အမျိုးသားလွှတ်တော်
| အမျိုးသားလွှတ်တော် | |
| ပထမ အကြိမ် အမျိုးသားလွှတ်တော် | |
| အမျိုးအစား | |
|---|---|
| အမျိုးအစား | ပြည်ထောင်စုလွှတ်တော်၏ အထက်လွှတ်တော် |
| ခေါင်းဆောင်များ | |
| ဥက္ကဋ္ဌ | ဦးခင်အောင်မြင့်, USDP 31 January 2011 မှစ |
| ဒုဥက္ကဋ္ဌ | ဦးမြငြိမ်း, USDP 31 January 2011 မှစ |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | 224 MPs |
| အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စု | Union Solidarity and Development Party (129) Military (56) |
| ရွေးကောက်ပွဲ | |
| အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | 7 November 2010 |
အမျိုးသားလွှတ်တော်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုဌာနတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အထက်လွှတ်တော်ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အမတ် ၂၂၄ ဦးပါဝင်ဖွဲ့စည်းထားသည်။ ၁၆၈ ဦးမှာ လူထုမှ ရွေးကောက်တင်မြောက် ထားသူများဖြစ်ကာ ကျန် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည်တင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည်။ လူထုရွေးကောက်တင်မြောက်ပုံမှာ ပြည်နယ်(သို့)တိုင်းဒေသကြီး တစ်ခုစီမှ ကိုယ်စားလှယ်၁၂ဦးစီ အချိုးကျနှုန်းဖြင့် သက်ဆိုင်ရာပြည်နယ်(သို့)တိုင်းဒေသကြီးများတွင် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုတို့မှ ကိုယ်စားလှယ် ၁၆၈ဦး(၁၄×၁၂) တင်မြောက်ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်၏ သက်တမ်းမှာ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ ၅ နှစ် ဖြစ်သည်။ လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဌမှာ ဦးခင်အောင်မြင့်ဖြစ်သည်။
အမျိုးသားလွှတ်တော်ရှိ လူထုမှ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များသည် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ဖွဲ့စည်းကာ ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ်ခွင့်ရှိသည်။ တပ်မတော်သား ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ၎င်းတို့နှစ်သက်ရာ ဒုတိယသမ္မတ ၁ ဦးကို ရွေးချယ်ခွင့်ရှိသည်။