စစ်ကိုင်းတိုင်း

Wikipedia မှ
(စစ်ကိုင်းတိုင်းဒေသကြီး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စစ်ကိုင်းတိုင်း
Flag of Sagaing Division.svg
မြို့တော် စစ်ကိုင်းမြို့
ဧရိယာ ၉၃,၅၂၇ km²
လူဦးရေ ၅,၃၀၀,၀၀၀
လူမျိုးများ ဗမာရှမ်းနာဂချင်းဂေါ်ရခါး
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်၊ animism
MyanmarSagaing.png

မာတိကာ

[ပြင်​ဆင်​ရန်​] တည်နေရာနှင့် အကျယ်အဝန်း

စစ်ကိုင်းတိုင်းသည် ဧရိယာစုစုပေါင်း ၃၆၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်း ၇ တိုင်းတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး ရန်ကုန်တိုင်း မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီကျူဒ် ၂၁ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီကျူဒ် ၉၄ဒီဂရီ ၉၇မိနစ် အတွင်း တည်ရှိသည်။

[ပြင်​ဆင်​ရန်​] ရာသီဥတု

တောင်တန်းဒေသများရှိရာ အနောက်မြောက်ဖက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။

ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနှိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။

မြောက်ဖက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀လက်မမှ ၁၀ဝလက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀လက်မဝန်းကျင်သာရရှိပါသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။

[ပြင်​ဆင်​ရန်​] မြို့တော်

စစ်ကိုင်းတိုင်း၏ မြို့တော်မှာ စစ်ကိုင်းဖြစ်သည်။ သို့သော် ၂၀ဝ၂ခုနှစ်နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရရုံးများနှင့် အုပ်ချုပ်ရေးရုံးများကို မုံရွာ သို့ပြောင်းရွှေ့ခဲ့သည်။

စစ်ကိုင်းတိုင်း

[ပြင်​ဆင်​ရန်​] ခရိုင်ရုံးစိုက်ရာမြို့များ

[ပြင်​ဆင်​ရန်​] အခြား မြို့ရွာများ

[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

[၁]

[ပြင်​ဆင်​ရန်​] ဆက်သွယ်ရေး

[ပြင်​ဆင်​ရန်​] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

[ပြင်​ဆင်​ရန်​] ဒေသထွက်ကုန်များ

[ပြင်​ဆင်​ရန်​] တွင်းထွက်များ

[ပြင်​ဆင်​ရန်​] ကိုးကား

  1. D.P.S. MYANMAR GUIDE MAP. 2000.

မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၁၀:၁၂၊ ၂၂ ဧပြီ ၂၀၀၉ (UTC)

  • မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်



ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်