အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့

ဝီကီပီးဒီးယား မှ
Amnesty International
ဆောင်ပုဒ်It is better to light a candle than to curse the darkness.[၁]
ဖွဲ့တည်ချိန်ဇူလိုင် ၁၉၆၁; ၆၂ နှစ် အကြာက (၁၉၆၁-၀၇)
ယူနိုက်တက်ကင်းဒမ်း
တည်ထောင်သူPeter Benenson
အမျိုးအစားNon-profit
INGO
ဌာနချုပ်လန်ဒန်မြို့အင်္ဂလန်၊ ယူကေ။
တည်နေရာ
  • Global
ဝန်ဆောင်မှုများလူ့အခွင့်ရေးအား ကာကွယ်ခြင်း
နယ်ပယ်sLegal advocacy, Media attention, direct-appeal campaigns, research, lobbying
အဖွဲ့ဝင်
More than 7 million members and supporters[၂]
Salil Shetty
ဝက်ဘ်ဆိုဒ်amnesty.org

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကို အတိုကောက်အားဖြင့် အမ်နက်စ်တီ သို့ အေအိုင်ဟု ခေါ်ဝေါ်ကြသော အစိုးမရဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည်။ အဖွဲ့ဝင် ၃ သန်းကျော်နှင့် ကမ္ဘာတဝှမ်းတွင် ထောက်ခံသူမျောက်များစွာ ရှိသည်။[၂] အဖွဲ့၏ အဓိက လုပ်ဆောင်ချက်များမှာ 'လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ရန် နှင့် ပပြောက်ရန် သုသေသနလုပ်ခြင်း၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေး ဥပဒေ ဖောက်ပြန်သူများများကို တရားစီရင်ရေး' ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ [၃]

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို ၁၉၆၁ ခုနှစ်တွင် လန်ဒန်မြို့၌ စတင်တည်ထောင်ခဲ့သည်။ ၎င်းကို စောင့်ကြည့်လေ့လာသူ (The Observer) သတင်းစာ၌ အမေ့ခံ အကျဉ်းသားများ (The Forgotten Prisoners) ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့သူ ဥပဒေပညာရှင် ပီတာ ဘန္နန်ဆန် (Peter Benenson) မှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၄] အမ်နက်စ်တီမှ အပြည်ပြည်ဆိုင်ရာ ဥပေဒ စံနှုန်း ဆန့်ကျင်ဖောက်ဖျက်သူများကို ဖော်ထုတ်လေ့ရှိပြီး၊ ဖောက်ပြန်မှုများကို လစ်လျုရှုထားသည့် အစိုးရများသို့လည်း နိုင်ငံသားများနှင့် ပူးပေါင်းကာ တာဝန်ယူဖြေရှင်းပေးရန် ဖိအားပေးလေ့ရှိသည်။ အဖွဲ့အစည်း၏ 'နှိပ်စက်မှုပပျောက်ရေး လှုံဆော်မှု'ကြောင့် ၁၉၇၇ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆု နှင့် ၁၉၇၈ ခုနှစ်၌ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆုကိုလည်း ထပ်မံရရှိခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. History – The Meaning of the Amnesty Candle။ Amnesty International။ 18 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2008 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Who we are။ Amnesty International။ 16 March 2015 တွင် ပြန်စစ်ပြီး။
  3. About Amnesty International။ Amnesty International။ 20 July 2008 တွင် ပြန်စစ်ပြီး။
  4. Peter Benenson. "The Forgotten Prisoners", The Observer, 28 May 1961. Retrieved 28 May 2011.
  5. [၁][လင့်ခ်သေ],Amnesty International (Informational Paper) - Learning to Give