ရဟန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရဟန်း[ပြင်​ဆင်​ရန်​]

ဘန်ကောက်မြို့၊ ထိုင်း​နိုင်ငံ​တွင် တပေါင်း​ပွဲတော်​တွင် ရဟန်း​သံ​ဃာတော်​များ​အား လှူဒါန်း​နေ​ပုံ

ရဟန်း​ဟူ​သော အမည်​သည် အရ​ဟန္တ​ပါဠိ​မှ ဖြစ်လာ​သော ရဟန္တာ​ကို အတို​ချုပ်ခေါ်​သော အမည်​ဖြစ်​ဟန်​တူ​သည်။ သို့ရာတွင် ဘိက္ခု၊ သမ​ဏ၊ ပဗ္ဗဇ္ဇိ​တ စ သော ပါဠိ​တို့​ကို ပြန်ဆို​ထား​သော မြန်မာ​အမည်​လည်း ဖြစ်​၏။ အသုံးအစွဲ​လည်း များ​လှ​သည်။ ပဗ္ဗဇ္ဇ​လေး​မျိုး​မှ​လာ​သော အလုံး​စုံ​သော ရဟန်း​နှင့် ဥပသမ္ပဒါ​လေး​မျိုး​မှ​လာ​သော အလုံး​စုံ​သော​ရဟန်း​နှင့် ဥပသမ္ပဒါ ရှစ်​မျိုး​မှ​လာ​သော အလုံး​စုံ​သော​ရဟန်း​ကို ရ​သည်။ ( ပဗ္ဗဇ္ဇ​မင်္ဂလာ ။)

ရဟန်း​ဟူ​သည် - တရား​ကို ကောင်း​စွာ​ကျင့်​ခြင်း ၊ မှန်​စွာ​ကျင့်​ခြင်း ၊ ကုသိုလ်​ပြု​ခြင်း​သည် ကောင်း​၏၊ကောင်းမှု​ပြု​ခြင်း​သည် ကောင်း​၏၊ မ​ညှင်း​ဆဲ​ခြင်း​သည်​ကောင်း​၏၊ သတ္တဝါ​တို့​ကို သနား​ခြင်း​သည် ကောင်း​၏ ဟု နှလုံးသွင်း ကျင့်​နေ​သူ ဖြစ်​သည်။ [၁] သာမဏေ​ရ ပဗ္ဗဇ္ဖ လို့ အခေါ်​ပြောင်း​လိုက်​လျှင် - လွတ်မြောက်​အောင်​ကျင့်​နေ​သူ ၊ အနှောင်အဖွဲ့​ကင်း​သူ၊ (တဏှာ​ကင်း​အောင် ကြိုးစား​နေ​သူ ) ဖိ​အား​ကင်း​အောင်​နေ​သူ၊ ငြိမ်း​ချမ်း​အောင်​နေ​သူ​ဟု အဓိပ္ပါယ်​ရ​သည်။


ဗုဒ္ဓ​သာသနာ​တွင်း ရဟန်း( သံဃာ ) နှင့် သာသနာပ ရဟန်း နှစ်​မျိုး​လုံး​နှင့်​လည်း ဆက်ဆံ​သည်။ ထိုသို့ ဆက်​ဆံသော်​လည်း ပဗ္ဗဇ္ဇ​လေး​မျိုး​မှ​လာ​သော ရ​ဟန်​တို့​တွင် ဘိက္ခု​ပဗ္ဗဇ္ဇ​မှ လာ​သော ရဟန်း​နှင့် သာမဏေ​ရ ပဗ္ဗဇ္ဇ​မှ လာ​သော ရဟန်း​ကား ဗုဒ္ဓ သာသနာ​တွင်း ရဟန်း​သာ ဖြစ်​သည်။ ဣ​သိ​ပဗ္ဗဇ္ဇ​မှ လာ​သော ဗုဒ္ဓ​သာသနာ​တွင်း​နှင့် သာသနာပ​နှစ်​မျိုး​လုံး ရဟန်း​ဖြစ်​သည်။ ဥပသမ္ပဒါ ရှစ်​မျိုး​မှ​လာ​သော ရဟန်း​ကား ဗုဒ္ဓ​သာသနာ​တွင်း ရဟန်း​သာ ဖြစ်​သည်။ ရဟန်း​သာမဏေ​များ သင်ကြား လေ့ကျင့်​ရ​မည့်​တရား​များ​မှ ၇​၅-မျိုး သိက္ခာပုဒ်​များ​ကို​လည်း စောင့်ရှောက် ထိန်းသိမ်း​၍ နေ​ရ​သည်။


ရဟန်း ၈-မျိုး[ပြင်​ဆင်​ရန်​]

