းသဘောအရ ရောက်ရှိခဲ့ရာ၌ ခါကာဘိုရာ ဇီတောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။ ခါကာဘိုရာဇီ တောင် ကြော တစ်လျှောက်၌ ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွ စသော အပင်များကို တွေ့ရသည်။ ထိုဒေသရေခဲပြင် အောက် တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရသည်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာ ဘိုရာဇီတောင်၌ တွေ့ရသည်။ ခါကာဘိုရာဇီ တောင်ကြော တစ်လျှောက်တွင် တိဗက်လူမျိုးများအပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင်ကြသည်။ [၁]


[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်