သာ​သ​နာ့​ဝန်​ထမ်း ရဟန်း​ဘဝ​နှင့် စပ်​၍ ရဟန်း​ရှစ်​မျိုးရှိ​ကြောင်း​ကို ဦးစွာ​သိ​အပ်​ပေ​၏။
၁။ ဧ​ဟိ​ဘိက္ခူ​ပ​သမ္ပ​ဒါ-ဗုဒ္ဓ​က ရဟန်း လာ​လော့-ဟုခေါ်​ကာ​မျှ​ဖြင့် ဖြစ်လာ​ရ​သော ရဟန်း။( အရှင်​သာ​ရိ​ပုတ္တ​ရာ စ​သည် )
၂။ သရဏ​ဂ​မ​နူ​ပ​သမ္ပ​ဒါ-သရဏဂုံ ဆောက်တည်​ကာ​မျှ​ဖြင့် ဖြစ်လာ​သော​ရဟန်း။( ဘုရား​ဖြစ်​ခါ​စ ရှေး​ပိုင်း​ရဟန်း​များ )
၃။ ဩဝါဒ​ပ​ဋိဂ္ဂ​ဟ​ဏူ​ပ​သမ္ပ​ဒါ-ဗုဒ္ဓ​၏ ဩဝါဒ​ကို ခံယူ​ကာ​မျှ​ဖြင့် ဖြစ်လာ​သော ရဟန်း။( အရှင်မ​ဟာ​က​ဿ​ပ )
၄။ ပ​ဥှာ​ဗျာ​ကရ​ဏူ​ပ​သမ္ပ​ဒါ-ပြဿနာ ဖြေ​ဆို​ကာ​မျှ​ဖြင့်​ဖြစ်လာ​သော​ရဟန်း။( အရှင်​သော​ပါ​က )
၅။ အဋ္ဌ​ဂရု​ဓမ္မ ပ​ဋိဂ္ဂ​ဟ​ဏူ​ပ​သမ္ပ​ဒါ-ဂရု​ဓမ်​ရှစ်​ပါး ခံယူ​ကာ​မျှ​ဖြင့် ဖြစ်လာ​သော ရဟန်း။( အရှင်မ မဟာ​ပ​ဇာ​ပတိ​ဂေါ​တ​မီ )
၆။ ဒူ​တေ​နူ​ပ​သမ္ပ​ဒါ-တ​ဆင့်​ခံ တမန်​ဖြစ်လာ​သော ရဟန်း။( အရှင်မ အဎ္ဍ​ကာ​သီ )
၇။ အဋ္ဌ​ဝါ​စီ​ကူ​ပ​သမ္ပ​ဒါ-ရဟန်း၊ ရဟန်းမ၊ နှစ်​ဖက်​သံဃာ​မှ ဉတ္တိ​စတုတ္ထ​ကံ နှစ်​မျိုး​ဖြင့် ဖြစ်လာ​သော ရဟန်း။( အခြား​ရဟန်းမ​များ )
၈။ ဉတ္တိ​စတုတ္ထ​ကမ္မူ​ပ​သမ္ပ​ဒါ-ဉတ္တိ​စတုတ္ထ​ကံ​ဖြင့် ဖြစ်လာ​သော ရဟန်း။( အရှင်​ရာ​ဓ-မှ​စ​၍ မျက်မှောက်​ခေတ်​အထိ ရဟန်း​များ )
ထို ၈-မျိုး​တို့​တွင် ၁၊ ၃ ၊ ၄၊ ၅ တို့​သည် ဗုဒ္ဓ​ကိုယ်တော်​တိုင် ရဟန်းပြု​ပေး​သော ရဟန်း အမျိုး​အစား​များ ဖြစ်​ကြ​သည်။

တပေါင်းပွဲတော်ကို ဘန်​ကောက်​မြို့၊ ထိုင်း​နိုင်ငံ​တွင် ကျင်းပ​နေ​ပုံ

ယင်း ဥပသမ္ပဒါ​ရှစ်​မျိုး​ကား အောက်​ပါ​အတိုင်း ဖြစ်​သည်။ (၁) ဧ​ဟိ​ဘိက္ခူ​ပ​သမ္ပ​ဒါ-မြတ်​စွာ​ဘုရား​က ရဟန်း​လောင်း​အား ရဟန်း​လာ​လှည့်၊ ဝဋ်​ဆင်းရဲ​အဆုံး​ကို​ပြု​ခြင်း​ငှာ မြတ်​သော အကျင့်​ကို ကောင်း​စွာ​ကျင့်​လှည့်​ဟု ခေါ်တော်​မူ​သော စကား​မျှ ဖြင့် ဖြစ်​သော ရဟန်း၊ (ဧ​ဟိ​ဘိက္ခု​ရဟန်း​များ)၊ ( ဧ​ဟိ ဘိက္ခု ။) (၂) သရဏ​ဂ​မ​ဏူ​ပ​သမ္ပ​ဒါ-ဗုဒ္ဓံ​သရဏံ ဂစ္ဆာ​မိ စ​သော သရဏဂုံ​သုံး​ပါး​ကို ခံယူ​ဆောက်တည်​ကာ​မျှ​ဖြင့် ဖြစ်​သော ရဟန်း၊(ဉာ​ာတ်​ကမ္မဝါ မပေါ်​မီ​က ခွင့်​ပြု သော​ရဟန်း)၊ ( သရဏဂုံ။) (၃) 0x100သ​ဝါဒ​ပ​ဋိဂ္ဂ​ဟ​ဏူ​ပ​သမ္ပ​ဒါ-မြတ်​စွာ​ဘုရား​က ဤ​ပုံ ဤ​နည်း ကျင့်​ရ​မည်​ဟု ပေး​ထား​သော အဆုံးအမ 0x100သ​ဝါဒ​ကို လိုက်နာ​ခံယူ​ကာ​မျှ​ဖြင့် ဖြစ်​သော​ရဟန်း၊ (အရှင်မ​ဟာ​က​ဿ​ပ) (၄) ပ​ဥ|ာ​ဗျာ​ကရ​ဏူ​ပ​သမ္ပ​ဒါ-မြတ်​စွာ​ဘုရား​၏ အမေး တော်​ကို ဖြေ​ဆို​ကာ​မျှ​ဖြင့် ဖြစ်​သော​ရဟန်း၊ (ရှင်​သော​ပါ​က) (၅) ဂရု​ဓမ္မ ပ​ဋိဂ္ဂ​ဟ​ဏူ​ပ​သမ္ပ​ဒါ-ဂရု​ဓံ​တရား​ရှစ်​ပါး​ကို တစ်​သက်​လုံး ကောင်း​စွာ​ကျင့်​ပါ​မည်​ဟု ဝန်ခံ​ကာ​မျှ​ဖြင့် ဖြစ် သော​ရဟန်း၊ (မိ​ထွေးတော်​ဂေါ​တ​မီ) (ဂရု​ဓံ​တရား​ရှစ်​ပါး​ကား (၁)ရဟန်း ဝါတော် တစ်​ရာ ရှိ​ပြီး​သော ရဟန်း​မိန်းမ(ဘိက္ခု​နီ) သည် ယနေ့ ဖြစ်​သစ်​စ​ရဟန်း ယောကျာ်း​ငယ်​အား ရှိခိုး​ခြင်း၊ ခရီး​ဦး ကြိုဆို​ခြင်း၊ လက်အုပ်ချီ​ခြင်း​အမှု​ကို ပြု​ရ​ခြင်း၊ (၂) ရဟန်း မိန်းမ​သည် ရဟန်း​ယောကျာ်း​နှင့် ကင်းကွာ​သော​ကျောင်း​၌ ဝါ​မ​ဆို ဝါ​မ​ကပ်​ရ​ခြင်း၊ (၃) ရဟန်း​မိန်းမ​သည် လ​ခွဲ​တိုင်း လ​ပြည့်​လကွယ် အဖိတ်နေ့​၌ ရဟန်း​ယောကျာ်း​များ​ထံ သွား​၍ ဤ​ဥပုသ်သည် တစ်​ဆဲ့​လေး​ရက် ဥပုသ်​လော၊ တစ်​ဆဲ့​ငါး​ရက် ဥပုသ်​လော​ဟု ဥပုသ်​ကို မေးမြန်း​ရ​ခြင်း​နှင့် ဥပုသ်နေ့ ဥပုသ် မ​ပြု​မီ ရဟန်း​မိန်းမ​တစ်​ဦး​ကို ရဟန်း​ယောကျာ်း​များ​ထံ စေ လွှတ်​၍ ရဟန်း​မိန်းမ​များ 0x100သ​ဝါဒ​ခံယူ​ရန် တောင်းပန်​ရ​ခြင်း၊ (၄) ရဟန်း​မိန်းမ​သည် ဝါကျွတ်​သော​အခါ ရဟန်း​မိန်းမ သံဃာ​နှင့် ရဟန်း​ယောကျာ်း​သံဃာ နှစ်​ပါး​စုံ​၌ ပဝါရဏာ ပြု​ရ​ခြင်း၊ (၅) သံဃာ​ဒိ​သေ​သိ အာပတ်သင့်​သော ရဟန်း​မိန်းမ သည် ရဟန်း​မိန်းမ​သံဃာ​နှင့် ရဟန်း​ယောကျာ်း​သံဃာ နှစ်​ပါး စုံ​၌ လ​ခွဲ​ပတ်လုံး မာ​နတ်​ကျင့်​ရ​ခြင်း၊ (၆) ရဟန်း​မိန်းမ​လောင်း သေက္ခ​မာန်​မ​သည် နှစ်⁠နှစ်​ပတ်လုံး ကျင့်ဝတ်​တရား ခြောက်​ပါး ကို ကျင့်​ပြီး​မှ ရဟန်း​မိန်းမ သံဃာ​နှင့် ရဟန်း​ယောကျာ်း​သံဃာ နှစ်​ပါး​စုံ​၌ ရဟန်းခံ​ရ​ခြင်း၊ (၇) ရဟန်း​မိန်းမ​သည် မည်​သည့် ပရိယာယ် တစ်​စုံ​တစ်​ရာ မျှ​ဖြင့် ရဟန်း​ယောကျာ်း​ကို မ​ဆဲရေး ရ၊ မ​ရေရွတ်​ရ၊ (၈) ရဟန်း​မိန်းမ​သည် ရဟန်း​ယောကျာ်း​အား မ​ဆုံးမ​ရ၊ ရဟန်း​ယောကျာ်း​၏ အဆုံးအမ​ကို​သာ လိုက်နာ ရ​မည်။) (၆) ဒူ​တေ​နူ​ပ​သမ္ပ​ဒါ.တမန်​စေလွှတ်​ကာ​မျှ​ဖြင့် ဖြစ် သော ရဟန်း၊ (ပြည့်​တန်ဆာ​မ-အဎ​္0x046ကာ​သိ​ကာ) (၇) အဋ္ဌ​ဝါ​စီ ကူ​ပ​သမ္ပ​ဒါ.ရဟန်း​မိန်းမ​သ​သံဃာ​၌ ဉာ​ာတ်​တစ်​ကြိမ်​တမ္မ​ဝါ သုံး​ကြိမ်​အား​ဖြင့် လေး​ကြိမ်၊ ရဟန်း ယောကျာ်း သံဃာ​၌ ဉာ​ာတ်​တစ်​ကြိမ်၊ ကမ္မဝါ​သုံး​ကြိမ် အား​ဖြင့် လေး​ကြိမ်၊ ဤသို့ ဉာ​ာတ်-ကမ္မဝါ​ရှစ်​ကြိမ် ရွတ်​ဖတ်​ခြင်း​ဖြင့် ဖြစ်​သော ရဟန်း၊ (ရဟန်း မိန်းမ​များ) (၈) ဉာ​ာတ္တိ စတုတ္ထ ကမ္မူ​ပ သမ္ပ​ဒါ ရဟန်း​ယောကျာ်း သံဃာ​၌ ဉာ​ာတ်​တစ်​ကြိမ်၊ ကမ္မဝါ​သုံး​ကြိမ် အား​ဖြင့် လေး​ကြိမ်​ရွတ်​ဖတ်​ခြင်း​ဖြင့် ဖြစ်​သော ရဟန်း (ရဟန်း ယောကျာ်း​များ) ထို​ဥပသမ္ပဒါ ရှစ်​မျိုး​တို့​တွင် ဧ​ဟိ​ဘိက္ခူ​ပ​သမ္ပ​ဒါ၊ သရဏ​ဂ​မ​ဏူ​ပ သမ္ပ​ဒါ၊ 0x100သ​ဝါဒ​ပ​ဋိဂ္ဂ​ဟ​ဏူ​ပ သမ္ပ​ဒါ၊ ပ​ဥ|ာ​ဗျာ​ကရ​ဏူ​ပ သမ္ပ​ဒါ၊ ဉာ​ာတ္တိ​စတုတ္ထ ကမ္မူ​ပ​သမ္ပ​ဒါ၊ ဤ​ငါး​မျိုး​ကား ရဟန်း ယောကျာ်း​များ​နှင့်​သာ သက်ဆိုင်​သည်။ ဂရု​ဓမ္မ​ပ​ဋိဂ္ဂ​ဟ​ဏူ​ပမ္ပ​ဒါ၊ ဒူ​တေ​နူ​ပ သမ္ပ​ဒါ၊ အဋ္ဌ​ဝါ​စိ​ကူ​ပ သမ္ပ​ဒါ၊ဤ​သုံး​မျိုး​ကား ရဟန်း မိန်းမ​များ​နှင့်​သာ သက်ဆိုင်​သည်။ အထူး​အား​ဖြင့် ရဟန်း ယောကျာ်း​များ​နှင့် သက်ဆိုင်​သော ဥပသမ္ပဒါ ငါး​မျိုး​တွင် လည်း ရှေ့​လေး​မျိုး​ကား မြတ်​စွာ​ဘုရား​လက်ထက်​၌​သာ ဖြစ် သော​ကြောင့်​၎င်း၊ ရဟန်း​မိန်းမ​များ​နှင့် သက်ဆိုင်​သော ဥပသမ္ပဒါ သုံး​မျိုး​သည်​လည်း ယခု​အခါ ရဟန်း​မိန်းမ​များ မ​ရှိ သော​ကြောင့်​၎င်း ရဟန်း​ယောကျာ်း​များ​နှင့် သက်ဆိုင်​သော ပဉ္စမ​မြောက် ဉာ​ာတ္တိ​စတုတ္ထ​ကမ္မူ​ပ​သမ္ပ​ဒါ​ဖြင့်​ဖြစ်​သော ရဟန်း​များ သာ ကျန်​ရှိ​တော့​သည်။သို့​အတွက် ယခု​အခါ ရဟန်းခံ​ကြ​သည် ကား ဉာ​ာတ္ထိ​စတုတ္ထ ကမ္မူ​ပ​သမ္ပ​ဒါ​ဖြင့်​သာ ရဟန်းခံ​ကြ​ရ​သည်။ ရဟန်းခံ​ဆို​သည်မှာ​လည်း သိမ်​တွင်း​၌ ငါး​ပါး၊ ငါး​ပါး ထက်​လွန်​သော သံဃာ​စည်းဝေး​၍ ရဟန်း​လောင်း​အား မြတ်​စွာ ဘုရား ခွင့်​ပြု​ပညတ်​ထား​သော သိက္ခာပုဒ်​တို့​ကို စောင့်ရှောက် ထိန်းသိမ်း​ရန် တာဝန်​ပေး​အပ်​ကာ သံ​ဃ​ဘောင်​သို့ သွင်း​ခြင်း​ကို ဉာ​ာတ်​ကမ္မဝါ​ရွတ်​ဖတ်​၍ သံဃာ​အား သဘောတူ၊ မ​တူ ပန်ကြား လျှောက်ထား​ရာ၊ ကန့်ကွက်​သူ​ရှိ​လျှင် ကံ​ပျက်​၍ ရဟန်းမ​ဖြစ် ဘဲ၊ ကန့်ကွက်​သူမ​ရှိ​လျှင် သဘောတူ သံ​ဃ​ဆန္ဒ​ဖြင့် ရဟန်း အဖြစ်​သို့ ရောက်​သည်။ ရဟန်းခံ​ခြင်း​၏ အဓိက​ရည်​ရွယ်​ချက် မှာ​လည်း ဝဋ်​ဆင်းရဲ​ကုန်​ဆုံး​ရာ အရ​ဟတ္တ​ဖိုလ် နိဗ္ဗာန်​သို့ ဆိုက် ရောက်​ရန် ဖြစ်​လေ​သည်။ ထို​ရဟန်း​မိန်းမ(သီလ​ရှင်) ကား မြတ်​စွာ​ဘုရား လက်ထက် တော် က​ပင် ရှိ​ခဲ့​၏။ မိ​ထွေးတော် ဂေါ​တ​မီ​သည် သာကီ​ဝင် မင်းသမီး ငါးရာ နှင့်​တ​ကွ ရှေးဦးစွာ ရဟန်းပြု​၏။ နောက် အဆင့်ဆင့် ပွား​များ​လာ ၍ သာသနာ တော်​တွင် ရဟန်း​မိန်းမ သာသနာ ရဟန်း​မိန်းမ​သံဃာ​ဟု သီးခြား​ဖြစ်လာ​သည်။ ထို​စဉ်​အခါ​က မဇ္ဈိမဒေသ​တွင် ရဟန်း​မိန်းမ​တို့​သည် အလွန်​များ​ကုန်​၏။

ရဟန်း​ဖြစ်​ထိုက်​သော အင်္ဂါ[ပြင်​ဆင်​ရန်​]

ရဟန်း​တ​ပါး ဖြစ်မြောက်​ရန် ဉတ္တိ​စတုတ္ထ​ကံ​ကို နည်း​လမ်း​တ​ကျ အောင်​အောင်မြင်​မြင် ဆောင်ရွက်​နိုင်​ဖို့ လို​အပ်​၏။ ယင်းသို့ ဉတ္တိ​စတုတ္ထ​ကံ အောင်မြင်​ရန်- ၁။ ဝတ္ထု-ရဟန်း​လောင်း။
၂။ ဉတ္တိ-ဉတ်။ ( ကမ္မဝါစာ နိဒါန်း )
၃။ သီ​မာ-သိမ်။
၄။ အနု​ဿာ​ဝ​န-ကမ္မဝါစာ။
၅။ ပရိ​သာ-ပရိသတ်။ ( ကံ​ဆောင်​သံဃာ ) ( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိ​သာ၊ ငါး​ဖြာ သမ္ပတ္တိ ။)
ဟူ​သော အင်္ဂါ​ငါး​ပါး ညီညွတ်​ပြည့်စုံ​ဖို့ လို​အပ်​၏။

ယင်း​ငါး​ပါး ညီညွတ်​ပြည့်စုံ​မှ ဉတ္တိ​စတုတ္ထ​ကံ အောင်မြင်​၍ ရဟန်း​ဖြစ်​နိုင်​၏။ ထို့​ကြောင့် ( သိက္ခာတင် ပဉ္စင်္ဂ ) ဟု ဆို​ကြ​သည်။ သိက္ခာတင်-( ရဟန်းခံ) ရာ​၌ အင်္ဂါ​ငါး​ပါး ရှိ​၏​ဟု ဆိုလို​သည်။

ထို​တွင် ဝတ္ထု​အရ ရဟန်း​လောင်း​သည် ယောကျာ်း​စစ် ဖြစ်​ရ​ခြင်း၊
အသက် ၂​၀-ပြည့်​ရ​ခြင်း၊
တိတ္ထိ ( ဒိဋ္ဌိ​အယူရှိ​သူ ) မဟုတ်​ရ​ခြင်း၊
ပဉ္စာ​နန္တ​ရိ​ယ ကံ​ကြီး​များ ကျူးလွန်​ထား​သူ မဟုတ်​ခြင်း-စ​သော အင်္ဂါ​တို့​နှင့် ညီညွတ်​သူ ဖြစ်​ရ​၏။

ဉတ္တိ​အနု​ဿာ​ဝ​န​တို့​အရ ဉတ်​ကမ္မဝါစာ​ကို ဌာန်၊ ကရိုဏ်း၊ ပ​ယတ်၊ သိ​ထိ​လ၊ ဓ​နိ​တ ပီ​သ​စွာ မှန်​မှန်ကန်​ကန် ရွတ်​ဖတ်​နိုင်​ရ​၏။
သီ​မာ-အရ သိမ်​သည် အောင်​အောင်မြင်​မြင် သမုတ်​ခဲ့​သော သိမ်​ကောင်း​ဖြစ်​ရ​၏။
ပရိ​သာ-အရ ကံ​ဆောင်​သံဃာ​သည် အနည်း​ဆုံး ရဟန်း​စစ်စစ် ငါး​ပါး​ရှိ​ရ​၏။
( မဇ္ဈိမဒေသ​ဖြစ်​လျှင် ၁​၀-ပါး​ရှိ​ရ​၏။ ယင်း​သံ​ဃာတော်​များ​က စုပေါင်း​ညီညာ ဆောင်ရွက်​ကြ​ရ​၏။ )


သံဃာ​က ရဟန်းခံ​ပေး​ရာ​၌​လည်း လူ​မြင်​တိုင်း ရဟန်းခံ ပေး​ရ​သည်မ​ဟုတ်။ အပြစ်​ဒေါသ လွတ်​ကင်း စင်ကြယ်​၍ အသက်​နှစ်​ဆယ်​ပြည့်​သော သူ​ကို​သာ ရဟန်းခံ​ပေး​ရ​သည်။ (၁) ပဏ္ဍ​က--ပဏ္ဍုတ်၊ ဖို​မ​လိင်​အင်္ဂါ ထင်ရှား​မ​ရှိ​သော​သူ၊ (၂) ထေယျသံဝါသက--ကိုယ်တိုင် သင်္ကန်းဝတ်​၍ ရဟန်း​အသွင်​ကို ခိုး​ယူ​သော​သူ​နှင့် ရဟန်း​စစ်​မဟုတ်​ဘဲ​လျက် ရဟန်း​စစ်​ယောင် ရဟန်း​စစ်​တို့​နှင့် ပေါင်းသင်း​နေထိုင်​သူ၊ (၃) တိတ္ထိ​ယ​ပက္ကန္တ​က --ရဟန်း​စစ်​ဖြစ်​လျက် ရဟန်း​ဘောင်​မှ စွန့်ခွာ​၍ တိတ္ထိ​ဘောင် သို့ ဝင်​ကာ ရဟန်းခံ​သော​သူ၊ (၄) တိ​ရစ္ဆာ​န-ဗြဟ္မာ၊ နတ်၊ ဂဠုန်၊ နဂါး စ​သော တိရစ္ဆာန်၊ (၅) မာ​တု​ဃာ​တ​က--အမိ ရင်း​ကို သတ်​သော​သူ၊ (၆) ပိ​တု​ဃာ​တ​က--အဘ​ရင်း​ကို သတ် သော​သူ၊ (၇) အရ​ဟန္တ​ဃာ​တ​က--ရဟန္တာ​ကို သတ်​သော​သူ၊ (၈) လော​ဟိ​တုပ္ပါ​ဒ​က--မြတ်​စွာ​ဘုရား​အား သွေးစိမ်း​တည် အောင်၊ သွေး​ခြည်​အု​အောင် ပြု​သော​သူ၊ (၉) သံ​ဃ​ဘေ​ဒ​က --သံဃာ​ကို ဝိနည်း​ကံ​ဖြင့် ဂိုဏ်း​ခွဲ​သော​သူ၊ (၁​ဝ) ဘိက္ခု​နီ ဒူ​သ​က--ရဟန်း​မိန်းမ​ကို ပေါင်းဖော်​ဖျက်ဆီး​သော​သူ၊ (၁​၁) ဥ​ဘ​တော​ဗျဉ္စ​န​က--ဖို​မ​လိင်​အင်္ဂါ နှစ်​မျိုး​ပါရှိ​သော​သူ၊ ဤ​သူ တစ်​ကျိပ်​တစ်​ယောက်​တို့​ကား အပြစ်​မ​လွတ်​ကင်း၊ မစင်​ကြယ် သော အဘဗ္ဗ ပုဂ္ဂိုလ်​များ​ဖြစ်​၍ ရဟန်းမ​ခံ​ထိုက်၊ ရဟန်းခံ မ​ပေး​ရ။ သံဃာ​က မ​သိ​၍​၎င်း သိလျက်နှင့်​၎င်း ရဟန်းခံ​ပေး သော်​လည်း ရဟန်းမ​ဖြစ်။

အပြစ်​ဒေါသ လွတ်​ကင်း​၍ စင်ကြယ်​သော ပုဂ္ဂိုလ်​ပင် ဖြစ်သော်​လည်း ရဟန်းခံ​ရာ​၌ (၁) ဝတ္ထု​သမ္ပတ္တိ -အဘဗ္ဗ​ပုဂ္ဂိုလ် တစ်​ကျိပ်​တစ်​ယောက်​မှ လွတ်​ကင်း​၍ အသက်​နှစ်​ဆယ်​ပြည့် သ​ဖြင့် ရဟန်း​လောင်း​၏ ပြည့်စုံ​ခြင်း၊ (၂) သီ​မ​သမ္ပတ္တိ-- သိမ်​၏ ပြည့်စုံ​ခြင်း၊ (၃) ဉာ​ာတ္တိ​သမ္ပတ္တိ--ဉာ​ာတ်​၏ ပြည့်စုံ​ခြင်း၊ (၄) အနု​သာ​ဝ​န သမ္မတ္တိ--ကမ္မဝါ​၏ ပြည့်စုံ​ခြင်း၊ (၅) ပရိ​သ သမ္ပတ္တိ--ရဟန်း​စစ် ငါး​ပါး၊ ငါး​ပါး​ထက်​အလွန်​ရှိ​သ​ဖြင့် ပရိသတ်​၏ ပြည့်စုံ​ခြင်း​ဟူ၍ အင်္ဂါ​ငါး​ပါး​ရှိ​သည်။ ထို​အင်္ဂါ ငါး​ပါး​နှင့် ပြည့်စုံ​မှ ရဟန်း​ဖြစ်​သည်။ ထို​အင်္ဂါ ငါး​ပါး​နှင့် ပြည့်စုံ​ခြင်း​ဟူ၍ အင်္ဂါ​ငါး​ပါး​ရှိ​သည်။ ထို​အင်္ဂါ​ငါး​ပါး​နှင့် ပြည့်စုံ​မှ ရဟန်း​ဖြစ်​သည်။ ထို​အင်္ဂါ​ငါး​ပါး နှင့် ပြည့်စုံ​ခြင်း​ကို အကြောင်းပြု​၍ ရဟန်း​ကို​ပင် ပဉ္စင်း​ဟု ခေါ်​ဆို​ကြ​ပြန်​သည်။ ရဟန်း​ဖြစ်​ကြ​ရာ​၌ ကောဏ္ဍ​ည​ထေရ်​သည် ဤ​ဘုရား​သာသနာ​၌ အစအဦး​ဆုံး ရဟန်း​ဖြစ်​သော ပုဂ္ဂိုလ်​တည်း။

ရဟန်း​များ​မှာ (၁) ကျောင်း၊ (၂) သင်္ကန်း၊ (၃) ဆွမ်း၊ (၄) ဆေး​ဟူ၍ မှီ​ရာ​ပစ္စည်း လေး​ပါး​ရှိ​သည်။ ထို​ပစ္စည်း​လေး​ပါး ကို​မှီ​၍ သာသနာ​၌ ရှည်​မြင့်​စွာ တရား​အားထုတ်​နိုင်​သည်။ ထို​ပြင့် (၁) ခါး​ဝတ်​သင်းပိုင် သင်္ကန်း၊ (၂) ကိုယ်ဝတ်​ဧက​သီ သင်္ကန်း၊ (၃) နှစ်​ထပ်​ဒုကုဋ်​သင်္ကန်းကြီး (၄) သပိတ်၊ (၅) ပဲခွပ်၊ သို့မဟုတ် သင်​ဓုန်း​ထား၊ (၆) အပ်၊ (၇) ခါးပန်း​ကြိုး၊ (၈) ရေ​စစ်-ဓ​မက​ရိုဏ်​ဟူ၍ ပရိက္ခရာ​ရှစ်​ပါး​ရှိ​သည်။ ( ပရိက္ခရာ။) ထို​ပရိက္ခရာ ရှစ်​ပါး​ကို သုံးဆောင်​ကာ​နေထိုင်​ရ​သည်။ ထို​ပြင် (၁) ရဟန်း​ယောကျာ်း၊ (၂) ရဟန်း​မိန်းမ၊ (၃) သာမဏေ​ယောကျာ်း၊ (၄) သာမဏေ​မိန်းမ၊ (၅) ရဟန်း​မိန်းမ လောင်း သေက္ခ​မာန်​မ​ဟူ၍ သီတင်း​သုံးဖော် ငါး​ဦး​ရှိ​သည်။ ထို​သီတင်း​သုံးဖော် ငါး​ဦး​တို့ တစ်​ဦး​ကို တစ်​ဦး အမှီပြု​ကာ နေထိုင်​ရ​သည်။ ယခု​အခါ ရဟန်း​ယောကျာ်း​နှင့် သာမဏေ ယောကျာ်း​နှစ်​ဦး​သာ ရှိ​တော့​သည်။

ထို့​ပြင် ရဟန်း​များ​၏ ကျင့်ဝတ်​သိက္ခာပုဒ်​မှာ​လည်း အကျဉ်း​ချုပ်​အား​ဖြင့် ရဟန်း​ယောကျာ်း​များ​အတွက် နှစ်​ရာ နှစ်​ဆယ် ခုနစ်​ပါး၊ ရဟန်း​မိန်းမ​များ​အတွက် သုံး​ရာ​တစ်​ဆဲ့ တစ်ပါး၊ အကျယ်​အား​ဖြင့် နေ-နတ်-ဦး-တိုင်-၈-နိုင်-မိုး- နံ-ဟုန်-ယာဉ်-ဈာန်၊ မှတ်​ရန် သိက္ခာ​ဂဏန်း​တည်း။ဟု ရှေး​ဆရာ​ကြီး​များ စပ်ဆို​ထား​သည့် ပဋိလောမ​အား​ဖြင့် ကောက်ယူ​ရ​သော ပိဋကတ် သင်္ချာ လင်္ကာ​အရ ကုဋေ ကိုး​ထောင်-တစ်​ရာ-ရှစ်​ဆယ်-ငါး​သန်း-သုံး​သောင်း-ခြောက် ထောင် အရေအတွက်​ရှိ​သည်။ ထို​သိက္ခာပုဒ်​များ​ကို စောင့် ရှောက် ထိန်းသိမ်း​၍ နေ​ရ​သည်။

ထို့​ပြင် ရဟန်း​များ​မှာ (၁) ဂန္ထ​ဓု​ရ-ဘုရား​ဟော ပိဋကတ် ကျမ်းဂန်​တို့​ကို သင်​အံ ပို့ချ ကြည့်​ရှု မှတ်သား​ဆောင်ရွက်​ခြင်း၊ (၂) ဝိပဿနာ​ဓု​ရ-သမ​ထ​ဘာဝနာ၊ ဝိပဿနာ ဘာဝနာ​ကို အားထုတ်​ကြိုးစား ပွား များ​ခြင်း​ဟူ၍ အမြဲ​မ​ပြတ် လုပ်​အပ် သော လုပ်​ငန်း​နှစ်​မျိုး​သာ ရှိ​သည်။ ထို​နှစ်​မျိုး​သော လုပ်​ငန်း​မှ အလွတ်​ဖြစ်​သော လုပ်​ငန်း​များ​ကား ရဟန်း​များ​နှင့် မ​သက် ဆိုင်။ သာသနာ​ပြင်​ပ ဗာ​ဟိ​ရ​လုပ်​ငန်း​များ​သာ ဖြစ်​သည်။ ထို့​ပြင် ကမ္ဘာ​လောက​ကြီး​တစ်​ခု​လုံး​၌ အရောင်အဝါ​ကို ပေး​တတ်​သော နေ၊ လ တို့​သည် (၁) မိုးတိမ်၊ (၂) ဆီးနှင်း၊ (၃) မီးခိုး​နှင့် မြူ၊ (၄) ရာဟု ဤ အညစ်အကြေး​လေး​ပါး တို့​နှင့် တွေ့​ကြုံ​သော​အခါ အရောင်အဝါ မ​ထွန်းလင်း​နိုင်​ကုန်၊ မ​တောက်ပ​နိုင်​ကုန်၊ မ​တင့်တယ်​နိုင်​ကုန်​သကဲ့သို့၊ ထို့​အတူ ရဟန်း​ပုဏ္ဏား​တို့​သည်​လည်း (၁) သေ​အရက်​သောက်​ခြင်း၊ (၂) မေ​ထုတ်​မှီဝဲ​ခြင်း၊ (၃) ရွှေ​ငွေ​ကို သာယာ​ကိုင်​ခံ​ခြင်း၊ (၄) မှားယွင်း​စွာ​အသက်မွေး​မြူ​ခြင်း​ဤ​အညစ်အကြေး​လေး​ပါး​တို့​နှင့် တွေ့​ကြုံ​သော​အခါ သီလ​ရောင်၊ သမာဓိ​ရောင်၊ ပညာ ရောင်​တည်း​ဟူ​သော အရောင်အဝါ​တို့​သည် မ​ထွန်းလင်း​နိုင် ကုန်။ မ​တောက်ပ​နိုင်​ကုန်။ မ​တင့်တယ်​နိုင်​ကုန်။ ထို့​ကြောင့် ရဟန်း​ပုဏ္ဏား​တို့​သည် ယင်း​အညစ်အကြေး လေး​ပါး​တို့​နှင့် ကင်း​လွတ်​အောင် စောင့်ရှောက်​နေထိုင်​ကြ​ရ​သည်။ [၂]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. ဒီဃ​နိ​ကာယ် ၊မဟာ​ဝဂ် ၊ မဟာ​ပ​ဒါန​သုတ်
  2. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၁​၁)